ပြည်ပမှတင်သွင်းသော ဆေးလိပ်များ အခွန်တံဆိပ်မရှိပါက ဖမ်းဆီးမည်
ရန်ကုန်၊ မတ် ၂၈
ပြည်ပမှ ထုတ်လုပ်သည့် ဆေးလိပ်များကို ဟိုတယ်များကသာ တင်သွင်းခွင့်ရှိပြီး ဈေးကွက်အတွင်း အခွန်အမှတ် တံဆိပ်မရှိဘဲ တွေ့ရှိရပါက ဧပြီလ ၁ ရက်နေ့မှ စတင်၍ သိမ်းဆည်းမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
နိုင်ငံခြား ဆေးလိပ်နှင့် အရက်များကို ဟိုတယ်များတွင်သာ တင်သွင်းခွင့် ပြုထားပြီး ဟိုတယ်လိုင်စင် ပါရှိမှသာ တရားဝင်ပစ္စည်းများ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။
“တရားဝင်ဆိုရင် Custom (အကောက်ခွန်) ကို အခွန်ဆောင်ပြီးကြောင်း တံဆိပ်ပါတယ်” ဟု ယင်းဌာန အကြီးတန်းအရာရှိက ပြောဆိုသည်။
ပြည်သူများအတွက် အကျိုးရှိသော ဆေးဝါးပစ္စည်းနှင့် စားသောက်ကုန်များကို အစိုးရက တရားဝင် တင်သွင်းခွင့် လုံလောက်စွာ ချပေးသင့်ကြောင်း စီးပွားရေးမူဝါဒ ပညာရှင် ဒေါက်တာအောင်ကိုကိုက မှတ်ချက်ပြုသည်။
“ဆေးလိပ်ပဲ ဖြစ်ဖြစ်၊ ဆေးဝါးပဲ ဖြစ်ဖြစ် ပြည်သူတွေအတွက်၊ နိုင်ငံအတွက် ဘယ်လောက် လိုအပ်ချက် မြင့်မားနေလဲ ဆိုတာကို အရင်ကြည့်ရပါ့မယ်။ လိုအပ်မှု မြင့်မားနေတာ ဆိုရင်တော့ တရားမဝင် အခွန်ရှောင်ပြီးတော့ သွင်းမှာပဲ ဒါမဆန်းပါဘူး” ဟု ၎င်းက သုံးသပ်ပြောကြားသည်။
from The Voice Weekly's Facebook Wall http://ift.tt/1gAIL1C
Comments
Post a Comment