Skip to main content

ငွေကြေးခဝါချမှု ဥပဒေတွင် ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ သဘောထား မှတ်ချက...

ငွေကြေးခဝါချမှု ဥပဒေတွင် ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ သဘောထား မှတ်ချက်ပို့



နေပြည်တော်၊ မတ် ၁၀



အစိုးရက အရေးတကြီး အတည်ပြုပေးရန် လွှတ်တော်သို့ တောင်းဆို ထားသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေကြမ်းတွင် ပါရှိသော ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘောထား မှတ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်များက ပြောကြားသည်။



အဆိုပါ ဥပဒေကို ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ပြည်ထောင်စု လွှတ်တော်က သမ္မတရုံးသို့ ပေးပို့ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပြစ်ဒဏ်အချို့ ပြင်ဆင်ရန်နှင့် ဥပဒေပုဒ်မ အချို့ကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ပြန်လည် ပြင်ဆင်ပေးရန် သဘောထား မှတ်ချက်နှင့် ပြန်လည် ပေးပို့လာခြင်း ဖြစ်သည်။



ယင်းဥပဒေကြမ်း၏ ပြစ်မှု ပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ (၅)၊ ပုဒ်မခွဲ (ဈ) ပါ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက “အနည်းဆုံး ထောင်ဒဏ် သုံးနှစ်အထက် ပြစ်ဒဏ်ထိုက်သည့် ကျူးလွန်ခြင်း” ကို အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ထိုက်သည့် ပြစ်ဒဏ် ကျူးလွန်ခြင်းဟု ပြင်ဆင်ရန် မှတ်ချက် ပြုထားကြောင်း ဥပဒေကြမ်း ကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်က ဆိုသည်။



အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်သော ပုဒ်မ ၃၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲငယ် (၇)၊ ပုဒ်မခွဲငယ်စိတ် (ကက)/ ပုဒ်မ (၃)၊ ပုဒ်မခွဲ (ဆ)၊ ပုဒ်မခွဲငယ် (၁၂)/ ပုဒ်မ (၄)၊ ပုဒ်မခွဲ ((ဂ)၊ (ဃ)၊ (င)/ ပုဒ်မ (၅)၊ ပုဒ်မခွဲ (ဈ)၊ ပုဒ်မ (၃၉)၊ (၄၀)၊ (၄၁)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မ ၄၂ နှင့် အခန်း (၁၀) တို့ကိုလည်း နိုင်ငံတော် သမ္မတက နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးအတွက် ပြင်ဆင် မှတ်ချက်ပြုထားကြောင်း ၎င်းကဆိုသည်။



“နိုင်ငံတော် သမ္မတရဲ့ မှတ်ချက်တွေအတိုင်း အတည်ပြုသင့်ပါတယ်” ဟု ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဆိုသည်။



ထို့အပြင် ပုဒ်မ (၄၂) အခန်း ခေါင်းစဉ်ပါ “နိုင်ငံခြားငွေ စီမံခန့်ခွဲရေး ဌာနများ” ဟူသော စာသားကို “နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဌာန” ဟူသော အခန်းခေါင်းစဉ် ပြင်ဆင်ချက်ပါ ရှိကြောင်း ဥပဒေကြမ်း ကော်မတီဝင် တစ်ဦးက ပြောကြားသည်။



ယင်းဥပဒေကြမ်းကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် FATF က အကြံပြုချက်များ ထည့်သွင်းထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီထံမှ သိရှိရသည်။



အဆိုပါ ဥပဒေကြမ်းပါ နိုင်ငံတော် သမ္မတ၏ ပြင်ဆင်ချက် များကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက မတ်လ ၁၂ ရက်နေ့ နောက်ဆုံးထား၍ လွှတ်တော်ရုံးသို့ အမည်စာရင်း ပေးပို့နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက ကြေညာခဲ့သည်။



from The Voice Weekly's Facebook Wall http://ift.tt/1ivEmzN

via IFTTT

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...