Skip to main content

Facebook က Relationship status နှင့် ပတ်သက်သော် feature မိတ်ဆက် CNET ကယ်လီဖိုး...



Facebook က Relationship status နှင့် ပတ်သက်သော် feature မိတ်ဆက်



CNET



ကယ်လီဖိုးနီးယား၊ မေ ၂၁



လူသုံးအများဆုံး လူမှုကွန်ရက် ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Facebook က feature သစ်များ အဆက် မပြတ် ထုတ်လုပ်နေရာ မေလ ၂၀ ရက်က သုံးစွဲသူများ၏ Relationship status အား မေးမြန်းနိုင်မည့် feature သစ်တစ်မျိုးကို မိတ်ဆက်ခဲ့သည်။



Facebookက လွန်ခဲ့သောအချိန်များတွင် အသုံးပြုသူများအချင်းချင်း အလုပ်ကိုင်နေရာ၊ တက်ရောက်ခဲ့ သည့် ကျောင်းအစရှိသည်တို့ကို မေးမြန်းနိုင်သည့် “Ask” ဟူသည့် feature အား ထုတ်လုပ်ခဲ့ပြီး မေလ ၂၀ ရက်တွင် Relationship status နှင့် ပတ်သက်ပြီး ထပ်မံမိတ်ဆက်ခြင်း ဖြစ်သည်။



အဆိုပါ feature သစ်မှာ အသုံးပြုသူတစ်ဦးက မိမိ၏ Relationship status အား ဖော်ပြမထားသေးပါက အခြားအသုံးပြုသူတစ်ဦးမှ မိမိအားချိန်းတွေ့ကာ မိမိတွင် Relationship ရှိ၊ မရှိကို မေးမြန်းနိုင်ခြင်းဖြစ် သည်။ ယင်း “Ask” button မှာ အသုံးပြုသူ၏ Relationship ဖော်ပြမည့်နေရာတွင် ပေါ်လွင်နေမည်ဖြစ် သော်လည်း ကာယကံရှင်ကိုယ်တိုင်ကမူ မြင်တွေ့နိုင်ခြင်းရှိမည် မဟုတ်ချေ။



အသုံးပြုသူတစ်ဦးမှ မိမိစိတ်ဝင်စားနေသူတစ်ဦးတွင် Relationship မရှိသေးလျှင် Ask နှိပ်ကာ ၎င်း၏ Relationship အကြောင်း မေးမြန်းနိုင်မည်ဖြစ်ပြီး စိတ်ဝင်စားပါက မိမိနှင့် အပြင်တွင်ချိန်းတွေ့နိုင်မည့် အခွင့်အရေးကို ရရှိမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန် မိမိမေးမြန်းမည့်သူမှာ မိမိနှင့် Friend ဖြစ်နေရမည် ဖြစ်သည်။ မိမိ၏ Relationship status နှင့် ပတ်သက်ပြီး အမေးမြန်းခံရသူမှာ notification ပေါ်လာမည် ဖြစ်ပြီး မိမိတွင် ချစ်ကြိုက်ထားသည့်သူ ရှိ၊ မရှိ၊ လက်ထပ်ထားသည့်သူ ရှိ၊ မရှိကို အဖြေပေးရမည် ဖြစ် သည်။ အဆိုပါ အဖြေအား မေးမြန်းသည့်သူကသာ မြင်တွေ့သွားနိုင်မည်ဖြစ်ပြီး မိမိ၏ timeline တွင် ပေါ်နေမည်မဟုတ်ကြောင်း Facebook က ပြောကြားခဲ့သည်။



လက်ရှိအချိန်တွင် Facebook ၏ အဆိုပါ Relationship status feature သစ်နှင့် ပတ်သက်၍ အသုံးပြု သူများဘက်မှ ဝေဖန်သံများထွက်ပေါ်နေပြီး ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အချက်အလက်အား အတင်းအ ကျပ် ဖော်ပြစေခြင်းဖြစ်ကြောင်း Facebook မှ အွန်လိုင်းချိန်းဆိုမှုဘက်သို့ ဦးတည်နေကြောင်း ပြစ်တင် ပြောဆိုမှုများရှိ နေသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/TwwFP4

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...