Skip to main content

မဟာမဲခေါင် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်တစ်စီး ထိုင်းနိုင်ငံသို့ စမ်းသပ် စေလွှတ်မည်...



မဟာမဲခေါင် နယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်တစ်စီး ထိုင်းနိုင်ငံသို့ စမ်းသပ် စေလွှတ်မည်



ရန်ကုန်၊ မတ်လ ၂၄



မဟာမဲခေါင် ဒေသတွင်း ခြောက်နိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး အစီအစဉ်အရ မြန်မာကုန်တင်ယာဉ် တစ်စီးကို ထိုင်းနိုင်ငံသို့ စမ်းသပ် စေလွှတ်မည် ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်ခင်မြင့်က ပြောကြားသည်။



လာမည့် ဧပြီလတွင် အဆိုပါ ကုန်တင်ယာဉ်ကို ထိုင်းနိုင်ငံသို့ စေလွှတ်မည် ဖြစ်ပြီး ကုန်ကြောင်းဖြင့် ကုန်သွယ်မှု လုပ်ရာတွင် မြေပြင် အခက်အခဲကို ပကတိ သိရှိရန်အတွက် စမ်းသပ် စေလွှတ်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။



“ဖမ်းချင်တာဖမ်း၊ အဲလို အခက်အခဲတွေကိုသိအောင်လို့ လွှတ်လိုက်တာ” ဟု ၎င်းကဆိုသည်။



ရန်ကုန်-မဲဆောက် လမ်းတစ်လျှောက် ကုန်သွယ်မှု အဟန့်အတား ဖြစ်စေသော အချက်အလက် အမှန်ကို သိရှိမှသာ အစိုးရနှင့် ညှိနှိုင်း ဖြေရှင်းနိုင်မည် ဖြစ်သည်ဟု အဆိုပါ အစီအစဉ်တွင် ပါဝင်သည့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၏ အတွင်းရေးမှူး ဦးကိုကိုနိုင်က ရှင်းပြသည်။



“ဒီအစီအစဉ် ပြီးလို့ အဟန့်အတားတွေ မရှိတော့ရင် ကုန်စည်စီးဆင်းမှု ပိုကောင်းသွားမယ်။ ဒီက ကုန်တွေကို ဟိုဘက်အထိ ကားလမ်းကနေ အဟန့်အတား မရှိဘဲ တိုက်ရိုက်ပို့လို့ ရမယ်။ စမ်းသပ်လွှတ်မယ့် ကားက ရန်ကုန်ကနေ မြဝတီ တစ်ဖက်ကမ်း မဲဆောက်အထိ သွားမယ်။ ဘာကုန်စည်တင်မလဲ ဆိုတော့ မသိရသေးဘူး” ဟု ၎င်းက ပြောကြားသည်။



ပြည်တွင်း၌ ကုန်ချောထုတ်လုပ်မှု အားနည်းခြင်းကြောင့် မဟာမဲခေါင် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး အစီအစဉ် အောင်မြင်ပါကလည်း မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ ကိုသာ ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နိုင်မည်ဟု ၎င်းကသုံးသပ်သည်။



ထိုင်းနိုင်ငံသည် လာမည့် ၂၀၁၅ အာဆီယံ စီးပွားရေး အသိုက်အဝန်း ဖြစ်ပေါ်ချိန်တွင် မြန်မာနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုကို သုံးဆအထိ မြှင့်ရန် သဘောတူညီထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။



မဟာမဲခေါင်ဒေသ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး အစီအစဉ်ကို မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း MIFFA၊ အဝေးပြေး ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၊ အကောက်ခွန် ရှင်းလင်းရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ကုန်သေတ္တာတင် ယာဉ်အသင်းတို့ ပူးပေါင်း လုပ်ဆောင်မည် ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1gkVBRD

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...