Skip to main content

ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာများကို ဗီဇာကြေး ပိုကောက်ခံခြင်း မရှိဟုဆို နေ...



ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာများကို ဗီဇာကြေး ပိုကောက်ခံခြင်း မရှိဟုဆို



နေပြည်တော်၊ မတ် ၂၄



အာရှနှင့် ဥရောပနိုင်ငံများသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ကာ ပြည်ပနိုင်ငံသား ခံယူထားသော မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် ပြည်ဝင်ခွင့် ဗီဇာကြေး ပိုမို ကောက်ခံသည်မျိုး မရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်ကျော်င်းက ပြောသည်။



ပြည်ပနိုင်ငံသား ခံယူထားသူ မြန်မာများကို ဗီဇာကြေး ပိုမို ကောက်ခံနေသည့် သတင်းများ ကြားနေရပြီး ယင်းကိစ္စများသည် မှန်ကန်မှု ရှိ မရှိကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ရှင်းလင်းပေးရန် မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က မတ်လ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းရာ ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။



မြန်မာနိုင်ငံအတွင်း ဝင်ရောက်သော မြန်မာနိုင်ငံသားဟောင်း များကို နိုင်ငံခြားသားများအပေါ် ကောက်ခံသည့် ပြည်ဝင်ကြေးနှင့် တန်းတူသာ ကောက်ခံနေကြောင်း ဦးကျော်ကျော်ဝင်းက ဆိုသည်။



ပြည်ပနိုင်ငံသား ခံယူထားသည့် မြန်မာများနှင့် နိုင်ငံခြားသားများ အတွက် ဗီဇာကြေးကို စနစ်သုံးခုဖြင့် ကောက်ခံနေပြီး Business Visa ကို အမေရိကန်ဒေါ်လာ ၅၀ နှုန်းဖြင့် နေထိုင်ခွင့်ရက် ၇၀၊ Entry Visa (Metting, Workshop) ကို အမေရိကန်ဒေါ်လာ ၄၀ နှုန်းဖြင့် ခွင့်ပြုရက် ၂၈ ရက်နှင့် Transit Visa ကို အမေရိကန်ဒေါ်လာ ၂၀ နှုန်းဖြင့် နေထိုင်ခွင့် ၂၄ နာရီ ခွင့်ပြုချက် သတ်မှတ်ပေးထားကြောင်း ၎င်းက ဆိုသည်။



ယင်းသို့ သတ်မှတ်ပေးထားသည့် ရက် အကန့်အသတ်သည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက လွန်စွာ နည်းပါးနေကြောင်း မြန်မာနိုင်ငံသို့ ပြန်လည် အခြေချ နေထိုင်ရန် စီစဉ်နေသည့် အမေရိကန်နိုင်ငံသား မြန်မာလူမျိုး တစ်ဦးက ဆိုသည်။



အဆိုပါ သတ်မှတ်ထားသည့် ကောက်ခံနှုန်းများ အတိုင်းသာ ကောက်ခံသည်မှာ မှန်ကန်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားများကို ဗီဇာကြေး ကောက်ခံမှုကို ခွဲခြားထားမှု မရှိကြောင်း ၎င်းက ပြောသည်။



၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ နောက်ပိုင်းတွင် မြန်မာနိုင်ငံသား အချို့သည် အကြောင်းအမျိုးမျိုးကြောင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေ၊ သြစတြေးလျ စသည့် နိုင်ငံများသို့ ပြောင်းရွှေ့ကာ ပြည်ပနိုင်ငံသား ခံယူခဲ့ကြသည်။





from The Voice Weekly's Facebook Wall http://ift.tt/OUg7NZ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...