Skip to main content

ဆံပင်နှင့် လက်သည်းကို ကောင်းမွန်စွာရှင်သန်ဖို့ အထောက်အကူပြုသည့် အစားအစာ ၆ မျိုး



လူတစ်ဦးရဲ့အလှကို တန်ဖိုးဖြတ်ရာတွင် ဆံပင်နှင့် လက်သည်းတို့ရဲ့ အလှတရားဟာလည်း အခန်းကဏ္ဍတစ်ခုမှပါဝင်လျက်ရှိပါတယ်။ သို့သော် မျိုးရိုးဗီဇအရသော်လည်းကောင်း၊ ထိန်းသိမ်းနည်း လွဲမှား၍သော်လည်းကောင်း ယနေ့ခေတ် အမျိုးသား၊ အမျိုးသမီးအများစုဟာ ဆံပင်ပါးခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် လက်သည်းအလှအပထိန်းသိမ်းသင့် သည့်အမျိုးသမီးများတွင် လက်သည်းဖွံ့ဖြိုးမှုနှေးကွေးခြင်းနှင့် ခိုင်ခံ့မှုမရှိခြင်းစတဲ့ အလှပပြသနာများကို ရှင်ဆိုင်ရလျက်ရှိပါတယ်။

ဆံပင်နှင့် လက်သည်းအလှအပပြသနာများကို ဖြေရှင်းဖို့ရန်အတွက် အမျိုးအမည်စုံလင်လှတဲ့ အလှပြင်ပစ္စည်းတွေ စူပါမားကတ် အသီးသီးမှာရှိနေကြပေမယ့် အချို့အလှပြင်ပစ္စည်းများက အသုံးပြုသူများကို အထောက်အပံ့မပြုနိုင်တာကြောင့် သုံးစွဲသူများကိုယ်တိုင် သဘာဝကျကျ မိမိတို့ရဲ့အလှအပများကိုထိန်းသိမ်းနိုင်ဖို့ အရေးကြီးလှပါတယ်။


ယခုတစ်ပါတ် NewsWatch ဂျာနယ်ပရိတ်သတ်များကို ဖော်ပြပေးမည့် အစားစာ ၆ မျိုးက အသားရည်လှပစိုပြေစိုဖို့ ထိရောက်စွာ အထောက်ကူမပြုနိုင်သော်လည်း ဆံပင်နှင့် လက်သည်းကို ကျန်းမာသန်စွမ်းပြီး လှပစိုပြေနေစေဖို့ လိုအပ်သည့်ဓါတ်များမှာ အမျိုးမည်တစ်မျိုးတည်းဖြစ်တာကြောင့် ဖော်ပြပါ အထောက်ကူပြုအစားစာများက ပရိတ်သတ်များ၏ ဆံပင်နှင့် လက်သည်းကျန်းမာရေးကို ထိရောက်စွာ အထောက်ကူပြုပါလိမ့်မယ်။


၁။ ဒိန်ချဉ်

အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ပရိတ်သတ်အများစုလည်းကြိုက်နှစ်သက်ကြတဲ့ ဆံပင်နှင့်လက်သည်း ကျန်းမာရေးကို အထောက်ကူပြုတဲ့အစားစာကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်မှာ ဆံပင် ကျန်းမာစွာရှင်သန်ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ ကာရာတင်(keratin) လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ပါဝင်ပါတယ်။ ဆံပင်ဟာ လုံလောက်တဲ့ ပရိုတိန်းဓါတ်ကိုမရရှိပါက ဆံပင်ကျွတ်ခြင်းဆိုတဲ့ ရလဒ်ဆိုးနှင့်ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် မိမိတို့နေ့စဉ်စားသောက် နေတဲ့ မနက်စာထဲမှာ ဒိန်ချဉ်တစ်ဇွန်းခန့် ပါဝင်အောင်စားသောက်နိုင်ပါက ကျန်းမာသန်စွမ်းပြီးလှပတဲ့ ဆံပင်နှင့် လက်သည်းပိုင်ရှင်များဖြစ်လာနိုင်ကြမှာပါ။


၂။ အသား

အနီရောင်အသားလို့ အနောက်တိုင်းမှာခေါ်ဝေါ်ကြတဲ့ အမဲသား၊ ဆိတ်သား အစရှိတဲ့ အသားတွေဟာ ဆံပင်နှင့် လက်သည်းကျန်းမာရေးမှာအရေးပါတဲ့ ပရိုတိန်းဓါတ် နှင့် သံဓါတ်များကွယ်ဝစွာပါဝင်တဲ့ အစားစာတွေဖြစ်တာကြောင့် အခါအားလျော်စွာစားသုံးပေးသင့်ပါတယ်။ လေ့လာဆန်းစစ်ချက်များအရ သံဓါတ်ချို့တဲ့အားနည်းသူများဟာဆံပင်ပါးခြင်းနှင့် ကိုင်လွန်နီချီယား(koilonychia) လို့ခေါ်တဲ့ လက်သည်းရောဂါတစ်မျိုးနှင့်ဆက်စပ်မှုရှိနေတာကိုတွေ့ရပါတယ်။ သို့သော် အမဲသားနှင့် ဆိတ်သားတို့ကို မိမိတို့ ရဲ့နေ့စဉ်ပုံစဉ်အစားသောက်ထဲထည့်သွင်းစားသောက်ဖို့တော့မလိုအပ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ၎င်းအသားတွေမှာ ကျန်းမာရေးနှင့် မသင့်တော်သည့် ပြည့်ဝဆီများနှင့် အခြားဓါတ်များပါဝင်တာကြောင့် အလွန်အကျွံစားသုံးပါက နှလုံးရောဂါအန္တရာယ်နှင့်အခြားရောဂါများကိုဖြစ်ပွားစေနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။


၃။ မက်မွန်သီး

မက်မွန်သီးဟာ ပရိုတိန်းဓါတ်ကြွယ်ဝသော သဘာဝအသီးတစ်မျိုးဖြစ်ရုံသာမက မဂ္ဂနီဆီယန်ဓါတ်များ ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆံပင်နှင့် လက်သည်းကျန်းမာလှပရေးအတွက် အထောက်ကူပြုပါတယ်။ မဂ္ဂနီဆီယမ်ဆိုတာ စိတ်ဖိအားများကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ အဓိကဓါတ်တစ်မျိုးဖြစ်ပြီး ဆံပင်ကျွတ်ခြင်းသည် လူတစ်ဦး၏ခံစားနေရသော စိတ်ဖိအားများပေါ်တွင်အဓိက မူတည်တာကြောင့် မက်မွန်သီးက ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုပါတယ်။ ဒါ့အပြင် လက်သည်းများပေါ်တွင်ဖြစ်ပေါ်တတ်တဲ့ ဒေါင်လိုက်အရေးကြောင်းများဟာ ခန္ဓာကိုယ်အတွင်းမဂ္ဂနီဆီယမ်ဓါတ်မလုံလောက်ခြင်းရဲ့ လက္ခဏာများဖြစ်ပါတယ်။ မဂ္ဂနီဆီယမ် ဓါတ်ကို အစိမ်းရောင်အရွက်များနှင့် ပဲအချို့မှလည်းရရှိနိုင်ပါတယ်။


၎။ ဘီယာ

ဘီယာကတော့ အမျိုးသားပရိတ်သတ်များအကြိုက် ဆံပင်အထောက်ကူပြုအစားစာဖြစ်ပါလိမ့်မယ်။ အစားသောက်နှင့် သီးနှံဆိုင်ရာ သုတေသနပြုသည့် အဖွဲ့စည်းတစ်ခု၏ ထုတ်ပြန်ချက်အရ ဘီယာသည် ဆီလီကွန်ဓါတ်ကြွယ်ဝသည့် အစားစာတစ်မျိုးဖြစ်ပါတယ်။ ဘီယာမှာပါဝင်သည့် ဆီလီကွန်ဓါတ်ဟာ သတ္တုဓါတ်တစ်မျိုးဖြစ်ပြီး ဦးရည်ပြား သွေးသားလည်ပတ်မှုစနစ်ကို ကောင်းစွာအထောက်ကူပြုတာကြောင့်ဆံပင်ကျန်းမာရေးအတွက် လွန်စွာကောင်းမွန်တာကိုတွေ့ရတယ်ဟု ဝါရှင်အခြေစိုက်လေဆာကုထုံးကျောင်းနှင့် ဂျွန်ဟော့ကင်းတက္ကသိုလ်အရေးပြားရောဂါဗေဒဆိုင်ရာဌာန တို့မှ အကြီးကဲဖြစ်သူ ရီဘက်ကာခိုင်ဇင် ကအတည်ပြုပြောကြားထားပါတယ်။ သို့သော်လည်း ဆံပင်ကျန်းမာရေးအကြောင်းပြကာ NewsWatch ဂျာနယ်အမျိုးသားပရိတ်သတ်များဘီယာအလွန်အကျူးသောက်သုံးမယ်ဆိုရင်တော့မှားသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ကျွမ်းကျင်သူများရဲ့ အဆိုအရ အမျိုးသမီးတစ်ဦးအနေဖြင့် တစ်ရက်လျှင် ဘီယာ တစ်ခွက်နှင့် အမျိုးသားတစ်ဦးလျှင် ဘီယာ ၂ ခွက်ခန့်သောက်သုံးပါက နေ့စဉ်လိုအပ်သော ဆီလီကွန်ဓါတ်များ လုံလောက်စေနိုင်သည်ဟု ထုတ်ပြန်ထားပါတယ်။


၅။ နွားနို့

နွားနို့ဟာ ဆံပင်ကျန်းမာရေးအတွက် အထောက်ကူပြုသည်ဆိုသည့်အချက်ကို သိရှိ၍များ သမ္မတကြီးက နိုင်ငံသားများကို နွားနို့သောက်ခိုင်းသည်လားဆိုသည့်အချက်ကတော့ အတွေးပွားစရာပါ။ ဘာကြောင့်လဲဆိုရင် တိကျခိုင်မာသော သက်သေပြချက်များထုတ်ဖော်ပြောဆိုနိုင်ရန်လေ့လာဆန်းစစ်ချက်များပြုလုပ်ရန်လိုအပ်လျက်ရှိနေသေးသော်လည်း အချို့သော လေ့လာမှုများအရ နွားနို့တွင်ပါဝင်သော ဗိုက်တာမင်ဒီ နှင့် ဆံပင်ကျွတ်ခြင်း တို့ဟာ ဆက်စပ်မှုရှိနေတာကြောင့်ပါ။ ဆံပင်ကျန်းမာရေးချို့တဲ့သည့် အမျိုးသမီးအများစုတွင် ရှိသော ဗိုက်တာမင် ဓါတ်ပမာဏသည် ဆံပင်ကျန်းမာရေးကောင်းမွန်သည့် အမျိုးသမီးများထက် ချို့တဲ့သည်ဆိုသည့်အချက်ကိုတော့ အရေပြားလေ့လာရေးဆေးအဖွဲ့များက အတည်ပြုချက်ရယူနိုင်ခဲ့ပြီးဖြစ်သော်လည်း နွားနို့အပြင် မိမိတို့၏ဆရာဝန်များနှင့်တိုင်ပင်ကာ အခြားသောဆေးဝါးနှင့် သဘာဝပစ္စည်းများမှလည်း ဗိုက်တာမင်ဒီ ဓါတ်ကို ရယူနိုင်ကြပါတယ်။


၆။ ဥများ

ကြက်ဥ၊ ဘဲဥ အစရှိတဲ့ ဥများမှာ ပရိုတိန်းဓါတ်နှင့် ဗိုက်တာမင်ဒီ ဓါတ်အချို့လည်း ပါဝင်သည့်အပြင် ဘိုင်အိုတင် လို့အမည်ရတဲ့ ဗိုက်တာမင်ဘီ အရောနှောတွေပါဝင်ပါတယ်။ ဘိုင်အိုတင် စဟာ ဆံပင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာရာတင် ဓါတ်ကို ဖြစ်ထွန်းစေနိုင်ပါတယ်။ ဘိုင်အိုတင်ဓါတ်ချို့ယွင်းသူများဟာလည်း ဆံပင်ကျွတ်ခြင်းကိုခံစားရတတ်တာကြောင့် ဆံပင်ကျန်းမာရေးအတွက် ဥများစားသုံးသင့်ပါတယ်။


အောင်ဟိန်းခိုင်


News Watch(စောင့်ကြည့်သတင်းဂျာနယ်)

http://ift.tt/1tZU6ML







from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1r5gz8M

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...