Skip to main content

အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးခြင်းတိုးချဲ့ဆောင်ရွက်မည် မို့မို့ကြ...



အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးခြင်းတိုးချဲ့ဆောင်ရွက်မည်



မို့မို့ကြည်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ်



၂၀၁၄-၁၅ ပညာသင်နှစ်အတွင်း အခြေခံပညာ မူလတန်းကျောင်းများတွင် နွားနို့တိုက်ကျွေးရေး စီမံချက်ကို ဆောင်ရွက်ရာတွင် ပြီးခဲ့သည့် ပညာသင်နှစ်က နွားနို့တိုက်ကျွေးမှုမရှိခဲ့သော ပြည်နယ်နှင့် တိုင်းများမှ ကျောင်းသား/ကျောင်းသူများကိုပါ တိုးချဲ့တိုက်ကျွေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်အေးက ဇွန်လ ၉ ရက်တွင် မဇ်္ဈိမကို ပြောသည်။



“ ကျွန်တော်တို့ဌာနကနေ မူလတန်း ကျောင်းသားတွေကို မနှစ်ကစပြီး နွားနို့ တိုက်ကျွေးခဲ့ပါတယ်။ မနှစ် က ကျောင်းသားပေါင်း ၄၇,၀၀၀ ကျော်ကို နွားနို့တိုက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ နွားနို့မတိုက်ရသေးတဲ့ ပြည်နယ်နဲ့တိုင်းတွေက ကျောင်းသားတွေကိုပါ တိုးချဲ့တိုက်ကျွေးသွားမှာပါ။ ဒီနှစ်မှာ ပြည်နယ်ထဲက တိုင်း ဒေသတစ်ခုစီက ကျောင်းသား ၁,၀၀၀ စီကိုပါ နွားနို့ တိုက်ဖို့စီစဉ်ထားပါတယ်” ဟု ဒေါက်တာ ခင်မောင် အေးက ပြောသည်။



၂၀၁၃-၂၀၁၄ ကျောင်းဖွင့်ရာသီတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ မူလတန်း ကျောင်းသား ကျောင်းသူပေါင်း တစ်သောင်းကျော်၊ ရန်ကုန်တိုင်းတွင်းရှိ မူလတန်းကျောင်းသား ကျောင်းသူပေါင်း ၁၇,၅၀၀၊ မန္တလေးတိုင်းအတွင်းရှိ ကျောင်းသား ကျောင်းသူပေါင်း ၁၇,၅၀၀၊ ချင်းပြည်နယ်တွင်းရှိ ကျောင်း သား /ကျောင်း သူပေါင်းတစ်ထောင်ကျော်နှင့် ကယားပြည်နယ်တွင်းရှိ ကျောင်းသား ကျောင်းသူ ပေါင်း တစ်ထောင်ကျော်ကို နွားနို့တိုက်ကျွေးခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းများအရ သိရ သည်။



ကျောင်းသားတစ်ဦးလျှင် တစ်ရက် နွားနို့ ၁၀ ကျပ်သားနှုန်းဖြင့် နေ့စဉ်တိုက်ကျွေးခဲ့ခြင်းဖြစ်ပြီး နွားနို့ တစ် ပိဿာလျှင် ကျပ် ၁,၀၀၀ ဈေးရှိသည်ဟုလည်း ၎င်းက ပြောသည် ကျောင်းသား ကျောင်းသူများအား နို့တိုက် ကျွေးခြင်းကို ပုဂ္ဂလိကအလှူရှင်များ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး နောက်ပိုင်း ကာလများတွင် မူလတန်း ကျောင်းသားများကိုသာမက အလယ်တန်း ကျောင်းသားများကိုပါ တိုက်နိုင်ကျွေးနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်သည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။



လက်ရှိအချိန်တွင် ကျောင်းသားများနို့တိုက်ကျွေးရေး စီမံကိန်းကို မွေးမြူရေး/ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကျောင်းသားများအား နွားနို့ တိုက် ကျွေးရန် လှူဒါန်းလိုပါက ဖုန်း ၀၆၇-၄၀၈၀၂၀ သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1kVSwuv

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...