Skip to main content

စစ်တွေရှိ INGOs ဝန်ထမ်းများ ဘေးကင်းရေး ကုလသမဂ္ဂနှင့် EU အဖွဲ့များ တောင်းဆို ရန်...



စစ်တွေရှိ INGOs ဝန်ထမ်းများ ဘေးကင်းရေး ကုလသမဂ္ဂနှင့် EU အဖွဲ့များ တောင်းဆို



ရန်ကုန်၊ မတ် ၂၈



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် INGO ဝန်ထမ်း နိုင်ငံခြားသူတစ်ဦး သာသနာ့အလံ ဖြုတ်ချရာမှ ဖြစ်ပွားနေသော ပဋိပက္ခတွင် စစ်တွေမြို့ရှိ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးနေသည့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ပေးရန် မတ်လ ၂၇ ရက်နေ့က ကုလသမဂ္ဂနှင့် EU အဖွဲ့ အသီးသီးက တောင်းဆိုခဲ့ကြသည်။



ဥရောပသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးနှင့် ပဋိပက္ခများ တုံ့ပြန်မှု ကော်မရှင်နှင့် ဖွံ့ဖြိုးရေးကော်မရှင်တို့၏ မတ်လ ၂၇ ရက်နေ့ ထုတ်ပြန်ချက်တွင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့ ဝန်ထမ်းများ၏ လုံခြုံရေးကို အစိုးရနှင့် ဒေသခံများ ပူးပေါင်း၍ ကူညီစောင့်ရှောက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။



အလားတူ ကုလသမဂ္ဂ နေထိုင်ရေးနှင့် လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းရေးအဖွဲ့ ထုတ်ပြန်ချက်တွင်လည်း အစိုးရက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသူများကို စောင့်ရှောက်ပေးရန် တောင်းဆိုထားပြီး အသက်ကယ် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ဆက်လက် အကူအညီပေးရန် ဆုံးဖြတ်ထားကြောင်း ယင်းအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူး Mr.Toily Kurbanov က ပြောဆိုသည်။



ပဋိပက္ခကြောင့် လူသားချင်း စာနာထောက်ထားမှုများ ရပ်ဆိုင်းလျှင် အကူအညီ လိုအပ်နေသော လူထုအတွက် မလိုလားအပ်သော လက္ခဏာများ ဖြစ်နိုင်ကြောင်း၊ အစိုးရ တာဝန်ရှိသူများက အလျဉ်းသင့်သလို ထောက်ပံ့မှုများ ပြင်ဆင်ထားပြီး ပြစ်မှုကျူးလွန်သူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။



ယင်းအပြင် အမေရိကန်အစိုးရက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ရေရှည်ဖြေရှင်းချက် တစ်ခု ထွက်ပေါ်လာရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းပြီး ယင်းအတွက်လည်း အမေရိကန် ပြည်ထောင်စုက ကူညီရန် အသင့်ရှိကြောင်း မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်သော အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။



အဆိုပါ ပဋိပက္ခကြောင့် အနည်းဆုံး အမေရိကန်နိုင်ငံသား သုံးဦး အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။



စစ်တွေမြို့တွင် မတ်လ ၂၆ ရက် နေ့က Malteser International အမည်ရှိ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့က အမေရိကန်နိုင်ငံသူ တစ်ဦးသည် ၎င်းတို့ ငှားရမ်းနေထိုင်သော နေအိမ်ပိုင်ရှင် လွှင့်ထူထားသော သာသနာ့အလံကို ဖြုတ်ချ၍ ခါးကြားတွင် ညှပ်ထားရာမှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း စစ်တွေမြို့ခံများထံမှ စုံစမ်းသိရှိရသည်။



ယခုနှစ်ဆန်းပိုင်းက ဖြစ်ပွားခဲ့သော မောင်တောပဋိပက္ခနှင့် ဆက်စပ်၍လည်း နိုင်ငံတကာ အဖွဲ့အစည်း MSF (Holland) ကို ရခိုင်ပြည်နယ်တွင် ဆက်လက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားပြီး နောက်ပိုင်း မတ်လ ၂၆ ရက်နေ့က စစ်တွေပဋိပက္ခ ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။





from The Voice Weekly's Facebook Wall http://ift.tt/1mdpqnM

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...