Skip to main content

ပုဒ်မ ၄၃၆ ပြင်ရန် ထောက်ခံလက်မှတ် လေးသိန်းနီးပါးရပြီိ ရွှေရည်ဝင်းထက်| အင်္ဂါနေ့၊ ဇ...



ပုဒ်မ ၄၃၆ ပြင်ရန် ထောက်ခံလက်မှတ် လေးသိန်းနီးပါးရပြီိ



ရွှေရည်ဝင်းထက်| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ကောက်ယူမှုမှာ လက်မှတ်ပေါင်း လေးသိန်းနီးပါးရရှိ နေပြီဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်းဥက္ကဋ္ဌ ဦးမြင့်ဌေးက ဇွန်လ ၉ ရက်တွင် မဇ္ဈိမကို ပြောသည်။



“ရန်ကုန်တိုင်းတစ်ခုတည်းမှာကိုပဲ ၁၀ သိန်းနီးပါးရရှိဖို့ ယုံကြည်ထားတယ်။ အဲဒီအတိုင်းဖြစ်အောင် ကြိုးစားနေပါတယ်။ တစ်တိုင်းပြည်လုံးဆိုရင် ၁၆ သန်းလောက်ရမှဖြစ်မှာ” ဟု ဦးမြင့်ဌေးက ပြောသည်။



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦးက တစ်တိုင်းပြည်လုံး လက်မှတ် ၁၀ သန်းရရန် ခန့်မှန်းထားပြီး ယခုချိန်တွင် ပိုမိုရရှိနိုင်မည်ဖြစ်သည်ဟု ဦးမြင့်ဌေးက ပြောသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် လက်မှတ်ရေးထိုးကောက်ခံမှုကို NLD ၏ ၁၉၉၀ ရွေးကောက်ပွဲ နှစ်ပတ်လည်ဖြစ်သော မေလ ၂၇ ရက်မှ ဇူလိုင် ၁၉ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်လျက်ရှိသည်။



ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ရွေ့လျား လက်မှတ်ထိုး ကောက်ခံခြင်းများကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ဇွန်လ ၁ ရက် မှစတင်လုပ်ဆောင်နေပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ရပ်၊ ကျေးရုံးများမရှိ သည့်နေရာများ နှင့် ကျေးလက်များတွင် ကောက်ခံပေးသွားမည် ဖြစ်သော်လည်း ကျေးလက်နေပြည်သူများတောင်းဆိုဆက် သွယ်မှသာ သွားရောက်မည်ဖြစ်သည်။ဆက်သွယ်မှုမရှိသော ဒေသများသို့ လက် မှတ်ထိုးကောက်ခံခြင်း များ မပြုလုပ်ကြောင်း နှင့် ထောက်ခံလက်မှတ် အမှန်တကယ် ထိုးချင်သူများက ဆက်သွယ်ခေါ်ယူမှသာ သွားရောက်မည်ဖြစ်ကြောင်း ဆိုသည်။



၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က NLD ပါတီ၏ ကြွေးကြော်သံ သုံးချက်ထဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်ဟုပါရှိသည်။ ၂၀၁၃ ခုနှစ်အတွင်း NLD ပါတီမှ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲများကို အောက်တိုဘာလမှ နိုဝင်ဘာလအထိ ပြုလုပ်ခဲ့ပြီး စိတ်ဝင်စားသူ သောင်းချီကာတက်ရောက် နားထောင်ခဲ့သည်။ ထို့နောက် အခြေခံဥပဒေပြင်ဆင်ရန် လေးပွင့်ဆိုင်တွေ့ဆုံရေးကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ တုံ့ပြန်ခဲ့ခြင်းမရှိပေ။



ထို့ကြောင့် ၂၀၁၄၊ မေလ ၂၇ ရက် မှစတင်ကာ အခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအတွက် လက်မှတ်များ ကောက်ခံနေခြင်းလည်းဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ပုဒ်မ တချို့သည် ဒီမိုကရေစီနှင့် သွေဖည်နေပြီး အခြေခံဥပဒေကိုပြုပြင်ပြောင်းလဲရာတွင် ကြီးစွာအဟန့်အတားဖြစ်ကာ စစ်အုပ်စုအာဏာတည်မြဲရေးကို ကာကွယ်ပေးနေသော ပြဋ္ဌာန်းချက် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရန် တစ်တိုင်းပြည်လုံး လက်မှတ်ရေးထိုး ကောက်ခံခြင်းကို လုပ်ဆောင်လျက်ရှိသည်။



ရရှိလာသည့် လက်မှတ်များအား သမ္မတ၊ လွှတ်တော်နှင့် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ပေးပို့မည်ဖြစ်သည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်မူ လွှတ်တော်တွင်း လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်ပြီး မဲပေးနိုင်သူဦးရေ၏ ထက်ဝက်ကျော်က ထောက်ခံမဲပေးရမည်ဖြစ်သဖြင့် လွှတ်တော်အတွင်း ပြင်ဆင်ရန်မှာ အလွန်ခက်ခဲသည်ဟု NLD ပါတီ၏ ဥပဒေအထောက်ကူပြုအဖွဲ့မှ ရှေ့နေ ဦးကိုနီက ပြောကြားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1oPfC4e

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...