Skip to main content

Osteoarthritis အရိုး-အဆစ်နာရောဂါ







ကျွန်မ အသက်က 34 နှစ်ရှိပါပြီ။ လက်ကောက်ဝတ်နား နာနေတာ 9 လပိုင်း 2013 ကတည်းက ဆေးထိုး ဆေးစားခဲ့ပါတယ်။ တလပိုင်း မနက်အိပ်ယာထချိန် မှာ လက်ဆစ် လက်မောင်းတွေ ခြေဆစ်ခြေသလုံးတွေ တောင့်တင်းပြီး အဆစ်တွေနာနေတာ ပုံမှန်ဖြစ်ဖို့ တနာရီကြာတယ်။ ခြေချောင်းအောက်ဖဝါးက ထောက်လိုက်ရင် နာနေတာ ဆရာဝန်သွားပြတော့ leflunomide 1 OD 6 လသောက်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မအဲဒီဆေးရဲ့s ide effect ကိုသိတော့ ဆက်မသောက်ရဲတော့ဘူး ရပ်လိုက်ပြီး celecoxib တို့ aceclofenac တွေသောက်တော့ သက်သာတယ်။ ဒါပေမဲ့ အခု 5 လပိုင်း 2 ရက်နေ့မှာ ပြန်ဖြစ်လာတယ်။ ဒီတစ်ခေါက်က ဂုတ်ရိုးနားပါ ပူပြီးနာလာတယ်။ ကျွန်မ OSA က normal RA က positive တဲ့၊ uric acid လည်း normal ESR စစ်တော့ 25mm/1hr တဲ့။ ဘာဆက်လုပ်သင့်တယ်ဆိုတာ ကူညီပေးပါဆရာရှင်။

၃၅ နှစ်၊ ကျား၊ အိမ်ထောင်သက် ၅ နှစ်၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ အသား၊ လုံးဝ မသောက် မစားသည်မှာ ၁ဝ နှစ်ရှိ။ အသက် ၁၉ နှစ်ခန့်မှာ ရောဂါစတင် ခံစားရ၊ ရောဂါလက္ခဏာများမှာ လက်ချောင်းဆစ်များ၊ လက်ကောက်ဝတ်များ၊ လက်မောင်းရင်းများ၊ ဒူးဆစ်များ၊ ခြေမျက်စေ့များ၊ ခြေဖနောင့်များတွင် ရောင်ရမ်းလာ၊ နီမြန်းလာ၊ ပူလာပြီး လှုပ်ရှားမရ၊ ထိလျင်လည်း နာကျင်၊ ကွေးထားလျင် ဖြောင့်ရန် ခက်ခဲ ဖြောင့်ထားလျင် ကွေးရန် ခက်ခဲ၊ ကြိုးစား၍ လှုပ်သော် အရမ်း နာကျင်၊ လက်ဆစ်များတွင် ဖြစ်ပါက မည်သည့် အရာကိုမျှ ကိုင်၍မရ။ တစ်ပြိုင်တည်း ဖြစ်ခြင်းမဟုတ်၊ ဆစ်ဆစ်နေ၍ ကိုက်ခဲနေခြင်းမျိုး မဟုတ်၊ တစ်လ ၂ ခါမှ ၅ ခါခန့် အထိဖြစ်။


Etodolac/Lodine 500mg ကို ရောဂါ ခံစားရချိန်သောက် Acetaminophen, Aspirin, Ibuprofen ဆေးများက ကျွန်တော့် ရောဂါကို မသက်သာစေပါ။ ယခင် Paracetamol နှင့် Ibuprofen ရောထားသော ဆေးတစ်မျိုးသောက်၊ အိပ်နေချိန်တွင် ဖြစ်ပေါ်လာပါက နိုးလာသည့် အချိန်တွင် ကုတင်ပေါ်မှ ဆင်း၍မရပါ၊ အသက် ၂၇ ခန့်မှ စတင်၍ ကုသမှု ခံယူ၊ ယခု အချိန်ထိ ရောဂါရှာမရ၊ ဆရာဝန် ၅ ယောက်ဖြင့်ပြပြီး၊ Gout မဟုတ်ဟုပြော၊ အဖြစ်များသော Arthritis မဟုတ်သော်လည်း Arthritis သည် အမျိုးပေါင်း များစွာရှိ၍ တစ်မျိုးမျိုးသာ ဖြစ်မည်ဟုပြော။ ပထမဆုံး ဆရာဝန်မှ Uric Acid မမြင့်သော်လည်း Uric Acid ချသည့် ထိုးဆေး တစ်နေ့ တစ်လုံး ၃ ရက် နှင့် Allopurinol (mg မမှတ်မိပါ) တစ်နေ့ ၂ လုံး ၃လစာ ပေးပြီး ၃ လ ပြည့် ဆီး၊သွေး ထပ်စစ်၊ Uric Acid တော့ကျ သွားပြီ OK မည်ထင်ပါသည်ဟု ပြောသော်လည်း မထူးခြားခဲ့ပါ။ အခြား ဆရာဝန် ၄ ယောက်မှ ဆီး၊ သွေး အကြိမ်များစွာ စစ်သော်လည်း ရာဂါ ရှာမရသလို Treatment လည်းမပေးပါ။ သို့သော် ဆရာဝန် တစ်ဦးမှ Vitamin D အရမ်း နည်းနေသည် ဆို၍ Vitamin D 50,000 IU တစ်ပတ် တစ်လုံးနှုံး ၁၂လုံး သောက်ပြီး သွေးပြန်စစ်၍ ဆက်မသောက်ရန် ပြောပါသည်။ နောက် ၆ လခန့်ကြာ ထပ်မံသွားတွေ့ပြီး ထူးခြားမှုမရှိ၍ နောက် ဆရာဝန်ထံ ညွှန်း။ ဆရာဝန် အားလုံးမှ Anti-Inflammatory သောက်ရန်သာညွှန်း၊ side effect တွေကြောင့် မသောက်ချင်ပါ။ သို့ပါ၍ ဆရာ့ထံမှ အကြံညဏ် တောင်းခံရခြင်းဖြစ်ပါသည်။ Lab Report မှာ အရမ်း များလွန်းနေ၍ ဆရာသိချင်သော Item ကို email ပြန်ကြားပေးပါရန် မေတ္တာရပ်ခံပါသည်။ ကျွန်တော်ရှာပြီး ပို့ပေးပါမည်။


လူ့အဆစ်တွေမှာ Osteoarthritis ဖြစ်ရင် ဖြစ်တဲ့နေရာမှာ နာတာ၊ ပုံမှန်လှုတ်မရအောင် တင်းနေတာ နဲ့ ရောင်နေတာတွေ ဖြစ်နိုင်တယ်။ အဆစ်နေရာမှာရှိတဲ့ အရိုးထိပ်ကို ဖုံးပေးထားတဲ့ အရိုးနု စားသွားလို့ဖြစ်ရတယ်။ ဖြစ်လာရင် အဆစ်က အရင်လို လှုတ်ရှားဘို့ ခက်လာမယ်။ နာမယ်။ နောက်ကျော၊ တင်ပါးဆုံ၊ ဒူးနဲ့ ခြေထောက်တွေမှာ ဖြစ်တယ်။ လည်ပင်း၊ လက်ချောင်း တွေမှာလဲ ဖြစ်တယ်။


အမေရိကန် ၃၃ သန်းမှာ ဖြစ်နေကြရတယ်။ Degenerative joint disease အိုလို့ဖြစ်တဲ့ အဆစ်နာလို့ ခေါ်ပေမဲ့ Osteoarthritis (OA)လို့ ခေါ်တာ ပိုသင့်တော်တယ်။ ငယ်တဲ့သူတွေမှာလဲ ဖြစ်ပေမဲ့ အိုမှဖြစ်တာ များတယ်။ အသက် ၆၅ ကျော်ရင် အများဆုံး။ Genes မျိုးဗီဇကနေလာရင် ငယ်ငယ်နဲ့ ဖြစ်မယ်။


ဘယ်လိုလုပ်ပြီး ဒီရောဂါလို့ သိနိုင်မလဲ

ကျန်းမာရေး ရာဇဝင်၊ ခံစားရပုံ၊ ဖြစ်တဲ့နေရာနဲ့ ပါတ်သက်တာတွေ စစ်ဆေးမယ်၊ သွေးစစ်မယ်၊ Joint aspiration အဆစ်ထဲက အရည် ထုတ်စစ်မယ်၊ X-ray ဓါတ်မှန်၊ Magnetic resonance imaging (MRI) ရိုက်မယ်။


သုတေသနတခု အဆိုအရ အသက်ရလာလို့ သုံးဖန်များလို့ ဖြစ်လာစေတဲ့ (ဆဲလ်) တွေရဲ့ တုံ့ပြန်မှု Unfolded Protein Response (UPR) ကို အာရုံစိုက် လေ့လာတော့ အသက်ရသူတွေမှာ UPR ပျက်ယွင်းနေကြတယ်။ နောက် သုတေသန တခုက OA ဖြစ်သူတွေရဲ့ မျိုးဗီဇ-ခလုပ်တွေကို လေ့လာတယ်။ FAAH ဆိုတဲ့ မျိုးဗီဇဆိုတာ နာတာကို ခံနိုင်စွမ်းနဲ့ ပတ်သက်တယ်။ OA ဖြစ်သူတွေမှာ ပိုများနေတာ သိရတယ်။ နောက် သုတေသနတခုအဆိုအရ လက်ချောင်းတွေမှာ ဖြစ်ရင် ဒူးမှာဖြစ်တာထက် ပိုမြန်တာသိရတယ်။ Complement C5 ဆိုတဲ့ ပရိုတင်းနဲ့ ဆက်စပ်နိုင်တယ်လို့ ထင်တယ်။


၂ဝ၁ဝ ဧပြီလထဲမယ် ချီကာဂိုမှာ American College of Rheumatology’s (ACR) State-of-the-Art Symposium ဆိုတာကို ကျင်းပခဲ့တယ်။ ၂ဝ၁ဝ နိုဝင်္ဘာလထဲမှာလဲ အက်တလန်တာမြို့မှာ American College of Rheumatology (ACR) က နှစ်ပါတ်လည် အစည်းအဝေး လုပ်တယ်။ ACR မှာ တင်ပြခဲ့တာက OA ဆိုတာ Inflammatory disease ရောင်ရမ်းတာ ဖြစ်တယ်။ Rheumatoid arthritis လေးဘက်နာနဲ့ ဆင်တယ်။ Wear-and-tear disease သုံးဖန်များလို့ ဖြစ်တဲ့သဘော မဟုတ်ဘူးတဲ့။


Treatment အရိုး-အဆစ်နာရောဂါ ကုသခြင်း

Osteoarthritis ကို ဆေးပေးတယ်ဆိုတာ နာတာ သက်သာအောင်၊ အဆစ်တွေ တင်းတောင့် မနေအောင်သာ ဖြစ်တယ်။ Analgesics အနာ-အကိုက်သက်သာဆေးတွေ၊ နာတာကို သက်သာစေနိုင်ပေမဲ့ ရောင်တာကို မသက်သာစေပါ။


Acetaminophen ဆေးကို နဲနဲနဲ့ အတော်အသင့် နာတာအတွက် သုံးနိုင်တယ်လို့ American College of Rheumatology ကနေ ညွှန်းတယ်။ Tylenol, Anacin (Aspirin-free), Excedrin caplets and Panadol နာမည်တွေနဲ့ ရောင်းပါတယ်။ Acetaminophen ကို ၄-၆ နာရီတခါ 325 to 1,000 mg သောက်နိုင်တယ်။ တနေ့ထဲမှာ 4,000 mg ထက် မပိုရပါ။


နာတာက ဆိုးရင် Propoxyphene hydrochloride (Darvon, PC-Cap and Wygesic), Acetaminophen with codeine and Tramadol (Ultram) တွေကို သုံးနိုင်တယ်။ ရက်တိုသာ သုံးသင့်တယ်။


Topical analgesics လိမ်းဆေးတွေ

Voltaren Gel လိမ်းဆေးဟာ စတီရွိုက်မပါတဲ့ (NSAID) Diclofenac ဖြစ်တယ်။ ဆိုင်မှာ အလွယ် ဝယ်ရမဲ့ ဆေးတွေလဲ ရှိတယ်။ Capsaicin ဆေးဟာ Cayenne peppers ကနေ ဖေါ်စပ်ထားတယ်။ ကြာကြာလိမ်းရင် လောင်နိုင်တယ်။ Zostrix, Zostrix HP, Capzasin-P နာမည်တွေနဲ့ ရောင်းတယ်။


Counterirritants ဆေး

ဘာနဲ့တူလဲဆိုတော့ ခေါင်းကိုက်နေတာကို ခြေမ နှိပ်တော့ အာရုံပြောင်းစေတာမျိုး အစွမ်းရှိတယ်။ Menthol, Oil of wintergreen, Camphor, Eucalyptus oil, Turpentine oil, Dihydrochloride and Methlnicotinate ဆေးတွေဟာ အဲဒါမျိုးတွေ ဖြစ်တယ်။ Salicylates ဆေးက Counterirritants သဘောဖြစ်တယ်။ Aspercreme, Ben-Gay, Flexall, Mobisyl and Sportscreme နာမည်တွေနဲ့ ဝယ်လို့ရတယ်။


Nonsteroidal anti-inflammatory drugs (NSAIDs) စတီရွိုက်မပါတဲ့ အနာသက်သာဆေးတွေ

Ibuprofen (Advil, Motrin IB), Ketoprofen (Actron, Orudis KT, Oruvail), Naproxen (Naprosyn, Naprelan) and Naproxen sodium (Anaprox, Aleve) တွေ ဖြစ်တယ်။ NSAIDs ထဲမှာ COX-2 inhibitors ဆေးမျိုးတွေလဲ ပါတယ်။ Celecoxib (Celebrex) ကလွဲရင် ကျန် ၂ မျိုးကို ရောင်းခွင့် မပြုတော့ဘူး။


Corticosteroid injections စတီရွိုက် ထိုးဆေး

နာနေတဲ့ အဆစ်ထဲကို ထိုးပေးရတယ်။ ဆေးမထိုးခင် အဆစ်ထဲက များနေတဲ့ အရည်တွေကို စုပ်ထုတ်နိုင်တယ်။ American College of Rheumatology (ACR) ကညွှန်းတာကတော့ Acetaminophen နဲ့ မသက်သာသူ၊ အသင့်အတင့်ကနေ သိပ်ဆိုးသူတွေကို ၁ နှစ်မှာ ၃-၄ ခါ ထိုးခိုင်းတယ်။


Hyaluronic acid therapy ဆေး၊ အဆစ်ထဲမှာ ရှိနေတာမျိုး ဖြစ်တယ်။ Shock absorber သဘော၊ Lubricant သဘော လုပ်ပေးမယ်။ တပါတ်တခါ ၃-၅ ပါတ် ထိုးရတယ်။ အထဲကအရည်နဲနဲစုပ်ထုတ်ပြီးမှ ဆေးထိုးရတယ်။ NSAIDs နဲ့ COX-2 drugs တွေနဲ့ မသက်သာသူ၊ ဆေးဘေးထွက်ဆိုးကျိုးမခံနိုင်သူတွေကို ထိုးပေးနိုင်တယ်။ နဲနဲ နဲ့ အသင့်အတင့် ဆိုးသူတွေမှာ သက်သာတယ်။


Surgical ခွဲစိတ်နည်း

Joint replacement, Realigning bones, Fusing bones, Arthroscopy, Osteotomy, Chondroplasty, Arthrodesis နည်းတွေ ရှိတယ်။


Other procedures တခြားနည်းတွေ

ရောဂါအကြောင်း အသေအခြာလေ့လာပြီး ကိုယ့်ဖါသာ ပြုပြင်နေနိုင်တယ်။

(အေရိုးဘစ်) စတဲ့ လေ့ကျင့်ခန်း လုပ်နိုင်တယ်။

ကိုယ်အလေးချိန် ချတာ ကောင်းတယ်။

လမ်းလျှောက် အကူပစ္စည်း သုံးတာ၊

ခြေထောက်မှာ အထူးပစ္စည်း သုံးတာ၊

ဒူးကာ တပ်တာ၊

အပူး-အအေး တင်ပေးတာ၊

(TENS) လျှပ်စစ်နည်း သုံးတာ၊

အပ်စိုက် ကုသတာ၊

Physical therapist (ဖီဇီယို-သာရာပီ)၊

Chronic pain class နာတာရှည် နာနေသူတွေအတွက် သင်တန်းမျိုးတက်တာတွေလဲ လုပ်နိုင်တယ်။


New Osteoarthritis Treatments ကုသနည်းသစ်တွေ

Vitamin D ဗီတာမင် ဒီ ဟာ မျက်လှည့်ပြသလိုမျိုး အကျိုးရှိတဲ့သူတွေမှာ ရှိတယ်။ နာတာကိုရော အင်္ဂါပျက်စီးမှုမှာပါ သက်သာစေတယ်။ ဒါပေမဲ့ National Institutes of Health (NIH) အထောက်အပံ့နဲ့လုပ်တဲ့ ၂ နှစ်တာ သုတေသန အဆိုအရ Vitamin D ကနေ ဒီရောဂါမှာ ပိုကောင်းတယ်ဆိုတာ သက်သေမပြနိုင်တာ တွေ့လာရတယ်။

Naproxen sodium နဲ့ Esomeprazole magnesium (Vimovo) ဆေးကို တွဲပေးပြီးစမ်းတဲ့အခါ Celecoxib (Celebrex) ဆေးလိုဘဲ နာတာသက်သာစေတဲ့အပြင် Heartburn ရင်ပူတာကို သက်သာတာ တွေ့ရတယ်။


New Osteoarthritis Medicines အလားအလာရှိတဲ့ ဆေးတွေ

Tanezumab ဆေးဟာ သုတေသန အဆင့် ၂-၃ မှာ အလားအလာ ကောင်းနေတယ်။

Stem-cell therapy ကင်ဆာအတွက် အဓိကသုတေသနလုပ်နေတဲ့ (စတင်မ်-ဆဲလ်) နည်းကလဲ အလားအလာ ရှိနိုင်တယ်။

၁၃-၁-၂ဝ၁၁ နေ့မှာ Food and Drug Administration ကနေ အဆစ်နာမှန်သမျှအများဆုံးသုံးနေတဲ့ Acetaminophen ကို ကန့်သတ်မှု ပိုလုပ်လိုက်တယ်။ Acetaminophen ဆေးဟာ များများပေးရင် အသဲကို ထိခိုက်စေတယ်။ ဒါ့ကြောင့် ဆေးတပြားမှာ 325 milligrams ထက်မပိုဘို့ သတ်မှတ်လိုက်တယ်။ မူးယစ်အုပ်စုဝင်ဆေးနဲ့ တွဲရောင်းတာရှိတယ်။ ဥပမာ Vicodin နဲ့ Oxycodone (Percocet) ဆေးတွေ။


NSAIDs (1) အကိုက်အခဲပျောက်ဆေးများ http://ift.tt/1yCIHWr

NSAIDs (2) အကိုက်အခဲပျောက်ဆေးတွေကို လေ့လာခြင်း http://ift.tt/1GL2gQ8

Painkillers (1) အနာသက်သာဆေးများ (၁) http://ift.tt/1zm0ynr

Painkillers (2) အနာသက်သာဆေးများ (၂) http://ift.tt/1zm0ynt

Narcotic Analgesics မူးယစ်ဆေးပါ အနာသက်သောဆေးများ http://ift.tt/1zm0ynv

Narcotic Pain Medications ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစားများ http://ift.tt/1zm0AM9


Dr. တင့်ဆွေ

http://ift.tt/1nTBedj





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1zm0ynx

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3