Skip to main content

နိုင်ငံရေးသမားအချို့သည် အတ္တကြီးသူများနှင့် နိုင်ငံရေးခံယူချက်မရှိဘဲ ပါတီထောင်သူမ...



နိုင်ငံရေးသမားအချို့သည် အတ္တကြီးသူများနှင့် နိုင်ငံရေးခံယူချက်မရှိဘဲ ပါတီထောင်သူများဖြစ်ဟု ဦးဝီရသူ မိန့်ကြား



မျိုးသန့်| တနင်္လာနေ့၊ ဇွန်လ ၁၆ ရက်၊ ၂၀၁၄ ခုနှစ်



နိုင်ငံရေးလုပ်ငန်း လုပ်ဆောင်သူများဖြစ်သည့် နိုင်ငံရေးသမားအချို့သည် အတ္တကြီးသူများဖြစ်ပြီး ခံယူချက် မရှိဘဲ ပါတီထောင်ထားသူများလည်းရှိနေကြောင်း မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဝီရသူ မိန့်ကြားခဲ့သည်။



ဇွန်လ၁၄ရက်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ နိုင်လွန်ခန်းမတွင် ကျင်းပပြုလုပ်သည့် ပဉ္စမအကြိမ်မြောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ၏ ဗဟိုဦးစီးညီလာခံတွင် ဆရာတော်က ၎င်း၏ ထောင်သက် (၈) နှစ် သုံးလ အတွေ့အကြုံများမှနေ၍သိရှိခဲ့ရသည်များကို ပြန်လည်မိန့်ကြားခဲ့ခြင်း ဖြစ်သည်။



“နိုင်ငံရေးသမားတွေဟာ အတ္တအင်မတန်ကြီးတယ်ဆိုတာ တွေ့ရပါတယ်။ အတ္တထိပါးလာရင် ကျပ်မပြည့်တဲ့သူ စိတ်မနှံ့တဲ့သူတွေနဲ့ ပြန်လည်သတ်ပုတ်တာတွေ တွေ့ရပါတယ်။



အဲဒါက ဘာလဲဆိုရင်တော့ ခံယူချက်မဲ့တဲ့ နိုင်ငံရေးသမားဖြစ်တယ်။ ခံယူချက်ရှိတဲ့ နိုင်ငံရေးသမားဆိုတာက ဘာလဲဆိုတော့ လူသာအသေခံမယ် နာမည်အသေခံမယ်၊ မုန်းတဲ့သူကိုလည်း ပြန်လည်သင့်မြတ်အောင် ပေါင်းသင်းဆက်ဆံပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။



ပါတီထောင်သူများသည် ပါတီရည်မှန်းချက်ကို ရောက်ရှိအောင် လုပ်ဆောင်ရန်လိုသကဲ့သို့ ရည်မှန်းချက်မြင့်မားသူသည် စွန့်လွှတ်မှုကြီးမားရမည်ဖြစ်ပြီး ရည်မှန်းချက်အား မည့်ကဲ့သို့ရောက်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်မှာသာလျှင် သာမန်လူသားများသည် သာမန်အခက်အခဲလေးများဖြင့် မြင့်မြတ်သော လုပ်ငန်းများကို စွန့်လွှတ်ခြင်းများ၊ မိမိကို လက်ခုတ်တီး၊ လက်ညှိုးထိုးတာခြင်းများကို ကြုံတွေ့ရလျှင် ယိမ်းယိုင်သွားတတ်သဖြင့် လက်ခုတ်လက်တီးနှင့်တူသော မည့်သည်လောကဓံကိုမဆို မိမိ၏ရည်မှန်းချက်ကို မပျောက်ဘဲ အဓိဋ္ဌာန်မြောက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်းမိန့်သည်။



“ခံယူချက်ပြည့်ဝမှ လမ်းမချော်မှာ ဖြစ်တယ်။ ခံယူချက်မရှိရင် မိမိအတ္တကို ထိလာရင် မခံနိုင်ဖြစ်မှာဖြစ်တယ်။ ပါတီကို ထိရင်၊ အဖွဲ့အစည်းကို ထိရင် မခံနိုင်ဖြစ်မှာ ဖြစ်တယ်။ ပါတီခေါင်းဆောင်ဆိုတာ ပြည်သူထဲက ခေါ်ထားတာ၊ အကယ်၍ စော်ကားတာမျိုးရှိလာရင်လည်း သံသယစိတ်ကြောင့် ဖြစ်တာဖြစ်တဲ့အတွက် စည်ရုံးသိမ်းသွင်းနိုင်ရမယ်”ဟု ဆရာတော်ဝီရသူက မိန့်သည်။



ဦးဝီရသူ၏ နိုင်ငံရေးသမားများနှင့် ပါတီများ အပေါ်အမြင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျောက်ပန်းတောင်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာဇော်မြင့်မောင်က သမိုင်းကို ဖြတ်သန်းလာသော ၎င်းတို့ ပါတီအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေတ်ကို ဖြတ်သန်းလာသည့် ပါတီနှင့်နိုင်ငံရေးသမားများဖြစ်သောကြောင့် ရည်ရွယ်ချက်ကောင်းများဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဆိုသည်။



“ရှစ်လေးလုံးကာလကတည်းက ပေါ်ပေါက်လာခဲ့တာ၊ ပြည်သူတွေရဲ့ ရည်မှန်းချက် ပြည်သူတွေရဲ့ အိပ်မက် ကျွန်တော်တို့မှာ ဒီမိုကရေစီရည်မှန်းချက်၊ လူ့အခွင့်အရေး ရည်မှန်းချက်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ရည်မှန်းချက် ကျွန်တော်တို့က အစကတည်းက ဒီလိုပဲ ကြွေးကြော်ခဲ့တယ်။ ပြည်သူ့ရည်မှန်းချက်တွေကို အကောင်အထည်ဖော်လို့ပဲ ကျွန်တော်တို့ဟာ ၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့သလို ကြားဖြတ်ရွေးကောက်ပွဲမှာလည်း နိုင်ခဲ့ပါတယ်။ ခုလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေပါတယ်”ဟု ပြောသည်။



အမျိုးသားဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးတင်မောင်ဆွေက ညီလာခံသို့ ကြွရောက်လာပြီး မိန့်ကြားသွားသော ဆရာတော်ဝီရသူပြောကြားခဲ့သော သြ၀ါဒစကားများမှာ ပါတီ၏ မူဝါဒလုံးဝမဟုတ်ကြောင်းပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1p7vPnj

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...