Skip to main content

အငှားယာဉ်ကို လုယူထွက်ပြေးပြီး ယာဉ်ထိန်းရဲကို ထိုးကြိတ်မှုဖြစ် ဖြိုးဝေလင်း ရန်ကု...



အငှားယာဉ်ကို လုယူထွက်ပြေးပြီး ယာဉ်ထိန်းရဲကို ထိုးကြိတ်မှုဖြစ်



ဖြိုးဝေလင်း



ရန်ကုန်၊ မေ ၂၁



AA နံပါတ်နှင့် အငှားယာဉ်တစ်စီးအား လုယူမောင်းနှင်လာသူ တစ်ဦးသည် အင်းလျားလမ်းနှင့်တက္ကသိုလ် ရိပ်သာလမ်းထောင့်တွင် ယာဉ်သုံးစီးကိုဆင့်တိုက်ပြီး ယာဉ်ထိန်းရဲတစ်ဦးကိုထိုးကြိတ်ခဲ့သည့် ဖြစ်စဉ် တစ်ခု မေလ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီဝန်းကျင်က ဖြစ်ပွားခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့သူ ဦးသီဟစိုးက ပြောသည်။



ဖြစ်ပွားပုံမှာ အင်းယားလမ်းအတိုင်း ဦးစိုးမိုးမောင်းနှင်လာသည့် AA အငှားယာဉ်ကို ကွန်ပျူတာ တက္ကသိုလ် ရှေ့တွင် အမျိုးသားတစ်ဦးက ငှားရမ်းပြီး ယာဉ်နောက်ခန်းပေါ်သို့တက်ကာ ယာဉ်မောင်းဦးစိုးမိုးကို ထိုး ကြိတ်ခဲ့ခြင်းဖြစ်သည်ဟု ဗဟန်းမြို့မရဲစခန်းမှ ဒု-ရဲအုပ်ထွန်းမွှေးက မဇ္ဈိမကို ပြောသည်။



“လုတဲ့သူက ယာဉ်မောင်းကို နောက်ကနေထိုးတော့ ယာဉ်မောင်းက ကားကိုရပ်ပြီး ဆင်းပြေးတာ။ အဲဒီ အချိန်မှာကားကို မောင်းပြေးသွားတာ။ ပိုင်ရှင်ကလည်း နောက်ထပ်တက္ကစီတစ်စီးငှားပြီး သူ့ကားနောက် ကိုလိုက်တော့ ယာဉ်တိုက်မှုဖြစ်နေတာကို တွေ့တာ”ဟု ၎င်းက ဆိုသည်။



အငှားယာဉ်ကို လုယူပြီး မောင်းနှင်ထွက်ပြေးသူမှာ ကြည့်မြင်တိုင်မြို့နယ်အတွင်း နေထိုင်သူဖြစ်ပြီး မူးယစ် ဆေးဝါးသုံးစွဲထားခြင်း ရှိ၊ မရှိကိုလည်း ရန်ကုန်ဆေးရုံကြီးတွင် ဆေးစစ်နေသည်ဟု ဒု-ရဲ အုပ်ထွန်းမွှေးက ပြောသည်။



“သူ့ပုံစံက ပုံမှန်အနေအထားမဟုတ်ဘူး။ မူးယစ်ဆေးတွေ သုံးစွဲထားတဲ့ပုံပဲ။ မူမမှန်ဘူး။ ကျွန်တော့ကား ကို မတိုက်ခင် တက္ကစီနှစ်စီးကို တိုက်လာသေးတယ်။ နောက်ဆုံး ကျွန်တော့ကားကို တိုက်ပြီးမှ ရပ်သွား တာ”ဟု မျက်မြင်တွေ့ရှိသူ ဦးသီဟစိုးက ဆိုသည်။



အထက်ပါ အငှားယာဉ်အားမောင်းနှင်လာသူသည် တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းထောင့် မရောက်ခင်ကတည်းကပင် ယင်းကား၏ ရှေ့ယာဘီးတာယာကွဲနေပြီး ယာဉ်တိုက်မှုဖြစ်ပြီးနောက် ရောက်ရှိလာသည့် ယာဉ်ထိန်းရဲတစ်ဦးကိုလည်း ထိုးကြိတ်ခဲ့သည်ဟု ၎င်းက ပြောသည်။



ယာဉ်ထိန်းရဲကို ထိုးကြိတ်ခဲ့သည်မှာ မှန်ကန်သော်လည်း ဒဏ်ရာပြင်းပြင်းထန်ထန် မရရှိသည့်အတွက် အမှုဖွင့်တိုင်တန်းခြင်းမရှိဟု ကမာရွတ်ယာဉ်ထိန်းတပ်ဖွဲ့ရုံးက ဒု-ရဲမှူးအဆင့်ရှိ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦး က ပြောဆိုခဲ့သော်လည်း မျက်မြင်သက်သေများက ထိုးကြိတ်ခြင်းခံခဲ့ရသည့် ယာဉ်ထိန်းရဲမှာ ဒဏ်ရာ အနည်းငယ်များသည်ဟုဆိုသည်။



“ကားရပ်သွားလို့ ရဲနှစ်ယောက်ရောက်လာတော့ တစ်ယောက်က အဲဒီကားသော့ကို ဖြုတ်နေတဲ့အချိန် ထိုးလိုက်တာ။ ဒဏ်ရာကတော့ တော်တော်များတယ်။ ရန်ကုန်မြို့လယ်ခေါင်မှာ နိုင်ငံခြားကားတွေထဲက အတိုင်း အုတ်အော်သောင်းနင်းကို ဖြစ်သွားတာ”ဟု ၎င်းက ဆိုသည်။



အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ လူကိုထိခိုက်နာကျင်အောင်ပြုလုပ်ပြီး ယာဉ်ကို လုယူမောင်းနှင် ထွက်ပြေး သူ စိုးပြည့်မော် (၃၀)ကို အရေးယူပေးပါရန် ဒု-ရဲအုပ်ထွန်းမွှေး၏ တရားလိုပြု တိုင်တန်းချက်ကို ဗဟန်းမြို့ မရဲစခန်းက(ပ)၂၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှု ကျူးလွန်သူကို စစ်ဆေးလျက်ရှိသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/TwwDqy

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...