Skip to main content

ရွှေဖီလက်ဖက် စိုက်ပျိုးရာသီအတွင်း တိုက်ပွဲများ လျှော့ချမည်ဟု TNLA ထုတ်ပြန် ရန်ကု...

ရွှေဖီလက်ဖက် စိုက်ပျိုးရာသီအတွင်း တိုက်ပွဲများ လျှော့ချမည်ဟု TNLA ထုတ်ပြန်



ရန်ကုန်၊ မတ် ၁၀



လက်ဖက်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နေသော ပလောင်တိုင်းရင်းသား များ၏ ရွှေဖီလက်ဖက် ရာသီအတွင်း အစိုးရနှင့် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများကို လျှော့ချသွားမည် ဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။



လက်ဖက်လုပ်ငန်းကို မှီခိုနေသူများ အားလုံး ရွှေဖီလက်ဖက် ရာသီတွင် စစ်မက် ဖြစ်ပွားမည့် အရေးကို ကြောက်ရွံ့မှု မရှိဘဲ ကိုယ်စိတ် လုံခြုံမှု ရှိစွာဖြင့် လက်ဖက်လုပ်ငန်းကို လွတ်လပ် အေးချမ်းစွာ လုပ်ကိုင်ကြရန် ယင်းသို့ စီစဉ်ရခြင်း ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ထည့်သွင်း ရေးသားထားသည်။



တအာင်း တပ်ဖွဲ့ဝင်များကို ယင်းကာလ အတွင်း လက်ဖက်လုပ်ငန်း လုပ်ကိုင်သည့် ဒေသများတွင် သွားလာလှုပ်ရှားခြင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းများ အတတ်နိုင်ဆုံး ရှောင်ရှားကြရန် ညွှန်ကြားထားကြောင်း TNLA စစ်ဦးစီးမှူး အဆင့်ရှိသူ တစ်ဦးက ပြောကြားသည်။



“စစ်ဖြစ်နေပေမယ့် လူထုအပေါ်မှာ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်လို့ ညွှန်ကြားချက် တွေကို အောက်ခြေ အဆင့်အထိ ထုတ်ပြန်ထားပါတယ်” ဟု ၎င်းကဆိုသည်။



ရွှေဖီလက်ဖက် ရာသီမှာ မတ်လကုန်မှ ဧပြီလအထိ ဖြစ်ပြီး ပလောင် တိုင်းရင်းသားများ အဓိက မှီခိုနေရသော လုပ်ငန်း ဖြစ်သဖြင့် တိုက်ပွဲများ လျှော့ချပြီး နယ်မြေ ငြိမ်သက်မှု ဖြစ်ရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် တအာင်းအမျိုးသမီး လူငယ်အဖွဲ့ဝင် ဒေါ်လွေးမိုးခမ်းက ပြောကြားသည်။



“တစ်နှစ်လုံးစာ နေထိုင်စားသောက်ဖို့ အတွက် ရှာရတဲ့ အချိန်လည်း ဖြစ်တယ်။ လက်ဖက်နုတဲ့ အချိန်၊ လက်ဖက်ခူးတဲ့ အချိန်ဆိုတော့ အန္တရာယ် ကင်းကင်းနဲ့ အလုပ် လုပ်ချင်ကြပါတယ်။ တိုက်ပွဲ လျှော့ချဖို့ ဆိုတာကတော့ နှစ်ဖက်စလုံးက နားလည်မှု ရှိမှ ဖြစ်မှာပါ” ဟု ၎င်းကဆိုသည်။

ယင်းသို့ တိုက်ပွဲများ လျှော့ချရေးအတွက် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် TNLA မှ တရားဝင် ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း မြန်မာ့ ငြိမ်းချမ်းရေးစင်တာ Myanmar Peace Center မှ ဒေါက်တာမင်းဇော်ဦးက ပြောကြားသည်။



“အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးနိုင်သေးတော့ ထိတွေ့မှု လျှော့ချနိုင်မလား ဆိုရင် လုံခြုံရေး လုပ်နေတဲ့ တပ်မတော်ရဲ့ သဘောအပေါ်မှာပဲ မူတည်ပါတယ်” ဟု ၎င်းကဆိုသည်။



လက်ဖက် ရာသီအတွင်း တိုက်ပွဲများ လျှော့ချရေးကို အလေးထား ဆောင်ရွက်မည်ဟု ဆိုသော်လည်း ၂၀၁၄ ခုနှစ် နှစ်လကျော် ကာလအတွင်း နှစ်ဖက်ထိတွေ့မှု အကြိမ် ၃၀ ကျော် ဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနထံမှ သိရသည်။



၂၀၁၃ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ် အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSlF/TNLA) တို့ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးခဲ့သော်လည်း နှစ်ဖက် သဘောတူ လက်မှတ် ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။



from The Voice Weekly's Facebook Wall http://ift.tt/1flyQYy

via IFTTT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...