Skip to main content

အူရီးဒူး၏ Mobile Money ငွေပေးချေမှုစနစ်အတွက် စီဘီဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်မည်...



အူရီးဒူး၏ Mobile Money ငွေပေးချေမှုစနစ်အတွက် စီဘီဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်မည်



စ, ချိုကို| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်



ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ကိုင်ခွင့်လိုင်စင်ရရှိထားသော အူရီးဒူးက မိုဘိုင်းပေါ်မှ ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်နိုင်သည့် Mobile Money ၀န်ဆောင်မှုများ စတင်ရာတွင် ငွေကြေးဝန်ဆောင်မှုများအတွက် ပြည်တွင်းဘဏ်တစ်ခု ဖြစ်သည့် စီဘီဘဏ်နှင့် လုပ်ကိုင်သွားမည်ဖြစ်သည်ဟု အူရီးဒူး၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညိုက မဇ္ဈိမကို ပြောသည်။



ဒေါ်သီရိကြာညိုက “အူရီးဒူးရဲ့ Mobile Money ၀န်ဆောင်မှုမှာ ငွေလွှဲပို့ချင်တဲ့သူတွေ၊ ငွေထုတ်ချင်တဲ့သူ တွေက စီဘီဘဏ်က ဘဏ်ခွဲတွေ၊ ခန့်အပ်ထားတဲ့ ကိုယ်စားလှယ်တွေဆီမှာ ထုတ်ယူလို့ ရမှာဖြစ်ပါတယ်။ Mobile Money ၀န်ဆောင်မှုမှာ အူရီးဒူးအော်ပရေတာကသုံးတဲ့ ဆင်းမ်ကတ်အပြင် အခြား မြန်မာ့ဆက် သွယ်ရေး၊ တယ်လီနောရဲ့ ဆင်းကတ်သုံးတဲ့သူတွေပါ လွှဲပို့လို့ရအောင် ချိတ်ဆက်လုပ်ကိုင်သွားမှာ ဖြစ်ပါ တယ်” ဟု ပြောသည်။



အခြားအော်ပရေတာများ၏ ကွန်ရက် နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန်အတွက်လည်း ညှိနှိုင်းဆောင်ရွက်နေ ပြီး သဘောတူညီမှုများ ရရှိထားသည်ဟုလည်း ၎င်းက ဆိုသည်။



မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များချိတ်ဆက်အသုံးပြုနိုင်သည့် အချိန်မှသာ Mobile Money ကို စတင်ဝန် ဆောင်မှုပေးမည်ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Ross Cormack က ပြောကြားထားသည်။

အူရီးဒူး၏Mobile Money ၀န်ဆောင်မှု အသုံးပြုသူများအနေဖြင့် စီဘီဘဏ်၏ ဘဏ်ခွဲများနှင့် ဘဏ်က ခန့်အပ်ထားသည့် ကိုယ်စားလှယ်များထံတွင် ငွေပေးပို့ခြင်း၊ ငွေထုတ်ယူခြင်းများ ပြုလုပ်ရာတွင်လုပ်ဆောင် ရမည်ဖြစ်သည်။



စီဘီဘဏ်၏မန်နေဂျာ ဦးအုန်းသိန်းဦးက“Mobile Moneyကို ချိတ်ဆက် လုပ်ကိုင်ရာမှာ အဲဒီဝန်ဆောင်မှု မှာသုံးတဲ့ ငွေကြေးအကောင့်ကို ဘဏ်မှာလာဖွင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။Mobile Money သုံးတဲ့ သူ တွေ ဘဏ်မှာ ငွေကြေးလာထုတ်ယူနိုင်တာမျိုးပါ” ဟု မဇ္ဈိမကို ပြောသည်။



စီဘီဘဏ်သည် နိုင်ငံတကာငွေပေးချေမှု ကတ်များဖြစ်သော Visa ၊ Master ကတ်များကို အသုံးပြုနေပြီး Mobile Banking စနစ်ကိုလည်း ၀န်ဆောင်မှုပေးရန် လုပ်ကိုင်ဆောင်ရွက်နေသည်။ အူရီးဒူးနှင့် အခြား လိုင်စင်ရ အော်ပရေတာများ ရရှိထားသော ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်သည် မိုဘိုင်းဆက်သွယ် ရေး၊ အင်တာနက် ၀န်ဆောင်မှုများအပြင် Mobile Money ၀န်ဆောင်မှုများကိုပါ လုပ်ကိုင်ခွင့် ရထားသည်။



Mobile Money ၀န်ဆောင်မှုကို အင်းဝဘဏ်က ၂၀၁၄ ဇန်န၀ါရီက စတင် ၀န်ဆောင်မှုပေးလျက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးကွန်ရက်နှင့် ချိတ်ဆက်အသုံးပြုထားခြင်း ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1uzM0JG

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...