အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ Midi Z ဟာ မြန်မာပြည်ဖွား လားရှိုးသားဖြစ်ပြီး ၁၆ နှစ် အရွယ်တည်းက ထိုင်ဝမ်မှာ ကျောင်းသွား တက်ခဲ့ တယ်လို့ သိရပါတယ်။
အကောင်းဆုံး ဒါရိုက်တာအဖြစ် ဇကာတင်ရွေး ချယ်ခံထားရတဲ့ Ice Poison ရုပ်ရှင်ကားကို မြန်မာ-တရုတ်နယ်စပ်မှာ သူသွားရောက် ရိုက်ကူး ခဲ့တယ်လို့ သိရပါတယ်။
ရုပ်ရှင်ပါ အကြောင်းအရာက တောရွာနေ တောင်သူတဦးက သူ့ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ရှာဖွေရင်း နောက်ဆုံးမှာ မရှုမလှ ဘဝဇာတ်သိမ်းရတဲ့ အကြောင်းပါ။
ဒါရိုက်တာကတော့ ဒါဟာ အချစ်ကား ၁ ကားအဖြစ် ရိုက်ခဲ့တာပါလို့ ပြောပါတယ်။ ထိုင်ဝမ်မှာရုံတင်တော့ လက်မှတ် ၁ သန်းကျော် အရောင်း စံချိန်တင်ခဲ့ တယ်လို့ သိရပါတယ်။
By ဒီဗွီဘီ
http://ift.tt/1p9ciWT
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1xGVRzR
Comments
Post a Comment