Skip to main content

Developer Lab ဖွင့်လှစ်ထားသည့် နှစ်နှစ်အတွင်း အသုံးပြုသူ ၂၀၀ ခန့်ရှိ မောင်မန်း|...



Developer Lab ဖွင့်လှစ်ထားသည့် နှစ်နှစ်အတွင်း အသုံးပြုသူ ၂၀၀ ခန့်ရှိ



မောင်မန်း| အင်္ဂါနေ့၊ ဇွန်လ ၁၇ ရက်၊ ၂၀၁၄ ခုနှစ်



ပြည်တွင်းရှိ Developer လူငယ်များ၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များ၊ အခက်အခဲများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်အတွက် Developer Lab တစ်ခုဖွင့်လှစ်ပေးခဲ့ရာ သက်တမ်း နှစ်နှစ်အတွင်း အသုံးပြုသူ အဖွဲ့ဝင်ပေါင်း ၂၀၀ ခန့်ရှိသည်ဟု ယောမင်းကြီးလမ်းရှိ Developer Lab ၏ တာဝန်ခံ ကိုဝေလင်းထွန်း ပြောသည်။



ကိုဝေလင်းထွန်းက “ပြည်တွင်းက Developer အဖြစ် ရပ်တည်ချင်တဲ့ လူငယ်တွေအတွက် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ၊ အခက်အခဲတွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အတွက် Developer Lab ကို ဖွင့်လှစ်ပေးထားတာပါ။ ဖွင့်လှစ်ခဲ့တဲ့ သက်တမ်းနှစ်နှစ်မှာ မှတ်ပုံတင်ထားတဲ့ အသုံးပြုသူ ၂၀၀ လောက် ရှိပါတယ်” ဟု ဆိုသည်။



အဆိုပါ Developer Lab ကို ပြည်တွင်းရှိ Developer များက မျိုးဆက်သစ်လူငယ်များအတွက် လိုအပ်သည့် အကူအညီများပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။



Developer Lab တွင် အင်တာနက် ကောင်းမွန်စေရန်နှင့် ၂၄ နာရီ လျှပ်စစ်မီးရနိုင်ရန် ဆောင်ရွက်ပေး ထားပြီး Developer အချင်းချင်း ထိတွေ့ခွင့်ရစေရန် ဆောင်ရွက်ပေးထားသည်ဟု ၎င်းက ဆိုသည်။



၎င်းက “ဒီမှာလာပြီး Project လုပ်နေတဲ့ လူငယ်တွေအနေနဲ့ မသိတာရှိရင် မေးရမယ့်သူ ရှိတယ်။ အချင်း ချင်းထိတွေ့ခွင့်ရအောင်၊ အလုပ်အကိုင် ပတ်ဝန်းကျင်တစ်ခု ရလာအောင် ဖန်တီး ပေးထားပါတယ်” ဟု ပြောသည်။



Developer Lab အနေဖြင့်လည်း အလုပ်အကိုင်ရရှိစေရန် ကူညီမှုများရှိသည်။ Developer Lab အဖွဲ့ဝင် အဖြစ် အသုံးပြုရန် လစဉ်ကြေးကျပ် ၁၀,၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး မှတ်ပုံတင်ထားသူ ၂၀၀ ခန့်တွင်ပုံမှန် အသုံးပြုသူ ၄၀ ခန့်ရှိသည်။ Project လုပ်ဆောင်ရန်ရှိပါက ၂၄ နာရီလုံး အသုံးပြုနိုင်ရန် ဆောင်ရွက် ပေး ထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1uzM10c

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...