Skip to main content

နိုင်ငံတကာသတင်းတိုများ ဗီယက်နမ်သင်္ဘောများ အကြိမ် တစ်ထောင်ကျော် ကျူးကျော်ခဲ့ နို...



နိုင်ငံတကာသတင်းတိုများ



ဗီယက်နမ်သင်္ဘောများ အကြိမ် တစ်ထောင်ကျော် ကျူးကျော်ခဲ့



နိုင်ငံတောင်ပိုင်းရှိ အိမ်နီးချင်းနိုင်ငံ ဖြစ်သော ဗီယက်နမ်နှင့် ကောင်းမွန် သောဆက်ဆံရေး ရှိသော်လည်း ဗီယက်နမ်မှ သင်္ဘောများမှာ တောင် တရုတ်ပင်လယ်အတွင်းရှိ ရေပိုင်နက် အငြင်းပွားနေသည့် နေရာသို့ အကြိမ် တစ်ထောင်ကျော် ၀င်ရောက်ကျူးကျော် ခဲ့သည်ဟု တရုတ်နိုင်ငံမှ စွပ်စွဲပြောကြားလိုက်သည်ဟု ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ဝေလငါးဖမ်းခြင်းကိုပိုမို ကန့်သတ်မည်



စီးပွားဖြစ် ဝေလငါးဖမ်းခြင်းအပေါ် တင်းကျပ်သည့် ကန့်သတ်မှုများပြုလုပ်သည့် ကြိုးပမ်းမှုအား အရှိန်မြှင့် တင် ပြုလုပ်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ်က ဂျပန်ပါလီမန်သို့ ပြောကြားလိုက်သည် ဟု ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။။



အမေရိကန်- တရုတ် ပူးပေါင်း စစ်ရေးလေ့ကျင့်မည်



တရုတ်-အမေရိကန် နှစ်နိုင်ငံ အကြားရှိ စစ်ဘက်ရေးရာဆက်ဆံရေး၌ မယုံကြည်မှုများ နက်နက်ရှိုင်းရှိုင်းရှိ နေသော်လည်း အမေရိကန်နိုင်ငံမှ ယခုလအတွင်းကျင်းပမည့် ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံး အကြိမ် အဖြစ် ပါဝင်မည်ဖြစ်သည်ဟု တရုတ် နိုင်ငံ မှ ဇွန်လ ၉ ရက်တွင် အတည်ပြု ပြောကြားလိုက်သည် ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



နေတိုးစခန်းကို ၀င်တိုက်



အာဖဂန်နိုင်ငံအရှေ့ပိုင်း နာအမ်ဂါဟာပြည်နယ်မြို့တော် ဂျလာလာဘတ်ရှိ နေတိုးတပ်ဖွဲ့၏ စီမံကွပ်ကဲရေး စခန်းတစ်ခုအတွင်းသို့ ဇွန်လ ၉ ရက်၌ သေနတ်သမားများ ၀င်ရောက်ပစ်ခတ်ခြင်း၊ ကားများအား မီးရှို့ခြင်း များ ပြု လုပ်ခဲ့သည်ဟုနီးစပ်သည့် သတင်းရင်းမြစ်များအဆိုအရ သိရသည်ဟု ဇွန်လ ၉ ရက်က အေအက်ဖ် ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ဥပဒေပြု အမတ်သုံးဦးကိုအဂတိလိုက်စားမှုဖြင့် ဖမ်းဆီးမည်



ဖိလစ်ပိုင်နိုင်ငံတွင် အရိုးစွဲနေသည့် အကျင့်ပျက်ခြစားမှု အရှုပ်အထွေးအတွင်း အာဏာရ ဥပဒေပြု အမတ် သုံးဦးပါဝင်နေသည်ဟု အဂတိ တိုက်ဖျက်ရေးရုံးတော်က ပြောဆိုလိုက်ရာ ၎င်းတို့သုံးဦးအား ဖမ်းဆီးရန် လုပ်ဆောင်လျက်ရှိကြောင်း ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ကိုလံဘီယာအစိုးရနှင့် Farc သူပုန်တို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ရန် သဘောတူ



ကိုလံဘီယာ အစိုးရနှင့် Farc သူပုန်များက ဆယ်စုနှစ်ငါးနှစ်ကြာ ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွင်း ထောင်နှင့်ချီကာ သေဆုံးသွားသူများအတွက် စုံစမ်းစစ်ဆေးရန် စုံစမ်းစစ် ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားရန် သဘောတူညီခဲ့သည်ဟု ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထား သည်။



ကနေဒါမှ အကျဉ်းသားသုံးဦး ရဟတ်ယာဉ်အသုံးပြုကာ ထောင်ဖောက်ပြေး



ကနေဒါနိုင်ငံရှိ ထောင်အတွင်းမှ အကျဉ်းသား သုံးဦးသည် ရဟတ်ယာဉ်အသုံးပြုပြီး ထောင်ဖောက်ပြေး သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်ဟု ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော် ပြထားသည်။



၎င်းတို့သည် ဇွန်လ ၇ ရက် ဒေသစံတော်ချိန် ညနေ ၇နာရီ ၄၅ မိနစ်တွင် ကွိဘက်ဒေသရှိ အော်စိန်ဗီလီ ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်။



ဆိုမာလီလက်ထဲ သုံးနှစ်တာ ရောက်ရှိနေသော သင်္ဘောသားများ ပြန်လည်လွတ်မြောက်



ဆိုမာလီယာ ဓားပြများမှ ပြန်ပေးဆွဲခဲ့သည့် မလေးရှားနိုင်ငံ မှတ်ပုံတင်ထားသော သင်္ဘောမှ သင်္ဘောသား ၁၁ ဦးသည် ထိန်းသိမ်းခံထားရမှု သုံးနှစ်အကြာတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ဇွန်လ ၉ ရက် က အေ အက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



တောင်အာရှနှင့် အီရန်တို့မှ သင်္ဘောသားများသည် ၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလအတွင်း ဆိုမာလီကမ်း ခြေမှ မိုင် ၉၀၀ အကွာ၌ ပြန်ပေးဆွဲခံခဲ့ ရသော MV Albedo ကုန်တင်သင်္ဘောတွင် လိုက်ပါလာခဲ့ကြ ခြင်းဖြစ်သည်။



အီဂျစ်သမ္မတအဖြစ် အယ်လ်စီစီ ကျမ်းသစ္စာကျိန်ဆိုမည်



အီဂျစ်နိုင်ငံအတွင်း မေလ၌ ကျင်းပပြီးစီးခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူ စစ်ဦးစီးချုပ်ဟောင်း အယ်လ်စီစီသည် အီဂျစ်နိုင်ငံသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားတော့ မည်ဖြစ်သည်ဟု ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။



ကိုဆိုဗိုဒေသ ရွေးကောက်ပွဲကျင်းပ



ကိုဆိုဗိုဒေသရှိ ပြည်သူများသည် ပါလီမန်ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနေကြပြီး ယင်းမှာ ဥရောပသမဂ္ဂ ၏ နယ်မြေသတ်မှတ်ခြင်းအပေါ် စမ်းသပ်မှုတစ်ရပ်လည်းဖြစ်စေသည်ဟု ဇွန်လ ၉ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1mAC91T

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3