Skip to main content

သိမ်းဆည်းမြေများ ပြန်ပေးရန် ကြန့်ကြာနေပါက တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်ပွား...



သိမ်းဆည်းမြေများ ပြန်ပေးရန် ကြန့်ကြာနေပါက တောင်သူလယ်သမားအရေးတော်ပုံကြီး ဖြစ်ပွားနိုင်



အောင်ကိုဦး| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်



သိမ်းဆည်းခံထားရသော လယ်ယာမြေများ၂၀၁၄ခုနှစ် မကုန်မီပြန်လည်ပေးအပ်မှသာ စစ်မှန်သည့် အစိုးရအဖြစ် ယုံကြည်မှုရှိလာမည်ဖြစ်ပြီး၊ ၂၀၁၅ မတိုင်ခင် ပေးရန် ကြန့်ကြာနေပါက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တောင်သူလယ်သမားအ ရေးတော်ပုံကြီးဖြစ်ပွားနိုင်သည်ဟု တောင်သူလယ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ပြောဆိုသည်။



စစ်တပ်က သိမ်းဆည်းလယ်ယာမြေ များ ပြန်လည်စွန့်လွှတ်ပေးရန် နှောင့်နှေး နေခြင်းကြောင့် မန္တလေး တိုင်းအတွင်း ထွန်တုံးတိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်ဟု တောင်သူလယ်သမားများအရေး စောင့် ကြည့်သုတေသနပြုနေသောအဖွဲ့မှ ဦးကျော်ကျော်မိုးက ပြောသည်။



“ကျွန်တော်တို့အဖွဲ့က စောင့်ကြည့် သုတေသနပြုတဲ့အဖွဲ့ပါ။ တပ်ကစွန့်လွှတနေတဲ့ မြေပမာဏက နည်း နေသေးတယ်။တချို့ပိုလျှံနေတဲ့မြေတွေက ပုဂ္ဂလိကနဲ့ နှစ်ရှည်အကျိုးတူ လုပ်ထားတာတွေဆိုတော့ သူတို့ ဘက်မှာလည်း အခက်အခဲအများ ကြီးရှိတယ်ဆိုတာ နားလည်တယ်။ အခုဖြစ် နေတာတွေက တောင်သူနဲ့ သူတို့ သီးစားချထားတဲ့ သူတွေနဲ့ တိုက်ရိုက်ပြဿနာဖြစ် တာများတယ်။ ဒါကိုလည်းတပ်ပိုင်းက ပြီး ပြတ်အောင် ဖြေရှင်းပေးသင့်တယ်”ဟု ဦး ကျော်ကျော်မိုးက ပြောသည်။



ပုဒ်မအမျိုးမျိုးတပ် တရားစွဲခံနေရ သည့် တောင်သူ ၆၀ ကျော်ရှိသည်။ အ ဆိုပါမြို့နယ်တွင် စစ်တပ်နှင့် ၀န်ကြီးဌာန က သိမ်းဆည်းထားသော လယ်ယာမြေ တစ်သိန်းကျော်ရှိပြီး ယင်းလယ်ယာမြေ များကို အကြောင်းအမျိုးမျိုးပြသိမ်းယူကာ နစ်နာကြေးခြင်းမရှိကြောင်း ဆိုသည်။



“လယ်ယာမြေတွေ မူလပိုင်ရှင်လက်ထဲ ရောက်ဖို့ ကြန့်ကြာနေတာကတော့ တိုင်းအစိုးရအဖွဲ့ အဂတိ လိုက်စားနေလို့ပဲ။ အမှန်တယ်စွန့်ထားတဲ့ မြေကိုတော့ အမြန် ဆုံးပြန်လည်ပေးစေချင်တယ် ”ဟု မတ္တရာ မြို့နယ်မှ တောင်သူတစ်ဦးက ပြောသည်။



ကျောက်ပန်းတောင်းမြို့နယ်တွင် လည်း တောင်သူ၂၀၀ကျော် တရားစွဲဆိုခံ ရပြီး ကျောက်ပန်းတောင်း မြို့ နယ် တရားရုံး တွင် အမှုရင်ဆိုင်နေရသည်။



တပ်သိမ်းမြေများ ပြန်လည်ရရှိရေးမှာ မန္တလေးတိုင်းအစိုးရအဖွဲ့တွင်လည်း တာဝန်ရှိကြောင်း၊ တိုင်းဒေ သကြီးအစိုးရအဖွဲ့ က ဆောင်ရွက်ရာတွင် ဘက်လိုက်မှုနှင့် အဂတိ လိုက်စားမှုများရှိသောကြောင့် နှောင့် နှေးနေသည်ဟု ဝေဖန်ပြောဆိုသည်။



မန္တလေးတိုင်းအတွင်းရှိ လယ်သိမ်းခံ တောင်သူများက သိမ်းဆည်းမြေများ ပြန် လည်ရရှိစေရန် ထွန်တုံး တိုက်ပွဲများဆက် တိုက်ဆင်နွှဲရန် စီစဉ်လျက်ရှိပြီး ဇွန်လ၁၇ ရက်တွင်လည်း မြစ်သားမှ စစ်တပ်က သိမ်း ယူထားသော လယ်ယာမြေများကို ပြန် ရရန် ထွန်တုံးတိုက်ပွဲဝင်မည်ဖြစ်သည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1uzLYlh

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...