ဇနီးဖြစ်သူ အိမ်မှဆင်းသွားသဖြင့် ကြိုးဆွဲချသေဆုံး
ကျော်စိုးမိုး
ရန်ကုန်၊ မေ ၂၁
ဇနီးဖြစ်သူအိမ်မှဆင်းသွား၍ စိတ်ညစ်ပြီး ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ်တစ်ခု မေ ၂၀ ရက်၊ ညနေ ၃ နာရီ ၀န်းကျင်ခန့်က လှည်းကူးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ် ပြန်ထားသည်။
သေဆုံးသူမှာ လှည်းကူးမြို့နယ်၊ အင် ကြင်းကွင်းကျေးရွာနေ အသက် ၃၇နှစ် အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး လင်မယားချင်းစကားများ၍ ဇနီးဖြစ်သူအိမ်ပေါ်မှဆင်းသွားသည်ကို စိတ်ညစ်ကာ ကြိုးဆွဲချသေဆုံး ခြင်းဖြစ်သည်။
သေဆုံးသူသည် နေအိမ်ရှိ ၂၂ ပေခန့် မြင့်သော ထုတ်တန်းတွင် ၁၃ ပေခန့်ရှည်သော လုံးပတ်လက်သန်း လုံးခန့်ရှိ နိုင်လွန်ကြိုး အစိမ်းရောင်ချည်လျက် လည်ပင်းကွင်းစွပ်ကာ သေဆုံးနေပြီး အလောင်းကို လှည်း ကူးဆေးရုံမှ ပီအာရ်-၄၀ ဖြင့် လက်ခံထားသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန် ဒု-ရဲမှူး မောင် မောင်ဦး၏ တရားလိုပြု တိုင်တန်းမှုအား လှည်းကူးမြို့မ ရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၈/ ၁၄) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီကလည်း ကြည့်မြင်တိုင်မြို့နယ်တွင် လင်မယားချင်းစကားများရန်ဖြစ်ခဲ့သည့် ဇနီး မောင်နှံနှစ်ဦးတစ်ဦးအပေါ်တစ်ဦး သစ္စာရှိစွာချစ်ကြောင်း သက်သေပြသည့်အနေဖြင့် မိမိကိုယ်ကို ဓားဖြင့် ထိုးပြီး သေကြောင်းကြံစည်မှု ဖြစ်ခဲ့သေးသည်။
လမ်းမတော်မြို့နယ်တွင်လည်း အမျိုးသမီးတစ်ဦးသည် စီးပွားရေး အဆင်မပြေသဖြင့် အရက်ပျံသောက်၍ သေကြောင်းကြံစည်မှုတစ်ခု မေ ၁၈ ရက်ညက ဖြစ်ပွားခဲ့သေးသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1m7ttmu
Comments
Post a Comment