Skip to main content

ပြည်ပတင်ပို့ခွင့် ပိတ်ထားသည့် ဝါဂွမ်းနှင့် ချည်မျှင်ပြန်ခွင့်ပြု ရန်ကုန်၊ မတ် ၂...



ပြည်ပတင်ပို့ခွင့် ပိတ်ထားသည့် ဝါဂွမ်းနှင့် ချည်မျှင်ပြန်ခွင့်ပြု



ရန်ကုန်၊ မတ် ၂၈



ပြည်ပတင်ပို့ခွင့် ၁၄ နှစ်ကြာ ပိတ်ပင်ထားသည့် လယ်ယာထွက်ကုန် ပစ္စည်းများမှ ဝါဂွမ်းနှင့် ချည်မျှင်ကို ပြန်လည် တင်ပို့ခွင့်ပြုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မတ်လ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။



၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှ စတင်ကာ ပြည်တွင်းသုံးစွဲမှု ဖူလုံရေးအတွက် ဝါဂွမ်းနှင့် ချည်မျှင် တင်ပို့မှုကို ပိတ်ပင် ထားခဲ့ပြီးနောက် ၁၄ နှစ်အကြာတွင် ယခုကဲ့သို့ ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။



ချည်စက်ရုံများ၏ ကုန်ကြမ်း လိုအပ်ချက်ကြောင့် ပြည်ပတင်ပို့ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ပြည်တွင်း စိုက်ပျိုး ထုတ်လုပ်သူများ၏ တောင်းဆိုချက်အရ ပြည်ပတင်ပို့ခွင့်ကို ဝန်ကြီးဌာနက ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်က ပြောကြားသည်။



မြန်မာ့ဝါကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ဖွယ်ရှိပြီး ပြည်တွင်း၌ ချည်မျှင် ထုတ်လုပ်ရန် နည်းပညာပိုင်း လိုအပ်ချက် ရှိနေကြောင်း ၎င်းကမှတ်ချက်ပြုသည်။



ပြည်တွင်း၌ လက်ခစား အထည်ချုပ် စက်ရုံပေါင်း ၂၀၀ မှ ၃၀၀ ကြားရှိပြီး လုပ်ငန်းအတွက် လိုအပ်သည့် ချည်မျှင်ကိုမူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ အဓိကထား တင်သွင်းနေရကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။



ပြည်ပတင်ပို့ခွင့်ပြုသည့် ကုန်စည်တွင် ချည်မျှင် ပါဝင်သော်လည်း မြန်မာနိုင်ငံတွင် နည်းပညာ လိုအပ်ချက်ကြောင့် ချည်မျှင် ထုတ်လုပ်ရန် အခက်တွေ့နေဆဲ ဖြစ်ကြောင်း အထည်ချုပ် လုပ်ငန်းရှင် အချို့က ဆိုသည်။



ယခုလအတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ပို့ကုန် လိုင်စင်ကြေး ပြန်လည် အပ်နှံရာတွင် ပေးဆောင် ရသည့် ငွေကောက်ခံမှုကိုလည်း ပြန်လည် ဖြေလျှော့ပေးခဲ့ပြီး လာမည့် ကာလများတွင် ပြည်ပသို့ တင်ပို့ခွင့်မပြုသည့် ကုန်ပစ္စည်း အချို့ကိုလည်း ပြန်လည် တင်ပို့ခွင့်ပြုရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1jG6XTy

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...