Skip to main content

ရန်ကင်း ခေါင်းဖြတ်လူသတ်မှု ဒေသခံ ၅၀၀ ကျော် ကန့်ကွက်ဆန္ဒပြ



ရန်ကုန်၊ မတ် ၂၈

ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းပေါ်တွင် လွန်ခဲ့သော ၁၀ ရက်ကျော်က ဖြစ်ပွားခဲ့သော ရန်ငြိုးရန်စ မရှိဘဲ ခေါင်းဖြတ် လူသတ်မှုကို ဒေသခံ ၅၀၀ က တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘဝ လုံခြုံမှု ရှိရေးနှင့် မင်းမဲ့စရိုက် ပပျောက်ရေးအတွက် မတ်လ ၂၈ ရက်နေ့က ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


မတ်လ ၁၅ ရက်နေ့ညက မေတ္တာရိပ်သာလမ်းတွင် နေအိမ်မှ ဟင်းထွက်ဝယ်သော အသက် ၃၂ နှစ် အရွယ် ကိုမင်းမင်းဦးသည် ကိုချစ်ပို၏ ပခုံးကို ဝင်တိုက်မိရာမှ စကားများခဲ့ကြပြီး ကိုချစ်ပိုက ကိုမင်းမင်းဦး၏ လည်ပင်းကို ငှက်ကြီးတောင်ဓားဖြင့် ခုတ်ရာ ဦးခေါင်းပြတ်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာဖြင့် သေဆုံးခဲ့သည်ဟု သေဆုံးခဲ့သူ၏ ဇနီး မဇင်ဇင်အောင်၏ အဆိုအရ သိရသည်။


“ပခုံးချင်း မတော်တဆ တိုက်မိလို့ တောင်းပန်တာကို ပါးတွေရိုက်ပြီး ပါလာတဲ့ အရက်ပုလင်းနဲ့ ခေါင်းရိုက်ခွဲခဲ့တာ။ ပြီးတော့ အရက်ပုလင်းကွဲနဲ့ ဗိုက်ကို ထိုးမွှေလို့ လဲကျနေတုန်း အိမ်က ဓားပြန်ယူပြီး ခေါင်းပြတ်အောင် အချက်ပေါင်းများစွာ ခုတ်သတ်ခဲ့တာ။ ဝင်ဆွဲတဲ့ သူပါ သတ်ပစ်မယ်ကြိမ်းလို့ ရပ်ကွက်ထဲက ဘယ်သူမှ ဝင်မဆွဲရဲဘဲ ဒီတိုင်းကြည့်နေရတာ” ဟု သေဆုံးခဲ့သူ ကိုမင်းမင်းဦး၏ ဇနီး မဇင်ဇင်အောင်က ရှင်းပြသည်။


အဆိုပါ လူသတ်မှုကြောင့် ရန်ကင်းမြို့နယ် အမှတ် ၁၂ ရပ်ကွက်မှ ပြည်သူများနှင့် အနီးရပ်ကွက်တွင် နေထိုင်သူများ အပါအဝင် လူ ၅၀၀ ခန့်က မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကန်ဘဲ့ဘူတာရုံလမ်းတွင် လူစုပြီး တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘဝ လုံခြုံမှုရှိရေး၊ မင်းမဲ့စရိုက် ပပျောက်ရေး ဆန္ဒထုတ်ဖော်ပွဲကို ကန်ဘဲ့ဘူတာရုံလမ်းမှ သစ္စာလမ်း ကျောက်ကုန်းလမ်း၊ ရန်ရှင်းလမ်း၊ သစ္စာလမ်းတို့ကို ဖြတ်ကျော်ကာ ကန့်ဘဲဘူတာရုံ အနီးတွင် ပြီးဆုံးမည် ဖြစ်ကြောင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။


“ဘယ်လိုမှ မကျေနပ်နိုင်ဘူး။ ကျွန်မယောက်ျားက သိပ်အေးတာ။ ရန်ငြိုးရန်စလည်း မရှိဘဲ ရက်ရက်စက်စက် အသတ်ခံရတော့ ကျွန်မ ရင်ကျိုးရတယ်” ဟု သေဆုံးခဲ့သူ ကိုမင်းမင်းဦး၏ ဇနီး မဇင်ဇင်အောင်က ပြောကြားသည်။


ခေါင်းဖြတ်လူသတ်ခဲ့သည်ဟု တိုင်ကြားခံရသော အသက် ၁၉ နှစ် အရွယ်ရှိ ကိုချစ်ပိုမှာ အသက် ၁၄ နှစ် အရွယ်က လူသတ်မှုဖြင့် ထောင်ကျခဲ့ဖူးသူ ဖြစ်ပြီး ထောင်မှ လွတ်လာစဉ် ရပ်ကွက်အတွင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်လေ့ရှိကြောင်း၊ ၎င်းကို ယခုအခါ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊ ၎င်း၏ မိသားစုဝင် အချို့က ယခု ဆန္ဒပြမည့်သူများကို အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရပ်ကွက်တွင်း ပြုလုပ်နေသည်ဟု ကြားသိရသောကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စခန်းမှူးများ ရှေ့တွင် ယင်းမိသားစုဝင်များအား ယင်းကဲ့သို့ မပြောရန် ခေါ်ယူသတိပေးထားကြောင်း အမှတ် (၁၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းစိုးက ပြောကြားသည်။


“ရန်ကုန်မြို့ပေါ် လူနေ ရပ်ကွက်ထဲမှာ လူမဆန်ဘဲ ခေါင်းပြတ်အောင် အကြိမ်ကြိမ် ခုတ်သတ်နေတာကို ရပ်ကွက်က ဝင်မတားရဲခဲ့ဘူး၊ လူသတ်မှုကို ရှုတ်ချတယ်လို့ ရပ်ကွက်က ဆန္ဒပြရင် မီးကွင်းနဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ရန်ကုန်မြို့လို နေရာမျိုးတောင် ပြည်သူတွေအတွက် လုံခြုံမှု မရှိသလို ခံစားရတယ်။ ခုဆန္ဒထုတ်ဖော်တဲ့ ရပ်ကွက်သားတွေကို ဒီလူတွေ ခြိမ်းခြောက်ခဲ့တဲ့အတိုင်း အန္တရာယ်ပြုမှာလည်း စိုးရိမ်မိတယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမာကီက ပြောကြားသည်။


ဆန္ဒထုတ်ဖော် ဖြတ်သန်းရာ တစ်လျှောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲစခန်းတို့ကို ကျော်ဖြတ်ရသောကြောင့် ရန်ကင်းမြို့နယ်တွင် လိုအပ်နေသော တရားဥပဒေစိုးမိုးရေး၊ ပြည်သူများဘဝ လုံခြုံမှုရှိရေး၊ မင်းမဲ့စရိုက် ပပျောက်ရေး၊ ထိရောက်သော ပြစ်ဒဏ်ချမှတ်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ သိရှိစေရန် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ရေး ဆောင်ရွက်သူများထံမှ သိရှိရသည်။


“ခေါင်းဖြတ်သတ်ခဲ့သူရဲ့ မိသားစုဝင်တွေက ရပ်ကွက်ထဲကလူတွေ သူတို့ မိသားစုကို ကြောက်ရွံ့အောင် သတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်စကားတွေ ပြောတာမျိုးတွေကြောင့် အခုဆို ရပ်ကွက်က ပြည်သူတွေဘဝ မလုံခြုံတော့သလို အကြောက်တရားတွေနဲ့ ရင်ဆိုင်နေရတာကြောင့် တရားဥပဒေအတိုင်း ပြစ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ ဆန္ဒဖော်ထုတ်တာ” ဟု ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက်တွင် နေထိုင်သူ ကိုထွန်းထွန်းက ပြောကြားသည်။


The Voice Weekly











ဓါတ်ပုံ - News Watch(စောင့်ကြည့်သတင်းဂျာနယ်)





from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1dCDfMA

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...