Skip to main content

ထိုင်းနိုင်ငံရေး အပြုသဘောဆောင်ဆွေးနွေးမှုဖြင့် အဖြေရှာရေး ဘန်ကီမွန်းတိုက်တွန်း စ...



ထိုင်းနိုင်ငံရေး အပြုသဘောဆောင်ဆွေးနွေးမှုဖြင့် အဖြေရှာရေး ဘန်ကီမွန်းတိုက်တွန်း



စံခလပူရီ၊ ဟင်္သာနီ (မွန်မြေ)| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ်



တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အုပ်ချုပ်ရေး ထုတ်လိုက်ရသည်အထိ ဆိုးရွားသွားခဲ့သည့် ထိုင်းနိုင်ငံရေးအခြေအနေအား အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုမျိုးဖြင့် အဖြေရှာစေလိုကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မေလ ၂၀ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ တိုက်တွန်းလိုက်သည်။



“ထိုင်းနိုင်ငံရဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေကို ကုစားနိုင်ဖို့ ဒီမိုကရေစီစံနှုန်းနဲ့ နည်းနာတွေကိုစံ ထားပြီးတော့ တွေ့ဆုံဆွေးနွေး ဖြေရှင်းသွားကြဖို့လိုကြောင်း”မစ္စတာဘန်ကီမွန်း၏ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။



မစ္စတာဘန်ကီမွန်းက ထိုင်းနိုင်ငံရေး အခြေအနေတိုးတက်မှုတို့အား အနီးကပ် စောင့်ကြည့်နေကြောင်း ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။



ထိုင်းကြည်းတပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာအနေနှင့် အံသြဖွယ်ရာ မာရှယ်လောထုတ် ပြန်မှုကို အချိန်တိုအတောအတွင်း အဆောတလျင် ကြေညာခဲ့ခြင်းဖြစ်ပြီး အခြားစစ်ဘက်ဆိုင်ရာနှင့် အိမ် စောင့် အစိုးရအရာရှိများနှင့် တိုင်ပင် ညှိနှိုင်းခြင်းမရှိခဲ့ဟု မေလ ၂၁ ရက်ထုတ် ဘန်ကောက်ပို့စ်သတင်း၌ ရေးသားဖော်ပြထားသည်။



ထိုသို့ ပြုလုပ်ရခြင်းမှာလည်း ထွက်ပေါက်မဲ့ပိတ်ဆို့မှုဖြစ်နေသည့် ထိုင်းနိုင်ငံရေး အကျပ်အတည်းအား ဖြေ ရှင်းနိုင်ရန် အလယ်အလတ်ကျသော ဖြေရှင်းရေး စင်မြင့်တစ်ခုအား ဖန်တီးခြင်းဖြစ်ကြောင်း ထိုင်းကြည်း တပ် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက ထိုင်းမီဒီယာများအား တုံ့ပြန် ပြောကြားထားပါသည်။



“စစ်အာဏာသိမ်းမယ်ဆိုရင် တည်ဆဲအခြေခံဥပဒေက အလိုလို ပျက်ပြယ်သွားမှာပါ။ အခု တည်ဆဲ အခြေခံဥပဒေပျက်ပြယ်သေးခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးအရတော့ အိမ်စောင့်အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေကို စစ်တပ်က တိုက်ရိုက်ဝင်ရောက် ပတ်သက်မှုမျိုးတွေ ရှိပါတယ်”ဟု ၎င်းကမဇ်္ဈိမသတင်း ဌာနသို့ ပြောကြားခဲ့သည်။



စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက်တွင် ဘန်ကောက် အခြေစိုက် အမှတ် (၁) စစ် ဒေသလက်အောက်ခံ အမှတ် (၉) တပ်မတော်မှ အင်အားအချို့ကိုထုတ်နုတ်၍ လုံခြုံရေး ယူရန်လည်ကောင်း၊ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအတွက် လည်ကောင်းတပ်အချို့ ပို့ဆောင်ပေးရကြောင်း အမှတ် (၉) တပ်မတော်မှ အမည်မဖော်လိုသည့် အရာရှိတစ်ဦးက ပြောသည်။



“ကျွန်တော်တို့ အမှတ် (၉) တပ်မတော်မှာ တပ်ရင်း ၁၈ ရင်းရှိတယ်။ အဲဒီထဲက တပ်ရင်းအလိုက် အချိုး ကျပေးပို့ရတာ။ အပြင်ကို လုံခြုံရေးအတွက် ၁၀ ယောက်လောက်နဲ့ စစ်ဘက်ထောက်လှမ်းရေးအတွက် လေးဦးလောက် ကျွန်တော်တို့ ဘန်ကောက်ကို ပို့ပေးရတယ်” ဟု အရာရှိကြီးမှ ဆိုပါသည်။



စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင်းရှိ နိုင်ငံရေးလှုံ့ဆော်မှုအတွက် အသုံးပြုနေသည့် ရုပ်/သံ ဌာန ၁၀ ခုနီးပါးနှင့် ရေဒီယိုထုတ်လွှင့်ရေးစခန်းအချို့တို့အား ထုတ်လွှင့်ခွင့် ပိတ်ပင်ခဲ့ကာ ထိုသို့ပြည် သူလူထုဆူပူစေရန် လှုံ့ဆော်မှု ပြုသူ၊ သတင်းဌာနတို့အား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မေလ ၂၀ ရက်တွင် စစ်အုပ်ချုပ်ရေး ထုတ်ပြန်ပြီးနောက် ဖွဲ့စည်းထားသည့် ငြိမ်ဝပ်ပိပြားရေးကွပ်ကဲရေး အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1m7twyp

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...