Skip to main content

စိတ်ဖိစီးမှု ဖြစ်ခြင်းနှင့် ဆက်နွယ်နေသော ရောဂါများ







နေပြည်တော် ၊ ဒီဇင်ဘာ ၂၁

လူတိုင်းလိုလို၌ စိတ်ဖိစီးမှု အနည်းနှင့် အများရှိတတ်သည်။ အချို့က ''စိတ်ဖိစီးမှုဆိုတာ မဖြစ်သင့်ဘူး။ ကြုံတွေ့လာတဲ့ ပြဿနာကို ဖြေရှင်းလိုက်ရင် ပြီးတာပဲလို့ ဆင်ခြေပေးကြ ပြန်သည်။


သို့ပေမဲ့ ပြဿနာဆိုတာက ဖြေရှင်းတိုင်း အောင်မြင်မှု မရတတ်ပါ။ စိတ်ဖိစီးမှု ဆိုတာ ဝီရိယကြောင့်ဆိုလျှင် စာမေးပွဲအတွက် စိတ်ဖိစီးမှု အနည်းငယ်ရှိမှသာ စာကျက်နိုင်ပါ လိမ့်မည်။ သို့မှသာ စိတ်ပိုင်းဆိုင်ရာ အခြေအနေများကိုလည်း မြှင့်တင်နိုင်မည် ဖြစ်သည်။


''ကျန်းမာခြင်း ဆိုသည်မှာ ရောဂါဝေဒနာ ကင်းရှင်းပြီး ကိုယ်အင်္ဂါချို့တဲ့မှု မရှိရုံမျှမက ကိုယ်ကျန်းမာမှုနှင့် ပြည့်စုံခြင်း၊ စိတ်ချမ်းသာမှု ရှိခြင်း၊ ပတ်ဝန်းကျင်နှင့် ပေါင်းသင်းဆက်ဆံမှု အဆင်ပြေ ကောင်းမွန်ခြင်းတို့ ဖြစ်ပါတယ်''ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားသည့် အတွက် စိတ်ကျန်းမာရေးသည် အရေးကြီးပါသည်။ စိတ်နှင့် ကျန်းမာရေး ကဏ္ဍလောကတွင် စိတ်ပျိုကိုယ်နု ဆိုသလို ကျန်းမာခြင်း၊ ခွန်အားသန်စွမ်းခြင်း၊ နုပျို လန်းဆန်းခြင်းတို့သည် စိတ်၏ လန်းဆန်းပျော်ရွှင်မှု အပူအပင်ကင်းမှု၊ စိတ်တည်ငြိမ်မှုတို့ အပေါ် မူတည်နေသည်။


စိတ်ညစ်ညူးခြင်း ပူပင်သောက ရောက်ခြင်း၊ ကြောက်လန့်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်း တို့သည် ခန္ဓာကိုယ်တွင် ပြောင်းလဲမှု အမျိုးမျိုး ပေါ်ပေါက်စေ၍ ရောဂါ အထွေထွေ ဖြစ်ပေါ်လာစေသည်။ ''စိတ်နွမ်းလူပန်းဖြစ်ပြီး ဥပါဒါန်ကြောင့် ဥပဒ်ရောက်၊ စိတ်ထောင်းကိုယ်ကြေ'' စသည့် စကားများကို ကြည့်လျှင် စိတ်ချမ်းသာရန် လိုအပ်သည်။ စိတ်ကြောင့်ဖြစ်သည့် ရောဂါများ၊ စိတ်ကြောင့် ခန္ဓာကိုယ် လုပ်ငန်းဆောင်တာ ချို့တဲ့ခြင်းကြောင့် မသန်စွမ်း ဖြစ်စေတတ်သည်။ စိတ်ညစ်ညူးခြင်း၊ စိုးရိမ် ပူပင်သောက လွန်ကဲခြင်း၊ စိတ်လှုပ်ရှားမှု ပြင်းထန်ခြင်း၊ ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ဓာတ်ကျခြင်း စသည့် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ငန်း ဆောင်တာများ ချို့တဲ့ပြီး ဝေဒနာအစုံစုံ၊ ရောဂါအဖုံဖုံ ဖြစ်စေတတ်သည်။ အိပ်မပျော်ခြင်း၊ မောပန်းလွယ်ခြင်း၊ အသက်ရှူမဝခြင်း၊ လည်ချောင်းနာခြင်း၊ မူးဝေခြင်း၊ နှလုံးတုန် ရင်ခုန်ခြင်း၊ ဇက်ကြောထိုး၊ နောက်ကြောတက်ခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း၊ ကြို့ထိုးခြင်း၊ ခန္ဓာကိုယ်အနှံ့ ကြွက်တက်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ တစ်ကိုယ်လုံး ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ ပန်းနာရင်ကျပ်ခြင်း၊ အမြဲထိတ်လန့် ကြောက်ရွံ့ခြင်း၊ အဆုတ်ရောဂါ ပိုမိုဆိုးရွားလာခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့ ဖြစ်ခြင်း၊ ရုတ်တရက် လေဖြတ်ခြင်း၊ သွေးလန့် သတိလစ်ခြင်း၊ မေ့မြောခြင်း စသည့် ရောဂါ လက္ခဏာများ ဖြစ်ပွားတတ်သည်။ စိတ်ဝေဒနာ ဖြစ်ရခြင်းမျိုးရိုး ဗီဇအနေဖြင့် အချို့စိတ်ရောဂါများ၊ စိတ်ကစဥ့်ကလျား ရောဂါများသည် မျိုးရိုးလိုက်တတ်သည်။ စိတ်ဓာတ် ပျော့ညံ့သူသည် ပတ်ဝန်းကျင် လှုံ့ဆော်မှု ဒဏ်မခံနိုင်ဖြစ်ပြီး စိတ်ရောဂါ ဖြစ်တတ်သည်။ စိတ်ပိုင်းအခြေ အနေတုံ့ ပြန်မှုများလျှင် ပိုဆိုးတတ်သည်။ ပတ်ဝန်းကျင်က စောင့်ကြည့်ခံရလျှင်၊ စတာ နောက်တာများလျှင် ပို၍ ရူးတတ်သည်။ ငှက်ဖျား၊ တိုက်ဖွိုက်၊ အေအိုင်ဒီအက်စ်နှင့် အရက်စွဲရောဂါ စသည့် ရောဂါကြောင့် စိတ်ကို ဆိုးရွားစေသည်။ ဦးနှောက် ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းရောင်ရောဂါနှင့် ကျောက်ကပ်ရောဂါ တို့ကြောင့် ပိုမိုဆိုးရွား လာစေသည်။ ကာလသားရောဂါသို့ ကုသမှု မပီပြင်လျှင် ဦးနှောက်အတွင်းသို့ တီဘီပိုး ရောက်ရှိလျှင် စိတ်ဖောက်ပြန်တတ်သည်။ ငယ်ရွယ်စဉ်က လက်ဝှေ့၊ ဘောလုံး၊ သိုင်းကစား နည်းများ ကစားခြင်းသည် အသက်ကြီးလျှင် ဦးနှောက် ထိခိုက်တတ်သည်။ ကလေးများ မကြာခဏ အပြင်းဖျားကာ တက်လျှင် ဦးနှောက် ထိခိုက်စေတတ်သည်။ အဆိပ်အတောက် ဥပမာ- အဆိပ်သင့်ခြင်း၊ သတ္တုဓာတ်များခြင်း တို့ကြောင့် အဆိပ်သင့်၍ စိတ်ထိခိုက် စေနိုင်သည်။ အရက်နှင့် မူးယစ်ဆေးစွဲခြင်းသည် ကြာလျှင် ဦးနှောက်ရှိ ဆဲလ်ငယ်များ ပျက်စီးခြင်း၊ စိတ်ထိခိုက်နာကြည်း ဖွယ်ရာများကြောင့် စိတ်ဝေဒနာ ဖြစ်ကြရပေရာ မိမိစိတ်ကို ပြုပြင်ယူပြီး ဆန္ဒ ́ပြင်းပြမှုများကို လျှော့ချကာ ရောဂါရှိလျှင်လည်း ပျောက်ကင်းအောင် ကုသရပါမည်။


မြ၀တီ

http://ift.tt/1oFF4sG





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1x9FJvi

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...