Skip to main content

ငြိမ်းချမ်းရေး ဆောင်ရွက် နေချိန် ပုဒ်မ ၁၇ (၁) မရှိသင့် SNLD ပြော



နိုဝင်ဘာ ၁၈ ရက် ၂၀၁၄

အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် မတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဥပဒေကို မကျင့်သုံးသင့်ကြောင်း ၊ ခေတ္တ ရပ်နားထားသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD အထွေထွေ အတွင်းရေးမှုး ဦးစိုင်းညွန့်လွင်က ပြောသည်။


“ငြိမ်းချမ်းရေး ရဖို့တွက် ဆွေးနွေးတယ် ဆိုတဲ့အခါမှာ ဒီဥပဒေပုဒ်မတွေကို ကျင့်သုံးနေမယ်ဆိုရင် ကျနော်တို့အတွက် အများကြီးအန္တရာယ်ရှိတယ်” ဟု ၄င်းကပြောသည်။


မတရားအသင်းဆက်သွယ်မှု ၁၇(၁) ပုဒ်မ ဥပဒေကြောင့် လူထုအနေဖြင့် ငြိမ်းချမ်းရေးကိစ္စများတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ ဖမ်းဆီးထောင်ချခြင်းများ ကြုံတွေ့နေရသည့်အတွက်ငြိမ်းချမ်းရေးတွင်လူထုပါဝင်မှုအားနည်းနေသည်ဟုသိရသည်။


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ဒုတိယ ဥက္ကဌရဲဘော်မျိုးဝင်းက “ ၁၇ (၁) ဘယ်လောက်အရေးကြီးလဲဆိုတာ ကျနော်တို့ လှုပ်ရှားမှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို တချို့လူတွေက ဒီဥပဒေရှိတဲ့အတွက်ကြောင့် သူတို့မလာချင်ဘူး ဆိုပြီးဖြစ်လာတယ်။ ကြောက်ရင်လည်း ကြောက်မှာပေါ့” ဟုဆိုသည်။


ABSDF အနေနှင့် ကျဆုံးသွားသောရဲဘော်များအားတစ်နိုင်ငံလုံးကိုယ်စားပြု ဂုဏ်ပြုပွဲများ လုပ်မည်ဆိုလျှင် ပုဒ်မ ၁၇ (၁) ကြောင့်လွတ်လွတ်လပ်လပ်လုပ်ဆောင်ခွင့်မရဘဲ အစိုးရနှင့်ညှိပြီးလုပ်ရသည်။ ပြည်နယ်အစိုးရနှင့်လည်းညှိရသည်ဟု ၄င်းကပြောသည်။


“အစိုးရအနေနဲ့၁၇ (၁) ကိုကိုင်ထားတယ်ဆိုတာကျနော်တို့ သွားလာလှုပ်ရှားမှုကို သိနိုင်ဖို့အတွက် အဓိကလုပ်ထားတာဘဲ” ဟု ၄င်း၏အမြင်ကိုပြောသည်။


အစိုးရနှင့်ငြိမ်းချမ်းရေးဆွေးနွေးနေသောလက်နက်ကိုင်အဖွဲ့အစည်းများကို မတရားအသင်း သတ်မှတ်ထားသည့်အတွက် ငြိမ်းချမ်းရေးတွင် လူထုပါဝင်နိုင်ရန် အဟန့်အတားတစ်ခုဖြစ်နေကြောင်း တိုင်းရင်းသားရေးရာနှင့်ပြည်တွင်းငြိမ်းချမ်းရေးကော်မတီဝင် ဒေါ်ဒွဲဘူ ကပြောသည်။


အစိုးရအနေဖြင့် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးလျှင် မတရားအသင်းကိုဖျက်သိမ်းဖို့ နှစ်ဘက်သဘောတူညီမှု ရထားပြီး ငြိမ်းချမ်းရေးဆွေးနွေးသည့်အခါ ခေတ္တ ဖြုတ်ထားကြောင်း မြန်မာငြိမ်းချမ်းရေးဗဟိုဌာနMPC မှအပစ်အခတ်ရပ်စဲရေးဒါရိုက်တာဒေါက်တာမင်းဇော်ဦးက ပြောပါသည်။


သျှမ်းသံတော်ဆင့်/ဆိုင်ဖူး

http://ift.tt/1lQu8oX






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1Af4Z3t

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...