Skip to main content

ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးတို့ ခွင့်မပြုသော်လည်း မကွေးတွင် ပုဒ်မ ၄၃၆ ပြင်ဆင...



ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူးတို့ ခွင့်မပြုသော်လည်း မကွေးတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြော



မကွေး၊ ဇွန် ၉



နိုင်ငံတကာက ပြင်ဆင်ရန် အခက်ခဲဆုံး အခြေခံဥပဒေဟု ဆိုသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကို ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ခွင့်ပြုပေးခဲ့ခြင်း မရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဦးဆောင်ကာ မကွေးမြို့ရှိ အေးစေတီဘုရား ရင်ပြင်တွင် ဇွန်လ ၉ ရက်နေ့က ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့ဝင်များက ပြောကြားသည်။



ယင်းဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ ခွင့်ပြုချက် တင်ခဲ့သော်လည်း ခွင့်မပြုကြောင်း၊ စတိတ်ခုံနှင့် ဗီနိုင်းပိုစတာတို့ကို့ ဖျက်ပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့သော်လည်း အခမ်းအနားကို ဖြစ်မြောက်အောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အတွင်းရေးမှူး ဦးနေမျိုးကျော်က ထုတ်ဖော် ပြောကြားသည်။



အေးစေတီဘုရား ဂေါပက အဖွဲ့ကလည်း အေးစေတီဘုရား ရင်ပြင်တော်နှင့် ဝတ္တကမြေအတွင်း ဘာသာရေးနှင့် သက်ဆိုင်ခြင်း မရှိသည့် ပြောဆိုပြုမှု ဆောင်ရွက်ခြင်းများကို တားမြစ်ကြောင်း ဗီနိုင်းပိုစတာဖြင့် တားမြစ်ခဲ့သည်။



“ပုဒ်မ ၄၃၆ ရဲ့ တားမြစ်ချက်တွေ၊ ဟန့်တားတာတွေ၊ ကန့်သတ်ထားတာတွေက (အခြေခံဥပဒေ ပြင်ဆင်ရေးအတွက်) ခက်ခဲအောင် ပြုလုပ်ထားတဲ့အတွက် ဒီပုဒ်မ ၄၃၆ ဟာ မဖြစ်မနေ စတင်ဖွင့်ရမယ့် သော့ခလောက်ကြီး တစ်ခုဖြစ်ပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဗဟိုဥပဒေပြု အထောက်အကူပြု ကော်မတီဝင် ဦးအောင်သိန်းက ပြောဆိုသည်။



၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဌေးကြွယ်ကလည်း ပုဒ်မ ၄၃၆ ကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ထောက်ခံဆန္ဒမဲ မရဘဲ ပြင်၍ ရနိုင်မည် မဟုတ်ကြောင်း၊ တပ်မတော်ကသာ တိုင်းပြည်၏ အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်သည် ဆိုသော အသိကို စတင် ပြင်ဆင်လိုကြောင်း ၎င်းက ရှင်းပြသည်။



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲသို့ မကွေးတိုင်း အတွင်းရှိ ချောက်၊မင်းဘူး၊ ရေနံချောင်း၊ အောင်လံ၊ ပွင့်ဖြူနှင့် စကုမြို့နယ်တို့မှ ဒေသခံများ လာရောက် နားထောင်ခဲ့ကြသည်။



ပုဒ်မ ၄၃၆ ၏ ပြဋ္ဌာန်းချက်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သို့မဟုတ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အထမြောက်ပါက ဆန္ဒမဲပေးသူ ဦးရေ၏ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရန် ဆိုသော ပြဋ္ဌာန်းချက်ကို အစားထိုး ပြင်ဆင်လိုကြောင်း NLD ပါတီက ထုတ်ပြန်ထားသည်။







from The Voice Weekly's Facebook Wall http://ift.tt/1mAu5hN

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...

ဖုန်းပြော သူများ သတိထား၊ ကြာရှည်စွာ ဖုန်းပြောလျှင် နားကို ဒုက္ခ ပေးရာရောက်

ခေတ်မီ တိုးတက် လာသည့် အလျောက် ဆန်းပြားသော လျှပ်စစ် ပစ္စည်း များနှင့် လူ့အသုံး အဆောင် ပစ္စည်း များမှာ လည်း တစ်ခု ထက် တစ်ခု ပိုမို ကောင်းမွန် လာသည့် အတွက် လူအများ မှာလည်း အသစ် အဆန်း ဘက်ကို ဦးစားပေး ရွေးချယ် လာကြသည်။ ယခုခေတ်မြို့နေ လူငယ် အများစုဖုန်းကိုင် လာနိုင်ပြီး ဆွေ မျိုး သားချင်း၊ ချစ်သူ သမီးရည်းစား များ နှင့် ဖုန်းပြော သည့်အခါ ပုံမှန် အသံ dv (decivel) ထက်ပိုသော အသံကို ကြားလျှင်ဖြစ်စေ၊ နေ့စဉ် ရက်ဆက် အချိန်ကြာမြင့်စွာ ဖုန်းပြော လျှင်ဖြစ် စေ နားကို မထိခိုက် နိုင်သော်လည်း ပုံမှန် အသံထက် ကျယ်သော စကား ပြောသံ နှင့် အချိန်ကြာသော အခါ နား ထိခိုက် နိုင်ကြောင်း နား၊နှာခေါင်း၊ လည်ချောင်း ဆေးရုံမှ အထူးကု ဆရာ ၀န် ဒေါက်တာ ၀င်းထိုက် ကြည်က ပြောကြားသည်။ ဖုန်းကို တစ်နေ့တည်း ဆက် တိုက် ခြောက်နာရီ နှင့် အထက်ပြော ပြီး ဖုန်းပြောသံမှာ လည်း သတ်မှတ် ထား သော dv (decivel) အသံထက် ကျယ်ရင် နားအူ၍ ထုံတတ် ကြောင်း၊ ပုံမှန် နားထောင် နိုင်စွမ်း ရှိသော အသံ နှင့် ပြောလျှင် နားကို မထိခိုက် နိုင် သော်လည်း ကြာရှည် လာချိန်တွင် နားလေး သွားနိုင် ကြောင်း၊ ထို့ကြောင့် ကြာရှည်စွာ ဖုန်းပြော တတ်သည့်လူ ငယ်များ၊ ဖုန်းပြော လျှင် အော်...