Skip to main content

၁၂ ပွင့်ဆိုင် တွေ့ဆုံရေးတောင်းဆိုမှုများ သမ္မတက လေ့လာသုံးသပ်သွားမည်







ပြည်ထောင်စု လွှတ်တော်က ၆ ပွင့်ဆိုင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ဖို့ အတည်ပြု တောင်းဆိုထားပေမဲ့ တိုင်းရင်းသား အဖွဲ့တွေအားလုံး ပါဝင်နိုင်မယ့် ၁၂ ပွင့်ဆိုင်အဖြစ်ကျင်းပဖို့ ရန်ကုန်တိုင်း ဒေသကြီးနဲ့ စစ်ကြီးတိုင်း ဒေသကြီးတွေက တောင်းဆိုလာတဲ့အပေါ် သမ္မတက လေ့လာသုံးသပ်သွားမှာဖြစ်တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"၄ ပွင့်ဆိုင်တို့၊ ၆ ပွင့်ဆိုင်တို့ စပြောတဲ့အချိန်ကစပြီးတော့မှ သမ္မတကြီးရဲ့မူကတော့ ဖြစ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်တဲ့ပုံစံမျိုးကို လိုလားပါတယ်၊ ဒါကြောင့် ကျနော်တို့စခဲ့တုန်းက အဖွဲ့ကြီးငါးဖွဲ့နဲ့စခဲ့တာပေါ့၊ ကျနော်တို့ကတော့ ဖြစ်ပေါ်လာတဲ့ နောက်ထပ်တိုင်းဒေသကြီး အစိုးရများရဲ့ ဆုံးဖြတ်ချက်တွေကိုလည် အလေးထားပြီးတော့မှ လေ့လာသွားမှာဖြစ်ပါတယ်"


ဒါ့အပြင် အခုလိုတောင်းဆိုလာတာဟာ မြန်မာ့အရေးမှာ အားလုံးကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်မယ့် စဉ်စားချက်တွေဖြစ်တာကြောင့် သူ့အနေနဲ့ကြိုဆိုကြောင်း ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။


ဒါပေမဲ့ နိုင်ငံမှာအမြင့်ဆုံးဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေးကို တိုင်းဒေသကြီးတွေက ပြင်ဆင်စဉ်းစားပေးဖို့ တောင်းဆိုတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးမှာ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတဲ့ ဒေါက်တာအေးမောင်ကပြောပါတယ်၊


"ပြည်ထောင်စုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် အချုပ်ခြာအာဏာနဲ့ ပတ်သက်တဲ့ ဥပဒေပြဌာန်းပိုင်ခွင့်နဲ့ တိုင်းဒေသကြီးလွှတ်တော်ရဲ့ ဥပဒေပြဌာန်းပိုင်ခွင့်က ကွာခြားပါတယ်၊ ဇယား ၁ နဲ့ ၂ ပြဌာန်းပါတယ်၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ဖက်က တင်ပြတောင်းဆိုပိုင်ခွင့် တိုက်ရိုက်မရှိပါဘူး၊ သက်ဆိုင်ရာအစိုးရကတဆင့် တိုက်တွန်းတယ်ဆိုတာမျိုးက တိုက်ရိုက်အစိုးရနဲ့ စည်းနှောင်ထားတဲ့ ပုဒ်မမျိုးမရှိဘူးလို့ ကျနော်သုံးသပ်ပါတယ်၊ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်တွေက တင်ပြတဲ့နည်းလမ်းဟာ ကျနော်တို့သွားလိုတဲ့လမ်းကြောင်းနဲ့ ပြောင်းပြန်ဖြစ်နေပါတယ်၊ တစ်နည်းအားဖြင့် အချိန်ယူသွားသလိုဖြစ်သလို အပွင့်များတဲ့အခါမှာ အဓိကဦးတည်ချက်ကို လျော့ရဲသွားစေနိုင်တဲ့ ဆောင်ရွက်မှုမျိုးလို့ ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးက သုံးသပ်လာနိုင်ပါတယ်"


ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ၆ ပွင့်ဆိုင်တွေ့ဆုံရေး အစား ၁၂ ပွင့်ဆိုင်ဆွေးနွေးပွဲဆိုပြီး တိုးချဲ့စီစဉ်ဖို့အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က တင်သွင်းခဲ့သလို စစ်ကိုင်းဒေသကြီး လွှတ်တော်မှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီးကလည်း အရေးကြီးအဆိုအဖြစ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ တင်သွင်းခဲ့ကြတာဖြစ်ပါတယ်၊


RFA Burmese

http://ift.tt/1mveILg






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yIP9Oa

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...