Skip to main content

နိုင်ငံတကာသတင်းတိုများ အယ်လ်ကိုင်ဒါလေးဦးကို ဖမ်းဆီး ယီမင်နိုင်ငံ တောင်ပိုင်းေ...



နိုင်ငံတကာသတင်းတိုများ



အယ်လ်ကိုင်ဒါလေးဦးကို ဖမ်းဆီး



ယီမင်နိုင်ငံ တောင်ပိုင်းဒေသဟာ ဒရာမောင့်သ်ပြည်နယ်ရှိ ဟိုတယ်တစ်ခု အတွင်းသို့ ရဲတပ်ဖွဲ့များ ၀င် ရောက်စီးနင်းရာ ယီမင်အခြေစိုက် အယ်လ်ကိုင်ဒါ အဖွဲ့ဝင်လေးဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း လုံခြုံရေး အာဏာပိုင်များက ဇွန်လ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



သေနတ်မတော်တဆကျည်ထွက် လူများဒဏ်ရာရ



တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် နိုင်ငံတကာ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် မူကြိုကျောင်းတွင် လုံခြုံ ရေးသရုပ်ပြပွဲပြုလုပ်ရာ၌ ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်မှ မတော်တဆ ကျည်ထွက်သွားခဲ့ရာ ကလေးငယ်တစ်ဦးနှင့် မိဘလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အာဏာပိုင်များကဆိုသည် ဟု ဇွန်လ ၂ ရက်က အေအက်ဖ်ပီ သ တင်းတစ်ရပ်တွင် ဖော်ပြထားသည်။



အာဆတ်စည်းရုံးရေးစတင်



ပြည်သူများကြားမှ ပျောက်ကွယ်နေသော ဆီးရီးယားသမ်္မတ အာဆတ်က ယခင်ပုံစံများနှင့်မတူ ယုံကြည် ချက်ပြည့်ဝစွာဖြင့် ပြည်သူများကြား ထဲ ပြန်လည်ပေါ်ထွက်လာခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူ အက်စ်မာနှင့်အတူ ဇွန် ၃ ရက်တွင် ကျင်းပပြုလုပ်မည့် သမ်္မတ ရွေးကောက်ပွဲအတွက် စည်းရုံးလှုံ့ဆော်ရေးများ စတင်ဆောင် ရွက်နေပြီ ဖြစ် သည်ဟု ဇွန်လ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ခရစ်ယာန်သာသနာပြုပုဂ်္ဂိုလ်အားပြန်လွှတ်ပေးရန် တောင်းဆို



မြောက်ကိုရီးယားနိုင်ငံ တရားရုံးတော်မှ မေလ ၃၀ ရက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ချမှတ်ထားသော တောင်ကိုရီးယား ခရစ်ယာန်သာသနာပြု ပုဂ်္ဂိုလ် ကင်ဂျုံဥခ်အား ပြန်လွှတ် ပေးရန် တောင်ကိုရီးယားမှမြောက်ကိုရီးယားသို့ တောင်းဆိုခဲ့သည်ဟု ဇွန်လ ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ကားတိုက်မှုကြောင့် ၁၃ ဦးသေ



ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဇွန်လ ၂ ရက်၌ ဗင်ကားတစ်စီးနှင့်ကုန် တင်ကားတစ်စီးတို့ တိုက်မိရာ ဗင်ကား မှ ဗီယက်နမ်လူမျိုး ၁၃ ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုကြောင်း ဇွန် ၂ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ချိုင်ယာဖန် ဒေသတွင်ဖြစ်ပွားခဲ့သော ယင်းအမှုတွင် အခြားလူလေး ဦးလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1tDnFlJ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...