Skip to main content

ယုဇနကုမ္ပဏီကို ဆန္ဒပြသည့် လယ်သမားများကို တရားစွဲမည် ရန်ကုန်၊ ဇွန် ၉ ဟူးကောင်းဒေ...



ယုဇနကုမ္ပဏီကို ဆန္ဒပြသည့် လယ်သမားများကို တရားစွဲမည်



ရန်ကုန်၊ ဇွန် ၉



ဟူးကောင်းဒေသတွင် လယ်ယာမြေများ သိမ်းယူထားသော ယုဇနကုမ္ပဏီကို ဆန္ဒပြသည့် လယ်သမားများကို ခွင့်ပြုမိန့် ရယူခြင်း မရှိဘဲ ဆန္ဒထုတ်ဖော်မှုကြောင့် ဗဟန်းမြို့နယ် ရဲစခန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေ ပုဒ်မ (၁၈) ဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်း စခန်းမှူး ဒုရဲမှူး မြင့်လွင်သန်းက ပြောကြားသည်။



ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ် ကျေးရွာအုပ်စု အတွင်းမှ လယ်မြေဧက သုံးသိန်းကျော်ကို ယုဇနကုမ္ပဏီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရန် ၂၀၀၆ ခုနှစ်ခန့် သိမ်းယူခဲ့ခြင်းကို မကျေနပ်သဖြင့် အဆိုပါ ဒေသခံ ၁၆ ဦးက ယုဇနကုမ္ပဏီပိုင် ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးရှိ ယုဇနဟိုတယ်ရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများထံမှ သိရှိရသည်။



“တရားစွဲဆိုသွားမှာပါ။ ဘယ်အချိန် ဘယ်ရက် စွဲဆိုသွားမယ် ဆိုတာ မပြောနိုင်သေးပါဘူး။ အထက်ကို တင်ပြပြီး ခွင့်ပြုမိန့် တောင်းရဦးမှာပါ။ တရားလိုအဖြစ် ဘယ်သူက လုပ်စွဲမယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ပြောကြားသည်။



ယုဇနကုမ္ပဏီက ဟူးကောင်းဒေသရှိ လယ်ယာမြေ သိမ်းယူမှုများနှင့် ပတ်သက်၍ လယ်သမားများက မကျေနပ်သဖြင့် ယုဇနဟိုတယ်ရှေ့တွင် ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်ခဲ့ရာ ခွင့်ပြုမိန့်မကျဘဲ ပြုလုပ်သောကြောင့် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဗဟန်းမြို့နယ်၊ မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူး မြင့်လွင်သန်းက The Voice သို့ ပြောကြားသည်။



ဆန္ဒထုတ်ဖော်ရန်အတွက် ဇွန်လ ၂ ရက်က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းမျာနှင့် အညီ လျှောက်ထားခဲ့သော်လည်း ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပလပ်ခဲ့ပြီး တိုင်းရုံးသို့ အယူခံ တင်ပြခဲ့သော်လည်း ထပ်မံ ပလပ်ခြင်း ခံရကြောင်း၊ ညှိနှိုင်းမှုများ မပြုလုပ်ပါက ဆက်၍ ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် လယ်သမားများက ပြောကြားသည်။



အဆိုပါ မြေများ ပြန်လည်ရရှိရန် ထွန်တုံးတိုက်ပွဲ ပြုလုပ်သွားမည် ဖြစ်ပြီး တစ်နိုင်ငံလုံးမှ လယ်သိမ်းခံ လယ်သမားများနှင့် ပူးပေါင်းကာ ယုဇနကုမ္ပဏီအား တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ၏ ကချင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ပြောကြားသည်။

“ခရိုနီဘက်ကပဲ ရပ်တည်ပေးနေတယ်။ ဒီနေ့ထိ ဥပဒေစိုးမိုးမှု မခံစားရသေးဘူး” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။



ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ် ကျေးရွာအုပ်စု အတွင်းမှ လယ်မြေဧက သုံးသိန်းကျော်ကို ယုဇနကုမ္ပဏီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရန် ၂၀၀၆ ခုနှစ်ခန့် သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ လယ်မြေ တစ်ဧကအတွက် လျော်ကြေးငွေ ရှစ်သောင်းကျပ် ပေးသော်လည်း နည်းကြောင်း၊ မေလ ၃၀ ရက်ကလည်း ဆန္ဒထုတ်ဖော်ခဲ့ရာ ဖြေရှင်းပေးမှုများ မလုပ်သဖြင့် ထပ်မံ ဆန္ဒပြခြင်း ဖြစ်ကြောင်း သိရသည်။



လယ်ယာမြေ သိမ်းယူမှုများ ဖြေရှင်းရန် ပထမအကြိမ် ကချင်ပြည်နယ် လွှတ်တော်၊ သတ္တမ ပုံမှန်အစည်းအဝေး၊ ဒသမနေ့တွင် ဖားကန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအင်ဖရောင်းဂမ်က အဆိုပါ ပြဿနာများအတွက် ကချင်ပြည်နယ် လွှတ်တော်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့မှ ပါဝင်ဖြေရှင်းရန် အရေးကြီး အဆိုအဖြစ် တင်သွင်းခဲ့ပြီး၊ လွှတ်တော်က အတည်ပြုခဲ့သည်အတွက် ကွင်းဆင်း စုံစမ်းရေးအဖွဲ့ကို ယခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းမြင့်ကျော်က နာယကအဖြစ် တာဝန်ယူပြီး ဦးရေ ၁၈ ဦး ပါဝင်ကြောင်း ပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌထံ ပြည်နယ်လွှတ်တော်မှ ပေးပို့သည် စာအရ သိရသည်။



(နေဇာကျော်)







from The Voice Weekly's Facebook Wall http://ift.tt/1l30axm

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3