Skip to main content

(မတ်လ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) အခွန်ထမ...

(မတ်လ ၁၁ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial)



အခွန်ထမ်း ပြည်သူများ၏ အခွင့်အရေး



တရားဝင် ထုတ်ပြန် မထားသော်လည်း အစိုးရနှင့် ပြည်သူများ အကြား ရှိနေသော ပဋိညာဉ်မှာ ပြည်သူများက သတ်မှတ်ထားသော အခွန်အခများ ထမ်းဆောင်ခြင်းနှင့် ထိုထမ်းဆောင်သော အခွန်ဘဏ္ဍာ ငွေများကို မည်သည့် နေရာတွင် မည်မျှ သုံးစွဲသည်၊ မည်သည့် အတွက်ကြောင့် သုံးစွဲရသည် ဆိုခြင်းကို အခွန်ထမ်း ပြည်သူများထံ အစိုးရများက ပြန်လည် ရှင်းလင်း ထုတ်ပြန်ပေးရခြင်း ဖြစ်သည်။



ပြည်သူလူထု အနေနှင့်လည်း အခွန် ပုံမှန် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံသား တာဝန် ကျေပွန်ရမည် ဖြစ်သလို အခွန် ထမ်းဆောင်ခြင်းဖြင့် နိုင်ငံသားတို့ ရသင့် ရထိုက်သော အခွင့်အရေးများ ကိုလည်း ခံစားပိုင်ခွင့် ရှိရမည် ဖြစ်သည်။ ထို့အတူ အစိုးရဘက်မှ အခွန်စည်းကြပ်သူများ အနေနှင့်လည်း သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက် ကျသင့်သည့် အခွန်နှုန်းထားများ၊ တွက်ချက်ပုံတို့ အပါအဝင် အခွန်စည်းကြပ်ရခြင်း၏ ရည်ရွယ်ချက်၊ အခွန်စည်းကြပ်မှု လုပ်ငန်းစဉ် များကိုလည်း အခွန်ထမ်း ပြည်သူလူထု သိရှိစေရန် ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးရမည် ဖြစ်သည်။



ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင် အခွန် ပေးဆောင်ခြင်း မရှိသော ကုမ္ပဏီပေါင်း တစ်သောင်းကျော်၏ အမည်စာရင်းကို သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။ ယင်းစာရင်းတွင် ကုမ္ပဏီ မှတ်ပုံတင်ထားခါစ၊ ယခင်လုပ်ငန်း နာမည်ဖြင့် ပုံမှန် အခွန် ထမ်းဆောင်နေသော လုပ်ငန်းများလည်း ပါဝင်နေသည့် အပြင် ၂၀၁၄ ခုနှစ်အတွက် ကြိုတင်ခွန်ပင် ဆောင်ထားသည့် လုပ်ငန်းအချို့ ယင်းစာရင်းတွင် ပါဝင်နေခြင်းမှာ များစွာ မဆီလျော်လှပေ။



ပုံမှန် အခွန် ထမ်းဆောင်နေသော်လည်း ထိုကဲ့သို့ စာရင်းတွင် ဖော်ပြ ထားခြင်းကြောင့် သက်ဆိုင်ရာ မြို့နယ် အခွန်ရုံးသို့ သွားရောက် ဖြေရှင်းရာတွင်လည်း တာဝန်ယူ ဖြေရှင်းမည့် အရာထမ်း၊ ဌာန၊ တာဝန်ခံ ဝန်ထမ်းကို တိတိပပ ညွှန်ပြနိုင်ခြင်း မရှိသည့်အပြင် တာဝန်ကျသည့် ဝန်ထမ်း ကိုယ်တိုင်ပင်လျှင် လာရောက် စုံစမ်းသည့် လုပ်ငန်းကို ၎င်းတာဝန်ယူသော အပိုင်းတွင် ပါဝင်နေမှန်းပင် မသိ ဖြစ်နေသည်ကို တွေ့ရသည်။



မြန်မာနိုင်ငံတွင် ကုန်ခဲ့သည့် အနှစ် နှစ်ဆယ်လုံးလုံး ပုံမှန် အခွန်စာရင်း ပေါက်နေပြီး မည်သည့် အစိုးရ ထိပ်ပိုင်း အရာရှိများနှင့်မျှ အဆက်အသွယ် မရှိသူ အမှန်အကယ် အလုပ်လုပ်နေသော ကုမ္ပဏီလုပ်ငန်း အားလုံး အခွန်ပုံမှန် ထမ်းဆောင်နေကြရသည်။ သို့သော် တပ်မတော်က တည်ထောင်ထားသော စီးပွားရေး လုပ်ငန်းများ၊ အစိုးရထိပ်ပိုင်း အရာကြီးများ၏ သားသမီးများ၊ ၎င်းတို့ ဆွေမျိုးသားချင်း များနှင့် အခြား ပတ်သက် ဆက်စပ်သူများ ထူထောင် လုပ်ကိုင်နေသော အခွင့်ထူးခံ ကုမ္ပဏီ အများစုမှာ အခွန်မဆောင်ကြရပေ။ ၎င်းတို့အနက် တာဝန်သိစိတ်ဖြင့် အခွန်ထမ်းဆောင်ချင်သောကြောင့် သက်ဆိုင်ရာ အခွန်ရုံးသို့ စာရင်းဇယားနှင့် တကွ တင်ပြသူ ရှိသော်လည်း ယနေ့အထိ ထိုစာရင်းဇယားများကို မူတည်ကာ အခွန်နှုန်းထား တွက်ချက်ပေးခြင်း၊ အခွန်ဆင့်ခေါ်ခြင်း လုံးဝ မရှိခဲ့ကြောင်း ယင်းစာရင်းများကို လက်တွေ့ ပြုစုပေးခဲ့ပြီး အခွန်ရုံးသို့ တင်ပြခဲ့သူတို့၏ အဆိုအရ သိရသည်။



လက်ရှိ အခွန်ထမ်းဆောင် နေရသော နှုန်းထားများသည် ပြေးမလွတ်ဘဲ မဖြစ်မနေ ပုံမှန် အခွန် ထမ်းဆောင်နေရသည့် အခွန်ထမ်း ပြည်သူများ၏ လုပ်ငန်းပမာဏ၊ ဝင်ငွေ၊ နှစ်အလိုက် ဖြစ်တတ်သည့် လုပ်ငန်း အတက်အကျ၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် နိုင်ငံတော်နှင့် နိုင်ငံသား အားလုံးတို့၏ စီးပွားရေး အခြေအနေအပေါ် မူတည်ကာ ဖြစ်သင့် ဖြစ်ထိုက်သော အချိုး၊ လိုက်လျောညီထွေ ဖြစ်စေမည့် ပမာဏ ဖြစ်မဖြစ်နှင့် သက်ဆိုင်ရာ အခွန်ဆင့် အရာထမ်း၊ ဝန်ထမ်းများ၏ အရည်အချင်း တို့ကို ပြန်လည် ဆန်းစစ်သင့်လှသည်။



အစိုးရအနေနှင့်လည်း အခွန်နှင့် ပတ်သက်သော မူဝါဒ၊ လုပ်ငန်းစဉ်များ၊ အခွန်စည်းကြပ်သည့် လုပ်ငန်း အဆင့်ဆင့်၊ အခွန်စည်းကြပ်မှု သဘော သဘာဝ တို့ကို အခွန်ထမ်း ပြည်သူများထံ ပွင့်လင်းမြင်သာမှု ရှိရှိ ရှင်းလင်း ထုတ်ပြန်ပေးရမည် ဖြစ်သည့်အပြင် ရရှိထားသော အခွန်ဘဏ္ဍာ ငွေများကို နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် မည်သို့ အကျိုးရှိစွာ ပြန်လည် သုံးစွဲသည် ဆိုခြင်းကိုလည်း ရိုးသား ဖြောင့်မတ်မှု ရှိရှိ ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ပေးခြင်းဖြင့် အခွန်ထမ်း ပြည်သူများ၏ အခွင့်အရေးကို ဖြည့်ဆည်းပေးရာ ရောက်ကြောင်း ပြောလိုရင်း ဖြစ်သည်။



အယ်ဒီတာ (၁၀-၃-၂၀၁၄)







from The Voice Weekly's Facebook Wall http://ift.tt/OfIt50

via IFTTT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...