Skip to main content

မိုးတွင်းမှာ ရေစိုခံစမတ်ဖုန်းတွေကိုအလဲထိုးမယ့် Sony Xperia Z2 မောင်မန်း ရန်ကုန...



မိုးတွင်းမှာ ရေစိုခံစမတ်ဖုန်းတွေကိုအလဲထိုးမယ့် Sony Xperia Z2



မောင်မန်း



ရန်ကုန်၊ မေ ၂၁



မိုးရာသီကို ရောက်လာတဲ့အချိန်မှာ Sony တို့က သူတို့ရဲ့ Z2 ကို ရေစိုခံနိုင်တယ်ဆိုတဲ့ စမတ်ဖုန်းတွေ အားလုံးကို စိန်ခေါ်နိုင်ဖို့ ရည်ရွယ်တည်ဆောက်ထားပုံပါပဲ။ ရေစိုခံတဲ့ဖုန်းတွေထဲက ဒီစမတ်ဖုန်းကို ရွေးချယ်ဖော်ပြရတဲ့ အဓိကအချက်တွေကို လေ့လာကြည့်ရအောင်။



ရေစိုခံနိုင်တဲ့ဖုန်းတွေ ချစီကြည့်တဲ့အခါ



ရေစိုခံနိုင်တဲ့ စမတ်ဖုန်းတွေကို အပြိုင်ထုတ်လာတဲ့အချိန်မှာ Sony တို့က သူတို့ရဲ့ Z စီးရီးကို ရေအောက်အနက် တစ်မီတာမှာ မိနစ် ၃၀ အထိ အထားခံနိုင်တယ်ဆိုတဲ့ အထိ ကို စိန်ခေါ်ခဲ့တာပါ။ Z2 မှာလည်း ရေစိုခံနိုင်မှုက Z စီးရီးတွေရဲ့ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ဖုန်၊ သဲ စတာတွေ မ၀င်နိုင်ဖို့ကာ ကွယ်တဲ့နေရာမှာလည်း Z2 တို့က စမတ်ဖုန်းလော ကကို စိန်ခေါ်နိုင်ခဲ့ပါတယ်။ Z စီးရီးတွေဟာ စမတ်ဖုန်းလောကကို စိန်ခေါ်ခဲ့တဲ့နေရာမှာ ရေစိုခံနိုင်မှုတစ်ခု တည်းတော့ မဟုတ်ပါဘူး။



ပညာရှင်အဆင့်ကင်မရာတွေကို စိန်ခေါ်



ထိပ်တန်းစမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ကင်မရာ အရည်အသွေးကောင်းတွေနဲ့ ထုတ်လုပ်ကြပါတယ်။ ဒီနေရာမှာ Sony တို့က Z စီး ရီးကို အကောင်းဆုံးပုံစံနဲ့ ပွဲထုတ်ခဲ့တာပါ။Z2 မှာဆိုရင် ကင်မရာအရည်အသွေးက 20.7 MP တပ်ဆင် ထားပါတယ်တဲ့။ ပညာရှင်အဆင့် ကင်မရာတွေမှာ သုံးတဲ့ Mega Pixel နဲ့ အတူတူလောက်ရှိတဲ့အတွက် ပုံထွက်အရည်အသွေးမှာ အခြားစမတ်ဖုန်းတွေကို စိန်ခေါ်နိုင်ပါတယ်။ နောက်တစ်ချက်ထူးတာက ရေ အောက်မှာ ရိုက်နိုင်တာပါ။ ဒီ့အပြင် ဗွီဒီယိုဖိုင်တွေကို 4K Video ရိုက်နိုင်တယ်ဆိုတဲ့အချက်က Sony တို့ရဲ့Z2 ကို ရွေးချယ်စေမယ့်အချက်ပါပဲ။



ဒီဇိုင်းနဲ့ပတ်သတ်ရင် အရှုပ်အရှင်းကင်း



ဘယ်ဖုန်းကို ဘယ်ဖုန်းက ဒီဇိုင်းပိုင်း ကူးယူပါတယ်လို့ အပြန်အလှန်တရားစွဲနေကြတဲ့အချိန်မှာ Sony တို့ က အရှုပ်အရှင်းကင်းတယ်လို့ ဆိုရပါမယ်။ သူတို့ရဲ့လေးထောင့်ဆန်ဆန် ဒီဇိုင်းနဲ့ တစ်ကမ္ဘာလုံးက အသုံး ပြုသူတွေကို သိမ်းသွင်းထားပါတယ်။ ၅ ဒသမ ၂ လက်မ မျက်နှာပြင်ဟာ နောက်ဆုံးထွက် စမတ်ဖုန်း တွေထဲမှာ ထူးထူးခြားခြား ပေါ်လွင်နေပါတယ်။



မျက်နှာပြင်အရည်အသွေး



မျက်နှာပြင်အရည်အသွေးကို ကြည့်ရင် Z2 တို့က သူတို့ရဲ့မျက်နှာပြင်ကို HD အရည်အသွေးရရှိအောင် စီရင်ထားပါတယ်။1080 x 1920 pixels အရည်အသွေး ရှိပါတယ်။ IPS LCD မျက်နှာပြင်ကို အသုံးပြု ထားတဲ့ Sony တို့ဟာ စမတ်ဖုန်းလောကကို ကောင်းကောင်းစိန်ခေါ်နိုင်မှာ ဖြစ်ပါတယ်။



စွမ်းဆောင်မှုပိုင်းမှာ ထိပ်တန်းစာရင်းဝင်



Android ရဲ့နောက်ဆုံး Version ဖြစ်တဲ့ Android Version 4.4.2 (Kitkat)ကို သုံးထားတဲ့ ဒီဖုန်းကို ဘယ် Android OS သုံးဖုန်းက ယှဉ်ပြိုင်မှာလဲ။



Quad-core 2.5 GHz Krait 400 CPU ကိုသုံးထားပါတယ်။ Memory ကိုတော့ 16 GB တစ်မျိုးပဲ ထည့် သွင်းတည်ဆောက်ထားတဲ့အတွက် အခြားဖုန်းတွေလို Memory များတာကို ရွေးချယ်ခွင့်တော့ မရှိပါဘူး။ ဘက်ထရီကတော့ Li-Lon 3200 mAh ကို သုံးထားပါတယ်။ ၁၅ နာရီကနေ ၁၉ နာရီ အထိ အပြောခံပါ တယ်လို့ ဆိုပါတယ်။ ဒီလို စွမ်းဆောင်ရည်တွေနဲ့ Z2 ကို ပြည်တွင်းဈေးကွက်မှာ ကျပ် ၆၃၉,၀၀၀ ၀န်းကျင် နဲ့ ကြိုတင်မှာ ယူနိုင်နေပြီဖြစ်ပါတယ်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/TwwDqo

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...