ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်း အပြီးသတ်လူစာရင်းမှ အဓိကတိုက်စစ်မှူးဖယ်လ်ကာအို ချန်လှပ်ခံရ
ကိုလံဘီယာအသင်း၏ အဓိကတိုက်စစ်မှူး ဖယ်လ်ကာအိုသည် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်အသင်း၏ အပြီးသတ်(၂၃)ဦးစာရင်းမှ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။
ဖယ်လ်ကာအိုသည် ၎င်း၏ ကလပ်မိုနာကိုအသင်း၏ ပြင်သစ်လီဂူးပွဲစဉ်တစ်ပွဲတွင် ပါဝင်ကစားရင်း ဒူးဒဏ်ရာပြင်းထန်စွာရရှိခဲ့ ခြင်းဖြစ်ပြီး ဇန်န၀ါရီလကတည်းက အနားယူနေခဲ့ရသူဖြစ်သည်။
ဖယ်လ်ကာအိုသည် လက်ရွေးစင်အသင်းပဏာမစာရင်းတွင် ရွေးချယ်ခံခဲ့ရသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြံ့ခိုင်မှုမပြည့်ဝခြင်းကြောင့် အပြီးသတ်လူစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းဖြစ်သည်။
ဖယ်လ်ကာအိုသည် ကိုလံဘီယာလက်ရွေးစင်အသင်းနည်းပြ ပီကာမန်နှင့်အတူ ယနေ့(၃-၆-၂၀၁၄)မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ အပြီးသတ်လူစာရင်းမှ ချန်လှပ်ခံခဲ့ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
(သတင်းစာရှင်းလင်းပွဲ ရောက်ရှိလာသည့် ဖယ်လ်ကာအိုနှင့် ကိုလံဘီယာ လက်ရွေးစင်အသင်းနည်းပြ ပီကာမန် (Photo:AFP))
from Eleven Media Group's Facebook Wall http://ift.tt/1oqAy18
Comments
Post a Comment