Skip to main content

လူဦးရေ ၁၀၀ကျော် ခိုလှုံနေသည့် လက်ကျိုက်ကျေးရွာ ဘုန်းကြီးကျောင်း သုံးရက်အတွင်း ဖယ...

လူဦးရေ ၁၀၀ကျော် ခိုလှုံနေသည့် လက်ကျိုက်ကျေးရွာ ဘုန်းကြီးကျောင်း သုံးရက်အတွင်း ဖယ်ရှားပေးရန် စစ်တပ်က ထပ်မံ အကြောင်းကြား



ရန်ကုန်၊ မတ် ၁၀



လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနှင့် အတူ ဖယ်ရှားခံရသော ကျေးရွာ ခြောက်ရွာတွင် ပါဝင်သည့် လူဦးရေ တစ်ရာကျော် ခိုလှုံနေသော လက်ကျိုက်ကျေးရွာရှိ လက်ကျိုက်ကုန်း ရတနာသိဒ္ဓိ တောရကျောင်းတိုက်ကို သုံးရက်အတွင်း ဖယ်ရှားပေးရန် မတ်လ ၉ ရက်နေ့တွင် တပ်မတော်က ထပ်မံ အကြောင်းကြားခဲ့ကြောင်း အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသူများ ထံမှ သိရှိရသည်။



တပ်မြေအတွင်း ကျူးကျော် နေထိုင်သည်ဟု သတ်မှတ် ခံထားရသော ကျေးရွာပေါင်း ခြောက်ရွာကို ဖေဖော်ဝါရီလ ၄ ရက် နှင့် ၅ ရက်နေ့တို့က သက်ဆိုင်ရာ အဖွဲ့က အင်အားသုံး ဖယ်ရှားခဲ့သဖြင့် အိမ်ဖယ်ရှား ခံရသူများမှာ ဘုန်းကြီးကျောင်း များတွင် ခိုလှုံ နေထိုင်လျက် ရှိကြောင်း၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အင်းမတီးကျေးရွာရှိ ကမ္မဋ္ဌာန်း ကျောင်းတိုက်ကို တပ်သားအင်အား ၅၀ ကျော်ခန့်က ဝင်ရောက် ဖယ်ရှားခဲ့ပြီးနောက် မတ်လ ၉ ရက်နေ့က လက်ကျိုက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို သုံးရက်တွင်း ဖယ်ရှားပေးရန် ထပ်မံ အကြောင်းကြားခဲ့ကြောင်း အဆိုပါ ကျေးရွာသူ ရွာသားများထံမှ သိရှိရသည်။



“ဦးပဉ္စင်းရဲ့ကျောင်းကို သုံးရက်အတွင်း မဖယ်ရှားပေးရင် လာဖျက်မယ်လို့ အကြောင်းကြား ခံထားရတယ်။ စာနဲ့တော့ မဟုတ်ဘူး။ နှုတ်နဲ့ အသိပေးရုံ ဖြစ်တာကြောင့် ဦးပဉ္စင်းတို့တွေလည်း ဆက်နေရမလို၊ ဖျက်ရမလိုနဲ့ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိတော့ဘူး” ဟု လက်ကျိုက်ကုန်း ရတနာသိဒ္ဓိ တောရကျောင်းထိုင် ဆရာတော် ဦးဝါယမက မိန့်ကြားသည်။



အဆိုပါ ဘုန်းကြီးကျောင်းတွင် လက်ကျိုက်ကျေးရွာမှ လူဦးရေ တစ်ရာကျော် ရှိသည့် အိမ်ထောင်စု ၄၂ စု ယာယီ ခိုလှုံလျက် ရှိပြီး ကျောင်းသို့ လာရောက် လှူဒါန်းသူ နည်းပါးသောကြောင့် စားဝတ်နေရေး အခက်အခဲများ နေ့စဉ် ကြုံတွေ့နေရကြောင်း ယင်းကျေးရွာသူ ရွာသားများထံမှ သိရှိရသည်။



“အိမ်ဖယ်ခံရလို့ ဆရာတော်က ကျောင်းမှာ နေခွင့်ပြုထားပေမယ့် အလှူရှင် လာတဲ့ရက်ဆို စားဖို့ အဆင်ပြေတယ်။ အလှူရှင် မလာတဲ့ရက် စားသောက်ဖို့ အနီးအနားမှာ ထင်းခုတ်ပြီး ပိုက်ဆံရှာရပေမယ့် တပ်ပိုင်မြေလို့ သတ်မှတ်ထားတော့ ဖမ်းခံရမှာ ကြောက်ကြောက်နဲ့ ထင်းရှာနေရတယ်” ဟု လက်ကျိုက်ကျေးရွာမှ အသက် ၄၀ နှစ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက ပြောကြားသည်။



ဖေဖော်ဝါရီ ၂၅ ရက်နေ့က တပ်မတော်က အင်အားသုံးပြီး အင်းမတီး ကျေးရွာရှိ ကမ္မဋ္ဌာန်းကျောင်းကို ဖြိုလှဲခဲ့သောကြောင့် အဆိုပါ ကျောင်းတွင် ခိုလှုံနေသော လူဦးရေ ၁၂၀ ကျော်ရှိသည့် အိမ်ထောင်စု ၃၀ မှာ လက်ကျိုက်ကျေးရွာ အနီးရှိ မြေကွက်လပ်တွင် မိုးကာစများ ထိုး၍ နေထိုင်လျက် ရှိကြောင်း အဆိုပါ ကမ္မဋ္ဌာန်း ကျောင်းထိုင်ဆရာတော် ဦးစန္ဒိမာက မိန့်ကြားသည်။



“ဘုန်းကြီးကျောင်းပါ ဖျက်ခံရတော့ ကျောင်းထိုင်ဆရာတော်နဲ့ ကျန်ဦးပဉ္စင်း တစ်ပါးက မြေကြီးပေါ်မှာ သီတင်းသုံးနေရတယ်။ ဘယ်အချိန် လာမောင်းထုတ်မှာလဲ တွေးပြီး စိုးရိမ်နေမိတယ်” ဟု အင်းမတီး ကျေးရွာသား ကိုဖိုးစောကူက ဆိုသည်။



လှည်းကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက အောင်သိဒ္ဓိကျောင်းတွင် ခိုလှုံနေသော သမီးကလေး ကျေးရွာရှိ မိသားစုဝင်များကို အခမဲ့မြေနေရာ အစားပြန်ပေးရန် စီစဉ်လျက် ရှိသော်လည်း သမီးကလေး ကျေးရွာနှင့်အတူ ဖယ်ရှားခံရသည့် အင်းမတီး ကျေးရွာနှင့် လက်ကျိုက် ကျေးရွာတို့မှ မိသားစုဝင်များကို မြေနေရာ ပြန်လည် အစားထိုးပေးအပ်ရန် ကမ်းလှမ်းထားခြင်း မရှိသေးကြောင်း ယင်းကျေးရွာသူ ကျေးရွာသားများထံမှ သိရှိရသည်။



“ရွာဖျက်ခံရတာချင်း အတူတူ သမီးကလေးကျေးရွာ တစ်ခုတည်း မြေနေရာ ပြန်ပေးမယ် ကြားတယ်။ နေစရာမရှိလို့ ဘုန်းကြီးကျောင်း ခိုကပ်နေတာကို ကျောင်းတိုင်ခြေတွေ ဓားနဲ့ခုတ်ပြီး ဖြိုလဲချခဲ့တာ။ အခု ကွင်းထဲမှာ အမိုးအကာ မရှိ မြေကြီးပေါ် နေနေရတဲ့ ရွာသူ ရွာသားတွေရဲ့ဘဝတွေကို သက်ဆိုင်ရာ လူကြီးတွေက ထည့်စဉ်းစားစေချင်တယ်” ဟု အသက် ၅၀ ကျော်ရှိ အင်းမတီး ကျေးရွာသားက ပြောကြားသည်။



မတ်လ ၉ ရက်နေ့က ပဲခူးတိုင်းဒေသကြီး အောင်သိဒ္ဓိကျောင်းတိုက် အနီးရှိ ယာယီတဲများကို အပြီးသတ် ဖယ်ရှားခိုင်းခဲ့ပြီး လှည်းကူးမြို့နယ် ဝါးယားကုန်း ကျေးရွာ အနီးတွင် မတ်လ ၁၇ ရက်နေ့အမီ မြေနေရာများ ပြန်လည် ချထားပေးရန် လှည်းကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆောင်ရွက်လျက် ရှိသော်လည်း ပါတီရန်ပုံငွေ အခက်အခဲကြောင့် အခြား ဖယ်ရှား ခံရသော ကျေးရွာရှိ မိသားစုများကို မြေနေရာ ပြန်လည် ချထားပေးရန် အစီအစဉ် မရှိသေးကြောင်း လှည်းကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှသန်းက ပြောကြားသည်။



from The Voice Weekly's Facebook Wall http://ift.tt/NUAD0P

via IFTTT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...