လူငယ်များကြားတွင်Facebook သုံးစွဲမှု စံချိန်တင်ကျဆင်း အမေရိကန်နှင့် ဥရောပနိုင်ငံများ၌ လူငယ်များ Facebook သုံးစွဲမှု ကျဆင်းမှု ၈ဝ ရာခိုင်နှုန်းရှိ
ရန်ကုန် ဒီဇင်ဘာ ၂ဝ
အမေရိကန်နိုင်ငံ အခြေစိုက် Frank N Magid သုတေသနအဖွဲ့က ပြုလုပ်ခဲ့သောစစ် တမ်းတစ်ခုအရ ကမ္ဘာအရပ်ရပ်ရှိ လူငယ်များ ကြားတွင် Facebook သုံးစွဲမှု စံချိန်တင် ကျ ဆင်းလျက်ရှိ သည်ဟု တွေ့ရှိ ခဲ့ကြောင်း CBS သတင်းဌာနကဖော်ပြသည်။
Frank N Magid အဖွဲ့၏ စစ်တမ်းတွင် ပြီးခဲ့သည့်နှစ်အတွင်း အမေရိကန်နိုင်ငံရှိ အသက် (၁၃)နှစ်နှင့် (၁၇)နှစ်ကြားရှိ လူငယ်များကြားတွင် Facebook သုံးစွဲမှုမှာ ၈၈ရာခိုင်နှုန်းကျဆင်း သွားကြောင်း၊ အဆိုပါ အသက်အရွယ်အပိုင်း အခြားအတွင်းရှိ အမေရိကန်လူငယ်များကြား တွင် Facebook သုံးစွဲမှုကျဆင်းမှု အခြေအနေ မှာ ၂ဝ၁၂ ခုနှစ်တွင် ၉၅ ရာခိုင်နှုန်း၊ ၂ဝ၁၃ ခုနှစ်တွင် ၉၄ ရာခိုင်နှုန်းရှိကြောင်း၊ လူမှုကွန် ရက်သုံးစွဲသူများကြားတွင် Facebook ကို နှစ်ခြိုက်မှု အခြေအနေမှာ ပြီးခဲ့သည့်နှစ်က ၉၃ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် ၉ဝ ရာခိုင်နှုန်းသာရှိတော့ကြောင်း၊ ဥရောပနိုင်ငံ များနှင့် အမေရိကန်နိုင်ငံရှိ လူငယ်များကြားတွင် Facebookသုံးစွဲမှုကျဆင်းမှုမှာစံချိန်တင်အနေ အထားသို့ရောက်ရှိ နေကြောင်း ဖော်ပြသည်။
Facebook သည် လက်ရှိအချိန်အထိ လူမှုကွန်ရက်များထဲတွင်သုံးစွဲသူအများဆုံး အခြေအနေကို ဆက်လက်ဆုပ်ကိုင်ထားနိုင်သော် လည်း အခြားလူမှုကွန်ရက်များနှင့်နှိုင်းယှဉ်လျှင် သုံးစွဲရလွယ်ကူမှု၊ တားမြစ်ကန့်သတ်ချက် နည်းပါးမှုအပိုင်းများ၌ အားနည်းချက်များ ရှိနေခြင်းကြောင့် အသစ်အဆန်း မက်မောမှု မြင့်မားပြီး တားမြစ်ကန့်သတ်ချက်များကို မနှစ်ခြိုက်သည့် လူငယ်များကြားတွင် သုံးစွဲမှု လျော့ပါးလာခြင်း ဖြစ်သည်ဟု ဆိုသည်။
ယခုနှစ် အထိ Facebook သည်သုံးစွဲသူ တစ်ဘီလီယံ ကျော်ရှိဆဲဖြစ်သော်လည်း လာမည့်နှစ်ပိုင်း များအတွင်း ပြိုင်ဘက်များထံသို့ ဈေးကွက် ဝေစုအများအပြားကို လွှဲပြောင်းပေးရမည့် အလားအလာများ ရှိနေသည်။
ပြည့်ဖြိုးနိုင်
The Union Daily
http://ift.tt/1uB0U2T
from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1wcOn5b
Comments
Post a Comment