Skip to main content

ချပ်သင်းဘေးမဲ့တောတွင် ရွှေသမင်များ လျော့နည်းလာ အောင်ကိုဦး| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက...



ချပ်သင်းဘေးမဲ့တောတွင် ရွှေသမင်များ လျော့နည်းလာ



အောင်ကိုဦး| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်



စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ချပ်သင်းတောရိုင်း တိရစ္ဆာန်သဘာဝဘေးမဲ့ တောတွင် သစ်တောများ ပြုန်းတီးလာသောကြောင့် ရွှေသမင်များ လျော့နည်းလာပြီး မျိုးတုံးပျောက်ကွယ်သွားမည်ကို ဒေသခံများက စိုးရိမ်နေသည်။ အဆိုပါ ဘေးမဲ့တောအတွင်း သစ်ခိုးထုတ်မှုများနှင့် မုဆိုးများ၏ ပစ်ခတ်မှုကြောင့် ရွှေသမင်များ လျော့နည်းလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။



“ရွှေသမင်တွေက မိုးခေါင်တဲ့ ဒဏ်ကို ခံနိုင်တယ်။ သူ့ကျင်ငယ်ရေ ပြန်သောက်ပြီး နေနိုင်တယ်။ ဒါပေမဲ့ သူတို့မှာ နေဖို့နေရာ မရှိတော့ဘူး။ လုံခြုံမှုမရှိတော့ဘူး။ ဒါတွေ ကြောင့် ရွှေသမင်တွေပျောက်ကွယ်လု ဖြစ် နေတာပါ”ဟု အငြိမ်းစားသစ်တောဝန် ထမ်းဟောင်းတစ်ဦးက ပြောသည်။



သစ်တောများပြုန်းတီးမှုဖြစ်ပေါ်လာသောကြောင့် ချပ်သင်းတွင် မိုးရေချိန်များ လျော့နည်းလာပြီး စိုက် ပျိုး ဖြစ်ထွန်းမှုလည်း နည်းသွားသည်။



“ကျွန်တော်တို့ အတတ်နိုင်ဆုံး ထိန်း သိမ်းနေပါတယ်။ မုဆိုးသေနတ်သံကြား တာနဲ့လိုက်တယ်။ ကင်း လှည့်တာတွေလည်း ရှိတယ်။ မုဆိုးကိုမိတာနဲ့ ပုဒ်မ၃၇ နဲ့တရား စွဲတယ်။ ထောင်ချတာတွေ ဘာတွေလုပ် တယ်”ဟု ဦးညွန့်မောင်က ပြောသည်။



ချပ်သင်းဘေးမဲ့တောအနီး ပတ်ဝန်း ကျင်တွင် ရွာပေါင်သုံးဆယ်ကျော်ရှိပြီး ထို ရွာများမှ မုဆိုးများသည် ဘေးမဲ့တောအ တွင်းဝင် ရွှေသမင်များကို ၀င်ရောက်ပစ် နေသည်ကို သိနေသော်လည်း သစ်တော ၀န် ထမ်းမလုံလောက်သောကြောင့် ထိန်း သိမ်းနိုင်ခြင်း မရှိကြောင်းဆိုသည်။



ရွှေသမင်များ လျော့နည်းလာနေခြင်း သည် ရာသီဥတုပူပြင်းလာခြင်းနှင့် အစာ ရေစာရှား ပါးလာ ခြင်း ကြောင့် အပြင်တော နက်ရာများသို့ ထွက်ခွာသွားကြောင်း ရွှေ သမင်များ စာရင်းကောက်ရာတွင် ဘေးမဲ့ တောအတွင်း၌ လိုင်း၂၀ခွဲ၍ လိုင်းအလိုက် စာရင်းကောက်ပြုစုသည်။ လိုင်းတစ်လိုင်း တွင်တောင်မြောက် တစ်မိုင် သတ်မှတ်ပြီး လိုင်းများအားလုံး တစ်ချိန်တည်း ကောက် ယူ မှုလုပ်သည်။ လိုင်းပေါ်တက်လာသည့် မြင်သော အကောင်များသာ ကောက်ခြင်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် ရွှေသမင်တစ်ထောင် ခန့်သာ ရှိတော့သည်။ရွှေ သမင် ၅၀၀အောက်လျော့နည်းသွားပါက မျိုးတုံးစာရင်း သတ်မှတ်မည်။



“လိုင်းထဲဝင်တာကိုပဲ စာရင်းကောက် နိုင်တယ်။ ပတ်ဝန်းကျင်က သမင်တွေက လိုင်းထဲမ၀င်တော့ မကောက်နိုင တော့ဘူး။ ၀န်ထမ်းအင်အားက နည်းတယ်။ စခန်း တွေမှာ လူပြည့်အောင် မထားနိုင်ဘူး။ အမှန်တကယ်စာရင်းကောက်ခံဖို့ဆိုရင် ၀န်ထမ်းအင်အားလိုမယ်။ ပြီးတော့ ဒီဘေးမဲ့ တောက ကောလင်း တစ်ခြမ်း၊ ကန့်ဘလူ တစ်ခြမ်းဖြစ်နေတော့ ဥပဒေစိုးမိုးမှုလည်း နည်းတယ်။ ဒါကြောင့် ထိန်းသိမ်းရေးမှာ အားနည်းတယ်”ဟု ၎င်းက ပြောသည်။



ယခင်က ဖွဲ့စည်းပုံအရ သဘာဝပတ် ၀န်းကျင်နှင့် သားငှက်တိရစ်္ဆာန်ဌာနတွင် ၀န်ထမ်း၈၀ကျော်ရှိပြီး ယခုအခါတွင် ၀န်ထမ်း၃၀သာရှိသည်။ ထိုလက်အောက်တွင် ရှိသော ချပ်သင်းတောရိုင်းတိရစ်္ဆာန် ဘေးမဲ့ တောတွင် ၀န်ထမ်း၁၆ဦးသာရှိသည်။အဆို ပါဘေးမဲ့တောသည် ဧရိယာ၆၆,၂၇၃ ဧက၊ စတုရန်း ၁၀၄ မိုင် ရှိပြီး စခန်းပေါင်း ၇ခုရှိ သည်။ ထိုစခန်းများတွင် ၀န်ထမ်းနှစ်ဦး သုံးဦးသာထားနိုင်သည်။ စခန်းများမှာ ညောင် ကုန်းစခန်း၊ လက်ခုတ်ပင်စခန်း၊ ပေ တပင်စခန်း၊ တောင်ကြားစခန်း၊ တံခွန်တိုင် စခန်း၊ ကင်းစန်း စခန်းနှင့် စမ်းမြောင်စခန်း တို့ ဖြစ်သည်။



၁၉၉၈ခုနှစ်တွင် ဘေးမဲ့တောအတွင်း ဖြတ်သန်းသွားလာပါက ရွှေသမင်အုပ်များ ကို တွေ့ရလေ့ရှိပြီး ၂၀၀၄ နောက်ပိုင်းတွင် သိသိသာသာလျော့နည်းလာက သမင် အုပ်များတွေ့မြင်ရမှုမရှိသည့်အပြင် သစ်ခိုး ထုတ်မှု ပိုမိုများပြားလာသည်ဟု ချပ်သင်း ဒေသခံဦးမြင့်ရွှေက ပြောသည်။ “ဒီနားက သစ်စက်တွေက ဒီ ဘေးမဲ့တောထဲက သစ်ပဲ လုပ်တာပဲလေ။ သူတို့ပဲ ဖျက်နေတာပါ။ ရွာသူရွာသားကတော့ တောကို ဘယ် တော့ မှ မဖျက်ဘူး။ ရွှေသမင်ကို ဘယ်တော့မှ မသတ်ဘူး။ စာကျက်လည်း မဖျက်ဆီးဘူး”ဟု ဒေသခံ များ က ပြောသည်။



ရွှေသမင်များ ထိန်းသိမ်းနိုင်ရေးအ တွက် စားကျက်မြေများ မပျောက်ပျက်ရန် လိုကြောင်း၊ ဘေးမဲ့တော ထွက်ရှိ မြက်ပင် တစ်ပင်လည်း တန်ဖိုးရှိကြောင်း ဆိုသည်။



ချပ်သင်းဘေးမဲ့တောတွင် ၁၉၉၇ ခုနှစ် မှ၂၀၀၆ခုနှစ်ထိ သစ်တောစာရင်းများ အရ ရွှေသမင် ၂,၀၀၀နှင့် ၃,၀၀၀ ကြား တွင်ရှိခဲ့ပြီး၂၀၁၃ခုနှစ်တွင် ၁,၀၀၀ အောက်ရောက်နေပြီး ၂၀၁၄ ခုနှစ်အတွက် စာရင်းမ ထုတ်ပြန်နိုင်သေးပေ။

ချပ်သင်းဘေးမဲ့တောတွင် ကမ္ဘာ့ရှား ပါးငှက်မျိုးစိတ်ပေါင်း ၂၄၂ မျိုးရှိသည်ဟု စာရင်းများအရ သိသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1pbpNCf

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...