Skip to main content

Osteoporosis အရိုးပွရောဂါ







1. ကျမ၏အမေပါ။ အသက်ကတော့ ၅၈ နစ်ပါ။ အသွားအလာမရှိပါ။ အထိုင်များပါသည်။ သွေးဆုံးပြီး ကတည်းက ဒူးခေါင်းအကွေးအဆန့် ခက်ခဲလာပါ တယ်ရှင့်။ အိမ်သာအတက်အဆင်းလည်း အဆင်မပြေပါ။ ဓါတ်မှန် ရိုက်သော်လည်း ဘာရောဂါမှမရှိပါ။ ဒူးခေါင်းပြန်ကောင်းလာအောင် ဘယ်လိုပြုမူနေထိုင်ရမည်ကို ညွှန်ကြားစေလိုပါတယ်။

2. ဆရာရှင့် မေးစရာရှိလို့မေးခွင့်ပြုပါ အမေအသက်က ၆၅ နှစ် ရှိပါပြီ။ အခုမိုးတွင်းမှာ ချော်လဲသွားလို့ လက်ကောက်ဝတ်နှင့် တင်ပဆုံရိုးအက်သွားပါတယ်။ အရိုးသိပ်သည်းဆတိုင်းတော့ အရိုးပွနေတယ်ပြောပါတယ်။ ဆေးထိုးလို့ရတယ်ပြောပါတယ်။ တစ်နှစ်ခံသောဆေးကို တစ်ခါထိုးတာနှင့် နေ့တိုင်း တစ်နေ့တစ်လုံးနှုံးနှင့် တစ်နှစ်ထိုးတာ ဘယ်နည်းမှာ အကျိုးအာနိသင် ကွာခြားမှုနှင့်ဆိုးကျိုးရှိမရှိသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

3. ကျွန်တော့်အမေက ရန်ကုန်မှာနေပါတယ်။ အသက်က ၅၈ နှစ်ရှိပါပြီ။ ရောဂါဖြစ်တာက အောက်ပိုင်း ပူတဲ့ရောဂါ ဖြစ်ပါတယ်။ ခြေထောက်တွေပူတယ်။ ဆေးထိုးဆေးသောက် လုပ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပါတတ်ခန့်က အရိုးကို စစ်တဲ့စက်ဆိုလား အခမဲ့စစ်ပေးတယ်ဆိုလို့ စစ်ကြည့်တာ အရိုးပါးတာ အဆင့် ၃ ကိုရောက်နေပြီပြောပါတယ်။ အဲတာနဲ့ ဆေပေးလိုက်ပါတယ်တဲ့။ တစ်ပါတ်ကို တစ်လုံးသောက်ရတဲ့ဆေး။ အရိုးပါးရောဂါ ဖြစ်တဲ့သူ ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိချင်ပါတယ်ဆရာ။ ကျွန်တော်က နိုင်ငံခြားမှာဆိုတော့ အဝေးကပဲဂရုစိုက် နိုင်ပါတယ်။

4. ဆရာခင်ဗျာ။ osteoporosis နဲ့ osteomalacia မှာ ဘယ်ဒင်းက အရိုးပွပြီး ဘယ်ဟာက အရိုးပါးတာပါလဲခင်ဗျာ။ Porosis ကို ပွတယ်လို့ မှတ်သားထားနေမိလို့ပါ။

• Osteomalacia ဟာ Softening of the bones အရိုးတွေပျော့တာလို့ဆိုပါတယ်။ အရိုးတည်ဆောက်ဘို့ လိုအပ်တဲ့ ‘ဖေါ့စ်ဖါးရပ်စ်’ နဲ့ ‘ကယ်လ်စီယမ်’ တွေနည်းလို့ဖြစ်တယ်။ ဒါမှမဟုတ် ‘ကယ်လ်စီယမ်’ တွေကို ပြန်လည်စုပ်ယူတာက လိုတာထက်များလို့ဖြစ်တယ်။ ဒုတိယနည်းကို ‘ပါရာသိုင်းရွိုက်’ အလုပ်ပိုလုပ်တာကနေ ဆက်ဖြစ်တယ်။

• ကလေးတွေမှာ Osteomalacia ဖြစ်တာကို Rickets လို့ခေါ်တယ်။ Rickets ကို ‘အရိုးပျော့ရောဂါ’ လို့ အစဉ်အလာ ဘာသာပြန်တယ်။

• Osteoporosis ဆိုတာက အရိုးထုထည်နဲ့ သိပ်သည်းဆနည်းနည်းလာတာဖြစ်တယ်။ ကျိုးလွယ်စေတယ်။ Bone mineral density (BMD) တိုင်းရင် နည်းနေမယ်။

• ဒါကြောင့် Osteomalacia ကို ‘အရိုးပျော့ရောဂါ’ နဲ့ Osteoporosis ကို ‘အရိုးအားနည်းရောဂါ’၊ ဒါမှမဟုတ် ‘အရိုးပွရောဂါ’ လို့ ဘာသာပြန်တာ သင့်မယ်ထင်ပါတယ်။ အရိုးအတူးကုဆရာဝန်တွေက တိတိကျကျ ပြောနိုင်မှာပါ။ မေးခွန်းမေးလို့ ကျေးဇူးတင်တယ်ဗျာ။


• အမျိုးသမီး၊ အသက်ကြီးသူတွေမှာ အဲလိုဖြစ်တာကို Osteoporosis (အော်စတီယို ပိုရိုးဆစ်) လို့ခေါ်တယ်။ တခြားနာမည်တွေလဲရှိတယ်၊ Thin bones အရိုးပါးခြင်းနဲ့ Low bone density အရိုးသိပ်သည်းဆနည်းခြင်း။

• အရိုးအားနည်းတာပြောလဲ မှန်တယ်။ အားနည်းတော့ ကျိုးလွယ်မယ်။

• အရိုးရောဂါထဲမှာ အများဆုံးဖြစ်တာလို့ ပြောနိုင်တယ်။

• Calcium (ကယ်လ်စီယမ်) နဲ့ တခြားဓါတ်တွေကို စစ်ဆေးရင် နည်းနေတာတွေ့ရမယ်။

• (ကယ်လ်စီယမ်) က လူကြီးပုံမှန် 9.0 to 10.5 mg/dL နဲ့ ဒါမှမဟုတ် 2.25 to 2.75 mmol/L လို့ အဖြေထွက်မယ်။

• ကလေးဆိုရင် 7.6 and 10.8 mg/dL ဒါမှမဟုတ် 1.9 to 2.7 mmol/L လို့ အဖြေထွက်မယ်။

• အမျိုးသမီးတွေ အသက် ၅ဝ ကျော်လာရင် တဝက်လောက်မှာဖြစ်တယ်။ အရိုးတခုခုကျိုးပြီး ဆေးရုံ ရောက်လာကြတယ်။

• အရိုးဆိုတာ အသက်ရှိနေသ၍ အသစ်ဖြစ်လိုက်၊ အိုဟောင်းလိုက်၊ သေသွားလို့ အစားထိုးလိုက်နဲ့ သံသရာ လည်နေတယ်။ အသစ်အစားမထိုးနိုင်လာရင် ဒီရောဂါဖြစ်လာမယ်။

• Calcium (ကယ်လ်စီယမ်) နဲ့အတူ Vitamin D ဗီတာမင် (ဒီ) လဲ အတူတူလိုတယ်။

• တချို့လူမျိုးတွေမှာ၊ တချို့မိသားစုတွေမှာ ပိုဖြစ်ကြတယ်။

• အမျိုးသမီးတွေမှာ Estrogen ဟော်မုန်း၊ အမျိုးသားတွေမှာ Testosterone (တက်စတိုစတီရုန်း) ဟော်မုန်း နည်းလာချိန်ဖြစ်တဲ့

• တချို့ရောဂါတွေအတွက်ပေးနေရတဲ့ ဆေးတွေကြောင့်လဲ ဖြစ်တယ်။

• အိပ်ယာထဲ အကြာကြီးလဲနေရသူတွေ၊ အရက်သောက်များသူတွေ၊ ပိန်သူတွေ၊ ဆေးလိပ်သောက်သူတွေမှာ ပိုတွေ့ရတယ်။

• ရောဂါရှိနေပေမဲ့ ဘာမှ မခံစားရတာကများတယ်။ အရိုးကျိုးမှ စစ်တော့သိလာရတတ်တယ်။

• ခါးရိုးထဲက နာတာကြာသူတွေ စစ်သင့်တယ်။

• ရောဂါဖြစ်လို့ကြာရင် တချို့က အရပ်ပုသွားကြတယ်။

• Bone mineral density testing စစ်ဆေးနည်းလုပ်ရတယ်။ DEXA scan နည်းလုပ်တာများတယ်။

• အရိုးတွေကို ဓါတ်မှန်လဲရိုက်တယ်။ မကျိုးဘဲရိုက်ကြည်တာနဲ့တော့ မသိနိုင်ပါ။

• Lifestyle changes လူနေမှုပုံစံပြောင်းရတော့မယ်။ အစားအသောက်ပြင်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ။

• ကယ်လ်စီယမ် နဲ့ ဗီတာမင် (ဒီ) သောက်ပါ။

• Bisphosphonates ဆေးကို အများဆုံးပေးတယ်။ Estrogens, Teriparatide, Raloxifene, and Calcitonin တွေလဲ ပေးနိုင်တယ်။

• အမျိုးသမီးတွေ ၄၅-၅ဝ နှစ်ဝန်းကျင် သွေးဆုံးချိန်မှာ ဒီရောဂါဖြစ်လာတယ်။

• အသက် အသက် ၅ဝ ကျော်အမျိုးသမီးများ ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။

• အသက် ၅၁ ကနေ ၇ဝ ဆိုရင် (ကယ်လ်စီယမ်) 1,200 mg of calcium နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။

• ယောက်ျား အသက် ၅၁ ကနေ ၇ဝ အတွက် ကယ်လ်စီယမ် 1,000 mg နဲ့ ဗီတာမင် (ဒီ) 400 - 800 IU နေ့စဉ် လိုတယ်။

• အသက် ၇ဝ ကျော်သူတိုင်း ကယ်လ်စီယမ် 1,200 mg နဲ့ ဗီတာမင် (ဒီ) 800 IU နေ့စဉ်လိုတယ်။

• ဆေးလိပ်၊ အရက် လျှော့ပါ-ဖြတ်ပါ။ ချော်လဲမှာမှန်သမျှ သိထားပါ။

• ပင်လယ်ငါးများ၊ အရိုးပါစားလို့ရတဲ့ငါးတွေ၊ နွားနို့၊ ဒိန်ခဲ၊ တို့ဖူး၊ ဘဂီကူလီ ခေါ်တဲ့မုံလာပွင့်အစိမ်းရောင်တွေမှာ ကယ်လ်စီယမ် ပါတယ်။

• ခွဲစိတ်ကုသဘို့လိုသူတွေကို Kyphoplasty နည်းနဲ့ Spinal fusion နည်းလုပ်ရတယ်။


Calcium blood test (ကယ်လ်စီယမ်) စစ်ဆေးခြင်း http://ift.tt/1wXJtjd

Vitamin D ဗီတာမင် (ဒီ) http://ift.tt/1wXJumZ


ဒေါက်တာတင့်ဆွေ

http://ift.tt/1nTBedj





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1GL2bfk

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...