မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ကစားသမားများကို ထိခိုက်မှုအာမခံ ပြုလုပ်ပေးနေ
ရွှေဘုတ်
မြန်မာ့ရိုးရာလက်ဝှေ့ ကစားသမားများ အတွက် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှ ပထမဦးဆုံးအကြိမ် အဖြစ်IKBZ၊ Grand Guardian အစရှိသည့် အာမခံကုမ္ပဏီများနှင့်ချိတ်ဆက်၍ ပြီးခဲ့သည့် မေလ (၁၈) ရက်ကကျင်းပခဲ့သည့် မြန်မာနှင့်ထိုင်း နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှ စတင်ကာ ထိခိုက်မှု အာမခံ များ ပြုလုပ်ပေးနေ သည်ဟု ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အတွင်း ရေးမှူး ဦးစိုင်းဇော်ဇော်က ပြောသည်။
အာမခံထားရှိပေးမှု အခြေအနေနှင့် ပတ်သက်ပြီး “ပြီးခဲ့တဲ့ မြန်မာနဲ့ထိုင်းနိုင်ငံတကာ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကစပြီးတော့ ကစားသမားတွေကို အာမခံ ထားရှိပေးခဲ့တာပါ။ မြန်မာကစားသမားတွေ တင်မက ထိုင်းကစားသမားတွေပါ အာမခံထားပေးဖို့ လုပ်ခဲ့ပေမယ့် နိုင်ငံခြားသားအာမခံက အ ခက်အခဲတချို့ရှိလို့ မလုပ်ပေး ဖြစ်ခဲ့တာပါ။ အဲဒီနေ့ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာကစားသမား ၁၇ ယောက်အနက် ခြောက်ယောက်ကနောက်ကျနေလို့ ၁၁ ယောက်ပဲ လုပ်ပေးဖြစ်ပါတယ်။ တစ်နှစ် အာမခံ ပြုလုပ်ပေးခဲ့ပြီး ထိခိုက်မှုနည်းရင် ခြောက်သိန်း၊ ပြင်းထန်ရင် သိန်း ၃၀ အထိ ဒဏ်ရာအနည်းအများကိုလိုက်ပြီး လျော် ကြေး ရရှိမှာပါ။ နောက်ပိုင်းပြိုင်ပွဲတွေမှာလည်း ကစားသမားတွေအားလုံးကို အာမခံပြုလုပ်ပေးသွား မှာပါ” ဟု ဦးစိုင်းဇော်ဇော် က မဇိ္ဈမသို့ ပြောသည်။
လက်ဝှေ့ပြိုင်ပွဲဆိုသည်မှာ တစ်ဦးနှင့် တစ်ဦးထိခိုက်ဒဏ်ရာရရှိမှု အများဆုံး အားကစားနည်း ဖြစ်သည့် အတွက် မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ ယခုကဲ့သို့ ထိခိုက်မှု အာမခံထားရှိပေးသည့်အပြင် နောင်လာ မည့် ပြိုင်ပွဲများတွင်လည်း ကစားသမားများအတွက် အာမခံလုပ်ပေးရန် စီစဉ်ထားသည်။
from Mizzima - News in Burmese's Facebook Wall http://ift.tt/1m7twyD
Comments
Post a Comment