Skip to main content

မြန်မာ့ဆေးဝါးစက်ရုံ ပိုလျှံမြေကိစ္စ မြေယာစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့် စစ်ဆေးမည...



မြန်မာ့ဆေးဝါးစက်ရုံ ပိုလျှံမြေကိစ္စ မြေယာစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့် စစ်ဆေးမည်



မန္တလေး၊ ဇွန် ၂



မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က လုပ်ကိုင်လျက်ရှိသော မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ မြန်မာ့ဆေးဝါးစက်ရုံပိုင် ပိုလျှံမြေများများနှင့် ပတ်သက်ပြီး မူလတောင်သူများနှင့် အငြင်းပွားနေသည့် ကိစ္စ ကျေးရွာ/မြို့နယ်/ခရိုင် မြေယာစီမံခန့်ခွဲမှု ကော်မတီများက ဇွန်လ ပထမပတ်အတွင်းမှ စတင်ကာ ပြန်လည်စိစစ် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆေးဝါးစက်ရုံ (ပြင်ဦးလွင်) စက်ရုံမှူး ဦးသန်းထူးက The Voice သို့ ပြောကြားသည်။



မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ပြီးခဲ့သည့် မေလကုန်ခန့်တွင် ရောက်လာပြီး ယင်းမြေယာကိစ္စများကို ပြန်လည်စိစစ်ပေးရန် ညွှန်ကြားချက်အရ မြေယာစီမံခန့်ခွဲမှု ကော်မတီ အဆင့်ဆင့်က ဆောင်ရွက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



ယင်းဆေးဝါးစက်ရုံ ပိုလျှံမြေများနှင့် ပတ်သက်၍ မေလ ၂၃ ရက်နေ့ နံနက်က ပြင်ဦးလွင်မြို့ ညံညင်းသာကျေးရွာ၊ ကန်ကြီးကုန်းကျေးရွာ၊ စည်ကားကျေးရွာ၊ မြတ်မင်္ဂလာကျေးရွာ၊ အောင်ချမ်းသာ ကျေးရွာတို့မှ တောင်သူအင်အား ၁၀၀ ခန့်သည် ယင်းပိုလျံမြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေ ခုတ်ထွင်ရှင်းလင်းရေး လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။



ယင်းပိုလျှံမြေများနှင့် ပတ်သက်၍ ပြန်လည်ပေးအပ်ရန် သို့မဟုတ် သင့်လျော်သော မြေယာလျော်ကြေး ပေးရန် ကိစ္စကို အထက်အဆင့်အဆင့်သို့ တင်ပြထားကြောင်း စက်ရုံမှူး ဦးသန်းထူးက ပြောကြားသည်။



ပြင်ဦးလွင်ရှိ တောင်သူများ ပိုင်ဆိုင်သော မြေဧက ၃၆၀ ကျော်ကို ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနက သိမ်းယူခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီးဌာနက လွှဲပြောင်းရယူကာ မြန်မာ့ဆေးဝါးစက်ရုံ (ပြင်ဦးလွင်) ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ဆက်လက်လုပ်ကိုင်လျက် ရှိသည်။



ယင်းစက်ရုံမှ ပိုလျှံမြေများကို လုံခြုံမှု ရှိစေရန်အတွက် ခြံစည်းရိုး ကာရံမည် ဖြစ်ကြောင်း မြန်မာ့ဆေးဝါးစက်ရုံ (ပြင်ဦးလွင်) ထံမှ သိရှိရသည်။



ယင်းမြေယာ အငြင်းပွားမှုများနှင့် ပတ်သက်ပြီး စက်ရုံ တာဝန်ရှိသူများနှင့် တောင်သူများ ညှိနှိုင်းနေဆဲ ဖြစ်ကာ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးဟု ယင်းတောင်သူများထံမှ သိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1kkMyTG

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...