Skip to main content

စနစ်ဟောင်းကို မှီတွယ်နေပါက ဒီမိုကရေစီလမ်း မရောက်နိုင်ဟု သူရဦးရွှေမန်းပြော စိုးသ...



စနစ်ဟောင်းကို မှီတွယ်နေပါက ဒီမိုကရေစီလမ်း မရောက်နိုင်ဟု သူရဦးရွှေမန်းပြော



စိုးသန်းလင်း| အင်္ဂါနေ့၊ ဇွန်လ ၁၀ ရက်၊ ၂၀၁၄ ခုနှစ်



ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေး သတ္တမနေ့၊ ဇွန် ၉ ရက်တွင်ဆွေးနွေး အတည်ပြုလိုက်သည့် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေကြမ်းပါ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ပြင်ဆင်ချက်တို့အပေါ် ကိုယ်စားလှယ်တို့ ပါဝင်ဆွေးနွေးကြစဉ် ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်ပြီး စနစ်ဟောင်းကို မှီတွယ်ပြီးဆောင်ရွက်နေခြင်းသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်နိုင်မည်မဟုတ်ကြောင်း သူရဦးရွှေမန်းက ဝေဖန်ပြောကြားလိုက်သည်။



“အလုပ်သမားလည်း နိုင်ငံသားပဲ၊ အလုပ်ရှင်လည်း နိုင်ငံသားပဲ၊ သူတို့ အကျိုးစီးပွားကို ကာကွယ်ပေးတဲ့ ဥပဒေကို လွှတ်တော်က ပြဋ္ဌာန်းရတာ၊ ဒီနေ့လုပ်ငန်းရှင်တွေထဲမှာလည်း သာမန်လူတွေပါတယ်။ FDI နဲ့ လာမယ့် လုပ်ငန်းရှင်တွေအတွက်လည်း အလုပ်သမားပဋိပက္ခ ဖြေရှင်းရာမှာ ထောင်ဒဏ်တွေပါနေတယ်ဆိုရင် သူတို့ဘယ်လိုဖြစ်သွားမလဲ၊။ နောက်တစ်ခါ အာဏာကို ကျင့်သုံးတယ်ဆိုတာ မကောင်း၊ မိမိတို့ ဘယ်စနစ်ကိုသွားနေလဲဆိုတာ ကြည့်ဖို့လိုတယ်။”ဟု ၎င်းက ပြောသည်။



အဆိုပါ ပြင်ဆင်သည့်ဥပဒေကြမ်းပုဒ်မ (၄၆)၊ (၄၇)၊ (၄၈) နှင့် ၄၈ (က) တို့တွင် အစိုးရ၀န်ကြီးဌာန ပြင် ဆင်ချက်အရထောင်ဒဏ် သုံးလ၊ ခြောက်လ၊ ခြောက်လ နှင့် တစ်နှစ်ဟူ၍ ပါရှိခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ်တို့ကကန့်ကွက် ဆွေးနွေးကြအပြီးတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကလည်း လွှတ်တော် ကိုယ်စားလှယ်များဘက်မှ ရပ်တည်လျက်အစိုးရအဖွဲ့အား ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။



“ထောင်ချမယ်ဆိုတော့မှ ဥပဒေကိုလေးစားလိုက်နာမယ်ဆိုတဲ့ အတွေးအမြင်ရှိရင် ကျွန်တော်တို့ လူမျိုးတွေ ဘယ်အဆင့်ကို ရောက်သွားမလဲ၊ ရာဇ၀တ်မှုမှာကျင့်သုံးရမယ့် ကိစ္စတွေကို တရားမမှုမှာမကျင့်သုံး သင့်ဘူး ” ဟု လည်း ၎င်းကထောက်ပြသည်။



အဆိုပါ ဥပဒေကြမ်း၏ ပုဒ်မ ၄၆ မှ ၄၈(က)အထိတွင် မူလပြင်ဆင်သည့် ဥပဒေကြမ်း၌ ၀န်ကြီးဌာနက သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ခြောက်လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေနှင့် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ” ဟူသည့် စာသားများကို ဖြည့်စွက်လိုက် ခြင်းအပေါ်အလုံမဲဆန္ဒနယ် ပြည် သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ထောင်ဒဏ်များကို ဖြုတ်ပစ်ကာ ငွေဒဏ်များဖြင့် တိုး မြှင့်ပြင်ဆင်ခဲ့သည်။



ဤသို့ ထောင်ဒဏ်များဖြုတ်ပစ်ခြင်းကို ရွှေပြည်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက “ပြီးခဲ့တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာလဲ ထောင်ဒဏ်တွေ လျှော့ချ ပေး ခြင်းအားဖြင့် အဲဒီအသင်းအဖွဲ့တွေဟာ ပိုပြီးအကျိုးပြုလာနိုင်တာ၊ ဖွံ့ဖြိုးမှုပိုများ လာတာတွေ့ရပါတယ်။ ဒီဥပဒေမှာ ထောင်ဒဏ်တွေထည့်ခြင်းဟာ အလုပ်ရှင်တွေထောင်ကျ၊ လုပ်ငန်းတွေပိတ်၊ FDI တွေလည်း အ၀င်နည်း၊ အလုပ်လက်မဲ့နှုန်းတွေလည်း ပိုများလာနိုင်တဲ့အတွက် ထောင်ဒဏ်တွေကို ရုပ်သိမ်း သင့်ပါ တယ်” ဟု ထောက်ခံဆွေးနွေးခဲ့သည်။



အစိုးရအဖွဲ့အနေဖြင့် အဆိုပါထောင်ဒဏ်များ ထည့်သွင်းရခြင်းနှင့်ပတ်သက်ပြီး အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဦးထင်အောင် က “အလုပ်ရှင်၊ အလုပ်သမား နှစ်ဖက်စလုံး ဟာ ချမှတ်ထားတဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းကြပါတယ်။ ဒီတော့ လေးစားလိုက်နာစေလို တဲ့အတွက် ပြစ်ဒဏ်နှစ်ရပ်ကို သတ်မှတ်လိုခြင်းသာဖြစ်ပါတယ်” ဟု လွှတ်တော်ကို တင်ပြခဲ့သည်။



သို့ရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ထောက်ပြခဲ့ခြင်း၊ ပြည်သူ့လွှတ် တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်က ထောင်ဒဏ်များ ပယ်ဖျက်ကာ ငွေဒဏ်ကိုသာ တိုးမြှင့် ထားသင့်ကြောင်း အခိုင်အမာ ရှင်းလင်းတင်ပြခဲ့ခြင်းတို့ကြောင့် အဆိုပါအလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းကို ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ ဖြစ်သော ထောင်ဒဏ်ဖြုတ်ချသည့်အတိုင်း အတည်ပြုနိုင်ခဲ့ကြသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1oPfDoM

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...