Skip to main content

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘော...



နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်တွင် ဖက်ဒရယ် ဖွင့်ဆိုချက် ထည့်ရန် တပ်မတော် သဘောတူ



ရန်ကုန်၊ မေ ၂၁



အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးရာ၌ အဓိက ကွဲလွဲမှုတစ်ရပ် ဖြစ်နေသော ဖက်ဒရယ်စနစ် ဖွင့်ဆိုချက်ကို တပ်မတော်က သဘောတူ လက်ခံလိုက်ပြီ ဖြစ်ကြောင်း တိုင်းရင်းသားများ ကိုယ်စားပြု အပစ်ရပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင်များက ပြောကြားသည်။



သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာ၌ မေလ ၂၁ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးမှုအပြီး ယင်းသို့ သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။



ဧပြီလဆန်းက ပြုလုပ်သော အပစ်ရပ်စာချုပ် ဆွေးနွေးပွဲတွင် တပ်မတော်က ဖက်ဒရယ်စနစ်ကို ကန့်ကွက်ခဲ့သော်လည်း ယနေ့ တွေ့ဆုံရာတွင် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဖက်ဒရယ် အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်သော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို တပ်မတော် ကိုယ်စားလှယ်များက လက်ခံလိုက်ခြင်း ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

“ဒီနေ့ (အပစ်အခတ်ရပ်စဲရေး စာချုပ်) အခြေခံမူ အားလုံးကို ဆွေးနွေးပြီးပြီ။ သဘောတူထားတဲ့ အနေအထား တွေ့ရတော့ တော်တော်အောင်မြင်တယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက သုံးသပ်သည်။



ဖက်ဒရယ်စနစ်ကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုမှုကြောင့် သဘောထား ကွဲလွဲမှုများ ရှိသော်လည်း ယခု တပ်မတော်က လက်ခံသော ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဟူသော ဟူသော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တိုင်းရင်းသားများကလည်း လက်ခံကြောင်း တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ရှင်းပြသည်။



အချက် ၁၂၂ ချက်ပါ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးဆွဲ ညှိနှိုင်းရာတွင် ဆွေးနွေးရန် ကျန်ရှိနေသော အချက်ပေါင်း ၄၅ ချက် ရှိပြီး ယခု ဆွေးနွေးပွဲတွင် အတက်နိုင်ဆုံး အလျှော့ပေး ညှိနှိုင်းမည် ဖြစ်ကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောကြားသည်။



နှစ်ရက်ကြာ ကျင်းပမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ဆွေးနွေးပွဲ ပထမနေ့တွင် အခြေခံမူများ အပါအဝင် အခန်း (၃) ခန်းကို ဆွေးနွေး သဘောတူထားပြီ ဖြစ်သည့်အတွက် မေလ ၂၂ ရက်နေ့ ဆွေးနွေးပွဲတွင် အခန်း ခုနှစ်ခု ပါဝင်သော စာချုပ်မူကြမ်း တစ်ခုလုံးကို ဆွေးနွေး ပြီးစီးဖွယ် ရှိကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်း အကြံပေးတစ်ဦးက ပြောဆိုသည်။



ယနေ့ ဆွေးနွေးပွဲသို တပ်မတော် ကိုယ်စားလှယ်များ အဖြစ် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ပါဝင် တက်ရောက်သည်။



အစိုးရနှင့် NCCT အဖွဲ့ ကိုယ်စားလှယ်များ ယခု ဆွေးနွေးပွဲတွင် သဘောတူညီထားမှုများကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် အသီးသီးထံ ပြန်လည်တင်ပြ အတည်ပြုမည် ဖြစ်ကြောင်း နှစ်ဖက်ခေါင်းဆောင်များက ဆိုသည်။







from The Voice Weekly's Facebook Wall http://ift.tt/1vJBFhE

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...