Skip to main content

မျိုးရိုးလိုက်ခြင်းဆိုင်ရာ







ဥာဏ်ရည်ထက်မြက်ခြင်း

ကိန်းဘရစ်ခ်ျတက္ကသိုလ်၏ လေ့လာမှုမှတ်တမ်းအရ ဦးနှောက် ၏တွေးခေါ်နိုင်တဲ့ အစိတ်အပိုင်း ဟာ မိခင်ဘက်မှမျိုးရိုးလိုက်တတ် တဲ့ ဗီဇအထုံပါလာတာကြောင့်လို့ ဆိုပါတယ်။


အစားအသောက်ဓာတ်မတည့်ခြင်း


မိခင်(သို့မဟုတ်)ဖခင်ထံမှ မျိုး ရိုးလိုက်တတ်ပါတယ်။ ဝေဒနာရှင် တစ်ဦးနဲ့တစ်ဦးဓာတ်မတည့်သည့် အစားအစာအမျိုး အစားချင်း မတူညီကြပါဘူး။ ကြက်ဥ၊ နွားနို့၊ ပုစွန်၊ ခုံးကောင်၊ကင်းမွန်၊ရေဘဝဲ၊ ပဲပိစပ်၊ ဂျုံ၊ မြေထောက်ပဲ၊ ပိန်းဥ၊ သခွားသီးစသည်တို့က အဖြစ်များ တဲ့ အစားအစာဓာတ်မတည့်ခြင်း တွေပါပဲ။


အိပ်ပျော်နေစဉ်ဟောက်ခြင်း


အာရီဇိုးနားတက္ကသိုလ်၏ လေ့ လာဆန်းစစ်ချက်အရ အိပ်ပျော်နေ စဉ် ဟောက်တတ်သူအများစု၏ မိခင်တွေကလည်း ဟောက်တတ် ကြတာကြောင့် ဟောက်ခြင်းက မိခင်ထံမှ မျိုးရိုးလိုက်တာပါတဲ့။


ပန်းဝတ်မှုန်ဓာတ်မတည့်ခြင်း


များသောအားဖြင့်မိခင်ဘက်က မျိုးရိုးလိုက်တတ်ပြီး ထိုမိခင်က မွေးဖွားလာတဲ့ သား(သို့မဟုတ်) သမီး(သို့မဟုတ်)သားသမီးအားလုံး လိုလိုမှာ ပန်းဝတ်မှုန်ဓာတ်မတည့် ခြင်းဖြစ်လာရပါတယ်။ဥပမာ-ချိုအီ အီပန်းရနံ့များဖြစ်ကြတဲ့ ညမွှေး ပန်း၊ ယုဇနပန်း၊ ရှဥ့်မတက်ပန်း၊ ဆောင်တော်ကူး ပန်းရနံ့တွေမှာ အဖြစ်များကြပါတယ်။


လူမှုရေးဝင်ဆံ့ခြင်း


ကလေးတွေမှာ လူမှုရေးဝင်ဆံ့ တဲ့အပြုအမူနဲ့ ပေါင်းသင်းဆက် ဆံရေးပြေပြစ်ခြင်းတွေဟာ ဖခင် ဆီကမျိုးရိုးလိုက်တာပါလို့ လန်ဒန် မျိုးရိုးဗီဇဆိုင်ရာလေ့လာရေးအသင်း အဖွဲ့က အတည်ပြုထားပါတယ်။


ကိုယ်အင်္ဂါချို့ယွင်းခြင်း


မိခင်(သို့မဟုတ်) ဖခင်ထံမှ အမွေဆက်ခံတာဖြစ်ပါတယ်။ ဥပမာ- မွေးရာပါကိုယ်အင်္ဂါများ မတင့်တယ် မဖွယ်မရာရှိခြင်း (သို့ မဟုတ်)ခြေပွား၊ လက်ပွား အပိုပါ ရှိခြင်း(သို့မဟုတ်)ခန္ဓာကိုယ်အမွေး အမှင်ထူခြင်း(သို့မဟုတ်)ဆံပင်မ ကောင်းခြင်း(သို့မဟုတ်) ဆံပင်ပါး ခြင်း(သို့မဟုတ်) အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း(သို့မဟုတ်) ထိပ် ပြောင်ခြင်းတို့ပါပဲ။


အလိုလိုထိုးထွင်းသိမြင်ခြင်း


Body Kanguage(ခေါ်)ခန္ဓာ ကိုယ်အမူအရာဖြင့် စကားပြောဆို ခြင်းကိုအမျိုးသားများထက် အမျိုး သမီးတွေက အမြန်ဆုံးနှင့်အမှန် ကန်ဆုံး ဘာသာပြန်နိုင်စွမ်းရှိကြ ပြီး ထိုစွမ်းရည်က ဖခင်ဘက်က ရတဲ့ ခရိုမိုဇုမ်း(X) ကြောင့်ဖြစ်ပါ တယ်တဲ့။


အသားအရေကွာခြားခြင်း


ဥပမာ- အသားဖြူခြင်း၊ မည်း ခြင်း၊ ဝက်ခြံ (လုံးဝ)မပေါက်ခြင်း တို့ဟာ မိခင်(သို့မဟုတ်)ဖခင်တစ် ဦးဦး၏မျိုးရိုးဗီဇမှ ဆင်းသက်လာ တာဖြစ်ပြီး ဒါဟာလူသားတွေ၏ Dermis(ခေါ်)အရေပြားရဲ့အလယ် လွှာထဲမှာရှိနေတဲ့ ကော်လာဂျင်ပရို တင်း အမျှင်ဓာတ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။


အသက်ရှည်ခြင်း


ကမ္ဘာပေါ်မှာ အသက်ရာကျော် ရှည်သူအများစုဟာ ဂျပန်လူမျိုး တွေဖြစ်ကြပြီး ဒါဟာမိခင်ဘက်က ရတဲ့မျိုးရိုးဗီဇဖြစ်ပါတယ်။ ထိုဗီဇ ကြောင့် ရောဂါတော်တော်များများ ကို ဖြစ်မလာအောင် ခုခံတွန်းလှန် နိုင်စွမ်းရှိနေပြီး သက်ရှည် ကျန်းမာ အသက်(၁ဝဝ)နေသွားနိုင်ပါတယ်။


လက်သည်းကိုက်ခြင်း


စိတ်ပညာရှင်တွေရဲ့ အဆိုအမိန့် အရလက်သည်းကိုက်ခြင်းဟာမိဘ မေတ္တာကို အပြည့်အဝမရရှိသူတွေ ရဲ့စိတ်အားငယ်မှုကို ဖော်ညွှန်းတဲ့ သင်္ကေတဖြစ်တယ်လို့ဆိုပါတယ်။ မိခင်ဘက်ကရတဲ့ မျိုးရိုးဗီဇဖြစ်ပြီး ထိုမိခင်မှမွေးဖွားတဲ့သား(သို့မဟုတ်) သမီးတစ်ဦးဦးမှာ မျိုးရိုးလိုက်လေ့ ရှိပါတယ်။


မျိုးရိုးလိုက်တယ်ဆိုတဲ့ဝေါဟာရစကားကို ကြားဖူးကြမှာပါ။ ဒါဘာကြောင့်ပါလဲ။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ လူတွေသာမက သက်ရှိသတ္တဝါအားလုံးတိုင်းမှာ မျိုးရိုးဗီဇနဲ့အမူအကျင့်တွေ ဆက်စပ်နေကြပြီး ၄င်းကို 'မျိုးရိုးလိုက်တယ်' လို့ခေါ်ပါတယ်။ လူသားတွေမှာမျိုးရိုးလိုက်တာကိုအောက်ပါအတိုင်း အကြံပြုဖော်ပြထားပါတယ်။


ပေါက်ပေါက်

The Union Daily

http://ift.tt/1uB0U2T





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/15jLSZU

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...