Skip to main content

ပြည်တွင်းဖြစ်ပဲ သောက်ကြပါ စည်သူအောင်မြင့် ဇွန်လ ၂ ရက်ထုတ် အစိုးရပိုင် မြန်မာ့အ...



ပြည်တွင်းဖြစ်ပဲ သောက်ကြပါ



စည်သူအောင်မြင့်



ဇွန်လ ၂ ရက်ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ-၄ မှာ ထူးခြားတဲ့ ကြော်ငြာလိုလို၊ သတိပေးချက်လိုလို ကြေညာချက်တစ်ခု စာလုံးကြီးတွေနဲ့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဖတ်ကြည့်ကြရအောင်။ ခေါင်းစဉ်က “တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များ ရောင်းဝယ် ဖောက်ကားမှုအပေါ် သတိပြုရန်”လို့ တပ်ထားပါတယ်။ အောက်မှာဆက်ပြီး ဖော်ပြထားတာက “ယခုအခါ တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့်၊ စီးကရက် အမြောက်အမြား ပြည်ပမှ ပြည်တွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက်လျက်ရှိပါသည်။



“ယင်းပစ္စည်းများသည် ကြီးကြပ်ကန့်သတ်မှုဖြင့် ပြည်တွင်း၌ တရားဝင်ထုတ်လုပ်၍ အခွန်ပေးဆောင်နေသော လုပ်ငန်းများကို နစ်နာစေကြောင်း တွေ့ရပါသည်။ ၎င်း တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို ရောင်းဝယ်ဖောက်ကားနေခြင်းသည် ဥပဒေကို ဖောက်ဖျက်နေခြင်းပင်ဖြစ်ရာ ထိုသို့ ဆောင်ရွက်မှုအားလုံးကို ရပ်တန့်ကြပါရန် သတိပေးနှိုးဆော်ပါသည်” ဆိုပြီး ဖော်ပြပါရှိပါတယ်။ ဒါဘာ ကြော်ငြာလဲ၊ ဘယ်သူက ထည့်တာလဲ၊ ဘာရည်ရွယ်ချက်နဲ့လဲ၊ ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။



ပထမ ဆွေးနွေးဖို့လိုတာက ဒီကြေငြာစာကို ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ထည့်သွင်းသလဲ ဆိုတာပါ။ ကြေညာစာမှာ ဘာမှ ဖော်ပြမထားပါဘူး။ တရားမ၀င်မှောင်ခို ကုန်ကူးသန်းတာနဲ့ ပတ်သက်ပြီး အရေးယူနေတဲ့ စီးပွား-ကူးသန်း ၀န်ကြီးဌာနက ထည့်တာလား၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ အရက်ထုတ်သူဌေးကြီး ဦးအောင်မိုးကျော်တို့ရဲ့ IBTC ကုမ္ပဏီကြီး တစ်ခုခု ဒါမှမဟုတ် ပူးပေါင်းပြီး ထည့်တဲ့ ကြော်ငြာလား၊ ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်မရလို့ ကြော်ငြာထည့် သတိပေးတာလား၊ ဒါမှမဟုတ် လက်ရှိ စည်းမျဉ်းစည်းကမ်းတွေအရ ဟိုတယ်ခရီးဝန်ကြီးဌာန ထောက်ခံချက်နဲ့ အရက်၊ ဘီယာ၊ ၀ိုင်၊ စီးကရက်တွေကို တင်သွင်းခွင့်ရနေတဲ့ လက်တစ်ဆုပ်စာ စီးပွားရေးသမားတွေက ထည့်တာလား ဘာမှ သဲသဲကွဲကွဲ မသိရပါဘူး။



ပြောရရင် စာထဲမှာ ကြီးကြီးကျယ်ကျယ်တွေ ရေးထားပေမယ့် ဘယ်သူက ထုတ်ပြန်တာ ဖော်ပြမထားတော့ ဒါဟာ “ပစ်စာ” သာသာပါပဲ။ အရေးကြီးတာက ကြော်ငြာစည်းကမ်းချက် အလွန်တင်းကျပ်ပါတယ်ဆိုတဲ့ အစိုးရပိုင် သတင်းစာဟာ ဒီလိုဘယ်သူက ကြော်ငြာတယ်၊ မဖော်ပြ၀ံ့တဲ့ ပစ်စာဆန်ဆန် ကြော်ငြာမျိုးကို ဘာကြောင့် ထည့်သွင်းပေးရသလဲ ဆိုတာပါ။ ဒီကြော်ငြာနဲ့ ပတ်သက်ပြီး အစိုးရသတင်းစာမှာ ဗိုင်းရပ်စ် ရှိနေတယ်၊ မရိုးမသားလုပ်ပြီး ကြော်ငြာထည့်သွင်းခွင့်ပေးလိုက်တယ်ဆိုတာကတော့ ပေါ်လွင်ပါတယ်။ ဒါက တစ်မှုပါ။



နောက်ပြဿနာတစ်ခုက ဒီကြော်ငြာပိုင်ရှင်တွေအနေနဲ့ လတ်တလော ကုန်တိုက်တွေ၊ စတိုးဆိုင်တွေ၊ လစ်ကွာဟောက်စ်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်တွေကို ပြဿနာရှာချင်တဲ့ သဘောပါ။ ပြီးခဲ့တဲ့နှစ်က စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်ကိုယ်တိုင် ဖမ်းဆီး ပြဿနာရှာခဲ့ပြီး ယာယီသဘော ငြိမ်သက်နေတဲ့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင် ရောင်းချနေမှုကို ရုတ်ရုတ်သဲသဲ ပြန်ဖြစ်အောင်လုပ်တဲ့ သဘောထားမျိုး အဲဒီကြော်ငြာမှာ တွေ့ရလို့ပါပဲ။မှန်ပါတယ်။ ကြော်ငြာမှာ ဖော်ပြထားသလို “တရားမ၀င် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များကို ရောင်းဝယ် ဖောက်ကားနေခြင်းသည် ဥပဒေကို ဖောက်ဖျက်နေခြင်းပင် ဖြစ်သည်” ဆိုတာ အလွန်မှန်ပါတယ်။ အဲဒါဆို နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်တွေ တရားဝင် ဘယ်နေရာမှာ သွားဝယ်လို့ ရပါသလဲဆိုတာ အရင်မေးရမလို ဖြစ်နေပါတယ်။ ဇာတ်ကြောင်းကို ပြန်ကောက်ရရင် အရင်စစ်အစိုးရဟာ မြန်မာနိုင်ငံထဲ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင် တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားပါတယ်။ အဲပြည်တွင်းကို လာလည်တဲ့ နိုင်ငံခြားသားတွေ သောက်ချင်သောက်လို့ရအောင်ဆိုပြီး လေဆိပ် အခွန်လွတ်ဆိုင်တွေနဲ့ ဟိုတယ်တချို့ကိုတော့ ရောင်းချခွင့်ပြုပါတယ်။ အဲဒီအတွက် ဟိုတယ်-ခရီးဝန်ကြီးဌာန ထောက်ခံချက်နဲ့ လိုင်စင်ယူပြီး နိုင်ငံခြားကနေ အရက်၊ ဘီယာ၊ ၀ိုင် တင်သွင်းရပါတယ်။ လက်တစ်ဆုပ်စာ စီးပွားရေးသမားတွေ အခွင့်အရေးရကြပါတယ်။ ကျန်တဲ့ တစ်တိုင်းပြည်လုံးက သန်း ၆၀ သော ပြည်သူတွေကိုတော့ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်တွေ မသောက်ကြနဲ့။ စစ်တပ်ပိုင် ဦးပိုင်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနဲ့ သူဌေးကြီး ဦးအောင်မိုးကျော်တို့လို IBTC က ထုတ်တဲ့ အရက်တွေ၊ ဘီယာတွေပဲ သောက်ကြပါ၊ အေးသာယာဝိုင်တွေ မက်မန်းဝိုင်တွေပဲ သောက်ကြပါလို့ အမိန့်ထုတ်ပြန်ထားတာပါ။ ဒါကြောင့် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်တွေ လုံးဝ တင်သွင်းခွင့်ပေးမထားသလို၊ ဘယ်ကုန်တိုက်၊ စတိုးဆိုင်၊ လစ်ကွာဟောက်စ်တွေကိုမှလည်း ရောင်းချခွင့် ပေးမထားတဲ့သဘောပါပဲ။



တကယ်တော့ အဲဒီဥပဒေ တရားမျှတမှု မရှိ၊ မှန်ကန်မှု မရှိ၊ ပြည်သူတွေ လိုက်နာဖို့ မဖြစ်နိုင်ဆိုတာ အလွန် ထင်ရှားပါတယ်။ အဲဒီလို အဓိပ္ပာယ်မဲ့တဲ့ ဥပဒေ၊ စည်းကမ်းတွေကို ဈေးကွက်စီးပွားရေးစနစ်ကို တကယ် ကျင့်သုံးပါတော့မယ်လို့ ကြွေးကြော်တဲ့ သမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်မှာလည်း ဆက်ပြီး ကျင့်သုံးပါတယ်။ အကျိုးဆက်ကတော့ ဒီကနေ့ ကုန်တိုက်တွေ၊ စတိုးဆိုင်တွေ၊ လစ်ကွာဟောက်စ်တွေ စားသောက်ဆိုင်တွေမှာ ရောင်းချနေတဲ့ ရက်ဘ်လေဘယ်လ်၊ ဘလက်လေဘယ်လ်၊ ဟင်နီကင်၊ ဘီယာချန်း အားလုံး တရားမ၀င်တွေချည်းပါပဲ။ အားလုံး မှောင်ခို ခိုးသွင်းလာတာတွေ ချည်းပါပဲ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတော့ ၀န်ကြီးဦးဝင်းမြင့် ဦးဆောင်တဲ့ စီးပွား-ကူးသန်းက မှောင်ခိုဖမ်းတဲ့ Mobile Team ဟာ အရက်၊ ဘီယာ၊ ၀ိုင် သိုလှောင်ရုံတချို့ကို ၀င်ဖမ်းလိုက်ပါသေးတယ်။ အဓိပ္ပာယ်ကတော့ ငါတို့ ဖမ်းချင်ရင် အချိန်မရွေး ဖမ်းလို့ရတယ်ဆိုပြီး ကိုယ်နဲ့ သိပ်အဆင်မပြေသူတွေကို ပညာပေးလိုက်တဲ့ သဘောပါပဲ။ ဒါနဲ့ပဲ ရန်ကုန်မှာ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင် ရောင်းချတာတွေ ချောက်ချောက်ချားချား ဖြစ်သွားပါသေးတယ်။ နောက်တော့ ၀န်ကြီးဦးဝင်းမြင့်က နိုင်ငံခြားကနေ အရက်၊ ဘီယာ၊ ၀ိုင် တင်သွင်းခွင့်ပေးဖို့ ပြည်သူတွေ ပါဝင်တဲ့ အလုပ်ရုံဆွေးနွေးပွဲ လုပ်နေတယ်ဆိုပြီး သတင်းထုတ်ပြန်ပါတယ်။ နောင်ဆို အရက်ဘီယာ တင်သွင်း ခွင့်ပေးဖို့ ပြည်သူ့ဆန္ဒခံယူပွဲ လိုတယ်ဆိုပြီး ပြောလေဦးမလား မသိနိုင်ပါဘူး။



တကယ်ဆို ဈေးကွက်စီးပွားရေးစနစ်နဲ့လျော်ညီအောင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်တွေကို နိုင်ငံတကာနည်းတူ တရားဝင် တင်သွင်းခွင့်ပေးဖို့ပဲရှိပါတယ်။ ဒါပေမဲ့လည်း ၀န်ကြီးဦးဝင်းမြင့်နဲ့ စီးပွား-ကူးသန်း ၀န်ကြီးဌာနဟာ စစ်တပ်ပိုင်နဲ့ ခရိုနီတွေပိုင် အရက်၊ ဘီယာထုတ်လုပ်ငန်းတွေ ထိခိုက်မှာစိုးလို့ အချိန်ဆွဲနေတာလား၊ မ၀ံ့မရဲ ဖြစ်နေတာလား မေးခွန်းထုတ်စရာ ဖြစ်နေပါကြောင်း သုံးသပ်တင်ပြလိုက် ရပါတယ်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1rFsWO4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...