Skip to main content

နိုင်ငံတကာသတင်းတိုများ နယ်ပိုင်နက်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တရုတ်ပြောကြား...



နိုင်ငံတကာသတင်းတိုများ



နယ်ပိုင်နက်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းရန် တရုတ်ပြောကြား



တရုတ်နိုင်ငံအနေဖြင့် နယ်ပိုင်နက် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းနေသောကြောင့် အငြင်းပွားမှုတွင် ပါဝင်နေသောနိုင်ငံများက အခြားသော အင်အားကြီးနိုင်ငံများနှင့် ပူးပေါင်းကာ စစ်အင် အား တိုးချဲ့ပြင်ဆင်နေခြင်းမှာ အကျိုးမရှိကြောင်း တရုတ် နိုင်ငံသမ္မတရှီကျင့်ဖင်က ပြောခဲ့သည်ဟု မေလ ၂၁ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ထိုင်းနိုင်ငံအတွင်းရှိ တရားမ၀င် ရေဒီယိုလိုင်းများပိတ်



ထိုင်းနိုင်ငံ၏ အမျိုးသားရုပ်သံ ထုတ်လွှင့်မှုနှင့် ဆက်သွယ်ရေးကော်မရှင်မှ နိုင်ငံအတွင်းရှိ လိုင်စင်မရှိသော ရေဒီ ယိုဌာနပေါင်း ၃၀၀၀ အား စစ်အုပ်ချုပ် ရေးဥပဒေနှင့်အညီ ပိတ်ပင်ခဲ့သည်ဟု မေလ ၂၁ ရက်က သည်နေရှင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



တောင်တရုတ်ပင်လယ်အရေးတရုတ်နှင့်ဗီယက်နမ် ဆွေးနွေး



ဗီယက်နမ်နိုင်ငံအတွင်း၌ လူအသေအပျောက်ရှိသည့် အဓိကရုဏ်များ ဖြစ်ပွားစေခဲ့သည့် တောင်တရုတ် ပင်လယ်ရေပိုင်နက် အငြင်းပွားမှုအတွက် ဗီယက်နမ်နှင့် တရုတ်အာဏာပိုင်များ အကြိတ်အနယ် ဆွေးနွေး လျက်ရှိပြီး သဘောတူညီမှုရရှိခြင်း မရှိသေးကြောင်း ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ သည်ဟု မေလ ၂၁ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



မော်စကို ရထားမတော်တဆမှု လူငါးဦးသေဆုံး



ရုရှနိုင်ငံ၊ မော်စကိုမြို့တောင်ပိုင်း၌ မေလ ၂၀ ရက်၌ ခရီးသည်တင် ရထားတစ်စင်း လမ်းချော်တိမ်းမှောက် ခဲ့ရာ လူငါးဦးသေဆုံးခဲ့ပြီး ၄၅ ဦး ဒဏ် ရာရရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ကြောင်း မေလ ၂၁ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



နာဆာမှ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကို ကာကွယ်ရန်ပြင်ဆင်



ကမ္ဘာကြီး ပူးနွေးလာမှုကြောင့် အမေရိကန်နိုင်ငံ၏ ပင်လယ်ကမ်းခြေတစ်လျှောက်ရှိ အမေရိကန် အာကာ သ အေဂျင်စီNASA ပိုင် သုတေသန စခန်းများနှင့် အဓိက ထွက်ပေါက်များတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကိုကာကွယ်မည့် အကာအရံများ ကို တည်ဆောက်ခဲ့ရသည်ဟု အမေရိကန်သိပ္ပံပညာရှင် များက ပြောကြားလိုက်ကြောင်း မေလ ၂၁ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1m7tvL3

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...