Skip to main content

အမြန်လမ်းသွားရာ လမ်းဘေးရှိ လယ်မြေဈေးနှုန်း တစ်နှစ်အတွင်း ငါးဆမြင့်တက် တောင်ငူ၊...



အမြန်လမ်းသွားရာ လမ်းဘေးရှိ လယ်မြေဈေးနှုန်း တစ်နှစ်အတွင်း ငါးဆမြင့်တက်



တောင်ငူ၊ ဇွန် ၂



ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တက်သည့် လမ်းများနံဘေးရှိ လယ်ယာမြေများကို စီးပွားရေး လုပ်ငန်းရှင်ကြီးများက စက်ရုံအလုပ်ရုံများ တည်ဆောက်ရန် ဝယ်ယူမှု မြင့်တက်လာခြင်းကြောင့် လယ်တစ်ဧက ဈေးနှုန်းသည် တစ်နှစ်အတွင်း ငါးဆနီးပါး မြင့်တက်ခဲ့ကြောင်း ဖြူးမြို့ဒေသခံ အိမ်ခြံမြေ အရောင်းအဝယ် သမားများနှင့် ဒေသခံများက ပြောကြားသည်။



ယမန်နှစ်က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ် မင်းဂံရိုး ကျေးရွာအုပ်စု ဒိုင်းတရာ၊ ဆားကုန်း၊ ရေလျှံကြီးကျေးရွာနှင့် ခရမ်းကျေးရွာ အနီးတစ်ဝိုက်ရှိ လယ်ယာမြေများကို တစ်ဧက ငွေကျပ် သိန်း ၄၀ အထိသာ ပေးဝယ်ယူခဲ့ကြသော်လည်း ယခုနှစ် အစောပိုင်းမှ စတင်ကာ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက သောက်ရေသန့် စက်ရုံနှင့် သောက်ရေသန့် ကော်ဘူး ထုတ်လုပ်သည့် စက်ရုံကြီးတစ်ခု တည်ဆောက် ဖွင့်လှစ်ခဲ့သည့် နောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပြုလိုသူအချို့နှင့် စားသောက်ဆိုင် ဖွင့်လှစ်လိုသူများမှ အလုံးအရင်းလိုက် ဝယ်ယူ ရင်းနှီးမြှုပ်နှံခဲ့ကြခြင်းကြောင့် လက်ရှိတွင် ကတ္တရာလမ်းဘေး လယ်မြေ တစ်ဧကလျှင် ငွေကျပ် သိန်း ၂၀၀ မှ ၂၅၀ အထိ ပေါက်ဈေး ရှိလာကြောင်း ဖြူးမြို့ ပဲခူးလမ်းနေ အိမ်ခြံမြေ ပွဲစားတစ်ဦးက ပြောကြားသည်။



“ရွာထဲမှာ လယ်ရောင်းချပြီး တခြားစီးပွားရေးလုပ်ငန်း ပြောင်းလုပ်သူတွေ များလာတယ်။ လယ်တစ်ဧက ရောင်းရင် လယ်သမားဘဝမှာ မမြင်နိုင်တဲ့ ငွေကြေးကို မြင်လာရတာလည်း ပါတာပေါ့။ ရွာထဲက လမ်းဘေးမှာ လယ်ရှိတဲ့သူ တော်တော်များက အကုန်ရောင်းချကုန်ပြီ” ဟု ဖြူးမြို့နယ် မင်းဂံရိုးကျေးရွာအုပ်စု ဒိုင်းတရာကျေးရွာမှ ဒေသခံလယ်သမားကြီး ဦးအနီးကူးမားက ဆိုသည်။



ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် ၂၀၀၉ ခုနှစ်က ဖွင့်လှစ်ခဲ့သော အမြန်လမ်းမကြီး ၁၁၅ မိုင် ယာဉ်ရပ်နားစခန်း အကြားရှိ ယင်းကျေးရွာများ ဝန်းကျင်ရှိ ကတ္တရာလမ်းမဘေး တစ်လျှောက် လူနေထိုင်မှု များပြားလာခြင်းကြောင့် မဟုတ်ဘဲ ရင်းနှီမြှုပ်နှံသူ အချို့ကြောင့် ယခုကဲ့သို့ လယ်မြေဈေးနှုန်းများ မြင့်တက်ခဲ့ရသော်လည်း လက်ရှိတွင် လယ်မြေ အရောင်းအဝယ်မှာ ထင်သလောက် မရှိကြောင်း ဖြူးဒေသခံ အိမ်ခြံမြေပွဲစား အချို့က ဆိုသည်။



အရှည် သုံးမိုင် လေးဖာလုံခန့် ရှိသော အဆိုပါ လမ်းမကြီးဘေးတစ်လျှောက် လယ်ယာမြေ တစ်ဧက ဈေးနှုန်းသည် တစ်ဧကကို ငွေကျပ် သိန်း ၂၅၀ ခန့် ဈေးခေါ်နေကြသော်လည်း အမှန်တကယ် ငွေချဝယ်ယူနိုင်ပါက သိန်း ၁၈၀ ခန့်ဖြင့် ရရှိနိုင်ကြောင်းနှင့် လက်ရှိတွင် လမ်းဘေး လယ်မြေ သုံးပုံနှစ်ပုံခန့်မှာ အရောင်းအဝယ် ဖြစ်ပြီးသား မြေကွက်များ ဖြစ်ကြောင်း ဖြူးဒေသခံ ဦးခင်ဇော်က ပြောကြားသည်။



ရန်ကုန်-မန္တလေး အမြန်လမ်း မပေါ်ပေါက်ခင်က အဆိုပါ ကျေးရွာများသည် ဖြူးမြို့ပေါ် သွားရန်ပင် မလွယ်ကူဘဲ လယ်ယာမြေ တစ်ဧက ဈေးနှုန်းသည် ငွေကျပ် ငါးသိန်းထက် ပိုမပေးခဲ့ရသော်လည်း အမြန်လမ်းမကြီး တည်ဆောက်အပြီး လမ်းဟောင်းနှင့် လမ်းသစ်ကူးရာ ကတ္တရာလမ်း ဖောက်လုပ်ပြီးချိန်မှ စ၍ လမ်းဘေးကျသော လယ်မြေဈေးနှုန်းများ တစ်ဆထက်တစ်ဆ မြင့်တက်ခဲ့ကြောင်း ၁၁၅ မိုင် ယာဉ်ရပ်နားစခန်းနှင့် ပိုမိုနီးကပ်သော လယ်ယာမြေများသည် တစ်ဧက ကျပ်သိန်းရာချီ ခေါ်ယူနေကြကြောင်း ဖြူးဒေသခံများနှင့် အဆိုပါ အနီးတစ်ဝိုက်ရှိ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1n7an0j

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...