Skip to main content

မူဆယ်၌ တစ်သောင်းတန်ငွေစက္ကူအတုများ သိမ်းဆည်းရမိ



မူဆယ် အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ အောက်တိုဘာ ၂ ရက်တွင် မူဆယ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ဆန်းဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် စွမ်စော်ရပ်ကွက် ဆုံဆည်းရာတည်းခိုခန်း အနီးရှိ ဆံသဆိုင်ရှေ့တွင် မောင်ဝမ်ယုကွမ်း (၁၆)နှစ် စွမ်စော်ရပ်ကွက် မူဆယ်မြို့၊ မောင်ကျောင်ယုံဟု (၁၈)နှစ် ခိုဝိန်ရပ် မူဆယ်မြို့၊ မောင်ယိယွင်စန်း (၁၆)နှစ် ခိုဝိန်ရပ် မူဆယ်မြို့နေသူ သုံးဦးအား မသင်္ကာဖွယ်တွေ့ရှိ ၍ စစ်ဆေးရှာဖွေခဲ့ရာ မြန်မာငွေစက္ကူ ကျပ် ၁ဝဝဝဝ တန်အတုဟု ထင်ရသောငွေစက္ကူခုနစ်ရွက် တွေ့ရှိခဲ့သည်။ ဆက်လက်စုံစမ်းရာ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေး စိန်ရွှေအမိန့်ရအပေါင်ဆိုင်တွင် (Kenbo- 125)ဆိုင်ကယ်အား ၎င်းတို့ သွားရောက်ပေါင်နှံစဉ် ဆိုင်ပိတ်သွားခဲ့၍ အမျိုးသားတစ်ဦးက ငွေကျပ် ၁၅ဝဝဝဝ ဖြင့် ဝယ်ယူသဖြင့် ရောင်းချခဲ့ရာ ၎င်းတို့ထံမှ သိမ်းဆည်းမိသော ၁ဝဝဝဝတန် ငွေစက္ကူများ ပါလာခဲ့သည်ဟုဆိုသည်။


အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းတွင် လူငယ်သုံးဦးထံမှ ဆိုင်ကယ်ဝယ်သူ ကောင်းမှုတုံရပ်ကွက် ဆင်ဖြူဈေးဝန်းနေ ထွန်းထွန်းဦး(ခ)အိုက်ထွန်း (၃၆)နှစ်အား နေအိမ်တွင် ဖမ်းဆီးမိခဲ့သည်။ ၎င်း၏ထွက်ဆိုချက်အရ ငွေစက္ကူအတုများအား (၁ဝ၅)မိုင် မိုင်းယုရွာနေ ဝင်းနိုင်ထံမှ ရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် မိမိအိမ်သို့ရောက်ရှိလာပြီး ၁ဝဝဝဝ တန် ငွေစက္ကူအတု အရွက်၂ဝ ပေးခဲ့ကြောင်း၊ တစ်ရွက်လျှင် မြန်မာငွေကျပ် ၈ဝဝဝ ကျပ်နှုန်းပေးချေရန် ပြောဆိုခဲ့ကြောင်းနှင့်ယင်းငွေများဖြင့် လူငယ်သုံးဦးထံမှ ဆိုင်ကယ်ဝယ်ယူခဲ့ကြောင်း သိရသောကြောင့် ဒုရဲမှူးဇော်လင်းနှင့်ပူးပေါင်းအဖွဲ့သည် မူဆယ် မြို့နယ် (၁ဝ၅)မိုင် မိုင်းယုရွာနေ ငွေစက္ကူအတုဖြန့်ဝေသူ ဝင်းနိုင်(၄၈)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ဝင်းနိုင်ဝတ်ဆင်ထားသည့် ဘောင်းဘီအိတ်အတွင်းမှ ၁ဝဝဝဝ တန်မြန်မာငွေ စက္ကူအတုသုံးရွက်၊ နေအိမ်နောက်ဘက် ပန်းခုံအောက်တွင် ပလတ်စတစ်အိတ်ထုတ်ဖြင့် မြန်မာငွေစက္ကူ ၁ဝဝဝဝ တန် အရွက် ၁ဝဝ ပါ ၁ဝ အုပ် စုစုပေါင်း ၁ဝဝဝဝ တန် ၈ဝ၃ ရွက်အား သိမ်းဆည်း နိုင်ခဲ့သည်။


ဝင်းနိုင်၏ ထွက်ဆိုချက်အရ တရုတ်နိုင်ငံဝမ်တိန်မြို့ရှိ ဝမ်ချန်းဆိုသူထံမှ ရရှိကြောင်း၊ သစ်သီးပွဲရုံ လုပ်ငန်းလုပ်ကိုင်ရန် ငွေလိုသဖြင့် ဝမ်ချန်းက အောက်တိုဘာ ၁၃ ရက်တွင် ၁ဝဝဝဝ တန် မြန်မာငွေစက္ကူ ၁ဝဝ ပါ ၁ဝ အုပ်၊ ငွေကျပ်သိန်း ၁ဝဝ ထုတ်ပေးခဲ့ကြောင်း၊ သုံးရွက်အပိုတွေ့၍ လက်ဝယ်ထားရှိခဲ့ကြောင်းနှင့် ထိုအထဲမှ ထွန်းထွန်းဦးအား ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ နှစ်အုပ်ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။


ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံ ရွှေလီမြို့ မှုခင်းရဲတပ်ဖွဲ့ နှင့်ဆက်သွယ်၍ ဝမ်တိန်မြို့နေ ဝမ်ချန်းအား ဖမ်းဆီးရမိရေး ညှိနှိုင်းဆောင်ရွက်မှုဖြင့် ဝမ်ချန်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ တီဗွီစင် အံဆွဲအတွင်းမှ ၁ဝဝဝဝ တန် နှစ်အုပ်တွေ့ရှိခဲ့သည်။ ဝမ်ချန်း၏ ထွက်ဆိုချက်အရ တရုတ်နိုင်ငံ ချန်ရွှီးပြည်နယ်နေ ရှီဟုန်ရွှေ့ထံမှ ရရှိခဲ့ကြောင်း သိရှိရပြီး ရွှေလီရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာငွေစက္ကူအတုများအား လက်ဝယ်ထားရှိသုံးစွဲသူ၊တစ်ဖက်နိုင်ငံမှ ငွေစက္ကူအတုများအား ပြည်တွင်းသို့ သယ်ဆောင်ဖြန့်ဖြူးသူ ထွန်းထွန်းဦး (ခ)ထွန်းထွန်း(ခ) အိုက်ထွန်း(ခ)အိုက်အုန်းနှင့် ဝင်းနိုင်တို့အား မြို့မစခန်း မူဆယ်(ပ) ၂၈၅/၂ဝ၁၄၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁ဝ၅/၁ဝ၆ ဖြင့် အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ၎င်းဖြစ်စဉ်တွင် ဖမ်းဆီးရရှိသည့် တစ်သောင်းတန် အရေအတွက်မှာ စုစုပေါင်း ၈၂၁ ရွက် ဖြစ်ကြောင်းသိရသည်။


သိန်းဇော် (ရွှေလီဦး)


The Mirror Daily

https://www.facebook.com/TheMirrorDaily






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/rngukCXMgS8/blog-post_224.html

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...