သတင်းအချက်အလက် ခိုးယူသည်ဟူသော အမေရိကန်စွပ်စွဲချက် တရုတ်ကန့်ကွက်
အေအက်ဖ်ပီ
ပေကျင်း၊ မေ ၂၁
တရုတ် စစ်ဘက်အရာရှိငါးဦးက အမေရိကန်ကုမ္ပဏီများ၏ ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်အချက်အလက် များ၊ အလုပ်သမားအဖွဲ့သတင်းများကို ကွန်ပျူတာမှတစ်ဆင့် ထောက်လှမ်းခိုးယူသည်ဟူသော အမေရိကန် ၏ စွပ်စွဲချက်ကို တုံ့ပြန်သည့်အနေဖြင့် ပေကျင်းမြို့ရှိ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအား တရုတ်အစိုးရက ကန့်ကွက်ခဲ့သည်ဟု မေလ ၂၁ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံ၏ စွပ်စွဲမှုအပေါ် တုံ့ပြန်မှုများ ဆက်လက်ပြုလုပ်သွားနိုင်သည်ဟုလည်း တရုတ်နိုင်ငံမှ ဆိုလိုက်သည်။
အမေရိကန်နိုင်ငံ၏ စွပ်စွဲမှုများကို တရုတ်နိုင်ငံမှ ငြင်းဆိုခဲ့သည်။ ထို့အတူ အမေရိကန်အနေဖြင့် စွပ်စွဲထား မှုများကို ပြန်လည်ရုပ်သိမ်းရန်လည်းတောင်းဆိုခဲ့သည်။
ထို့ကြောင့် “အမေရိကန်အနေနဲ့ ယခုလိုအပြုအမှုတွေကို ရပ်တန်းကရပ်ပြီး နားလည်အောင်ရှင်းပြဖို့ တရုတ် နိုင်ငံက တောင်းဆိုပါတယ်” ဟုလည်း ထပ်လောင်း ပြောကြားသွားခဲ့သည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/TwwJhK
Comments
Post a Comment