Skip to main content

လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံရပြီး လမ်းကြောင်းပြောင်းလ...



လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခံရပြီး လမ်းကြောင်းပြောင်းလျက် ၇ နာရီကြာ ခြေရာဖျောက် ပျံသန်းခဲ့ဖွယ်ရှိသော်လည်း ပြန်ပေးဆွဲခံရဟု မလေးရှားဝန်ကြီးချုပ် အတည်မပြုခဲ့



ပြီးခဲ့သည့် မတ် ၈ ရက်က ပျောက်ဆုံးခဲ့သော မလေးရှားလေကြောင်းလိုင်း လေယာဉ်၏ ဆက်သွယ်ရေးစနစ်ကို လေယာဉ်ပေါ်ရှိ တစ်စုံတစ်ယောက်က ရည်ရွယ်ချက်ရှိရှိဖြင့် ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လေယာဉ်သည် ရေဒါမှ ပျောက်သွားခဲ့ပြီးနောက် ၇ နာရီခန့်အထိ ကြာအောင် ပျံသန်းခဲ့ဖွယ်ရှိကြောင်း မလေးရှားဝန်ကြီးချုပ်နာ ဂျစ်ရာဇတ်က မတ် ၁၅ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။



သို့သော် နာဂျစ်က လေယာဉ်သည် ပြန်ပေးဆွဲခံရခြင်းဖြစ်နိုင်ကြောင်း ပြောကြားမှုများကို နာဂျစ်က အတည်ပြု ပြောကြားခဲ့ခြင်းမရှိဘဲ စုံစမ်းစစ်ဆေးသူများသည် နောက်ဆုံးသတ်မှတ်မှုကို မချမှတ်ရသေးကြောင်း ပြောကြားခဲ့သည်။



“ မလေးရှားအာဏာပိုင်တွေဟာ လေယာဉ်ပေါ်လိုက်ပါခဲ့တဲ့ ခရီးသည်တွေ၊ အမှုထမ်းတွေကို စုံစမ်းစစ်ဆေးဖို့ အာရုံစိုက်နေပါပြီ။ လေယာဉ်ထဲက တစ်စုံတစ်ယောက်က တမင်ရည်ရွယ်ဆောင်ရွက်ခဲ့မှုဆိုတာ သက်သေအထောက်အထားတွေက ကိုက်ညီနေပါတယ်” ဟု နာဂျစ်က ပြောကြားခဲ့သည်။



လေယာဉ်သည် နောက်ဆုံး အဆက်အသွယ်ပြုလုပ်ခဲ့သည့်နေရာမှ မည်သည့်အကွာအဝေးထိ ပျံသန်းခဲ့သည်ကို ဆုံးဖြတ်ရန် စုံစမ်းသူများက တွက်ချက်နေကြောင်း နာဂျစ်ကပြောကြားခဲ့သည်။



နောက်ဆုံးရရှိသော အချက်အလက်များကို လေ့လာသုံးသပ်ခဲ့ပြီးနောက် လေယာဉ်၏ ဆက်သွယ်ရေးစနစ် Aircraft and Communications Addressing and Reporting System သည် မလေးရှားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်းသို့ လေယာဉ်မရောက်ရှိမီ ပြတ်တောက်သွားခဲ့ကြောင်း သိရသည်။ ခရီးစဉ် MH370 သည် မတ် ၈ ရက် နံနက် ၁၂း၄၀ နာရီတွင် လူ ၂၃၉ ဦး တင်ဆောင်ပြီး ကွာလာလမ်ပူမှ ပေကျင်းသို့ ထွက်ခွာသွားခဲ့သည်။ လေယာဉ်က ဂြိုဟ်တုသို့ နောက်ဆုံးဆက်သွယ်ခဲ့သည့် အချိန်မှာ မလေးစံတော်ချိန်နံနက် ၈း၁၁ နာရီဖြစ်ကြောင်း နာဂျစ်က ပြောကြားခဲ့သည်။ လေယာဉ်သည် မတ် ၈ ရက်က နံနက် ၁ နာရီ ၃၀ မိနစ်တွင် အရပ်ဘက်ရေဒါမှ ပျောက်ကွယ်သွားခဲ့ပြီးနောက် ခုနစ်နာရီခန့် ကြာအောင် ပျံသန်းနေခဲ့ကြောင်း ဂြိုဟ်တုဆက်သွယ်ရေးအချက်အလက်များက ဖော်ပြခဲ့သည်ဟု နာဂျစ်က ပြောကြားခဲ့သည်။



လေယာဉ်သည် မူလခရီးစဉ်လမ်းကြောင်းမှ အနောက်ဘက်သို့ လမ်းကြောင်းပြောင်းသွားခဲ့သည်ဟု စုံစမ်းစစ်ဆေးနေသူများက ကောက်ချက်ချခဲ့ကြောင်း နာဂျစ်က ပြောကြားခဲ့သည်။ နောက်ဆုံးရရှိသော အချက်အလက်များကြောင့် တောင်တရုတ်ပင်လယ်အတွင်းရှိ ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်းထားခဲ့ပြီ ဖြစ်သည်။



သို့သော် လေယာဉ်၏ နောက်ဆုံးဆက်သွယ်မှုအရ ရှာဖွေရေးလမ်းကြောင်းသည် နှစ်ခုဖြစ်နိုင်ဖွယ်ရှိပြီး လေယာဉ်သည် ကာဇက်စတန်နှင့် တာမင်နစ္စတန်မှ ထိုင်းမြောက်ပိုင်းထိ လည်းကောင်း၊ အင်ဒိုနီးရှားမှ အိန္ဒိယသမုဒ္ဒတောင်ပိုင်းထိ လည်းကောင်း ပျံသန်းသွားဖွယ်ရှိကြောင်း နာဂျစ်က ပြောကြားခဲ့သည်။



လေယာဉ်သည် ထူးခြားသော လမ်းကြောင်းကို ပျံသန်းခဲ့ဖွယ်ရှိကြောင်း အမည်မဖော်လိုသော တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ မလေးရှား စစ်ဘက်ရေဒါများက လေယာဉ်သည် အရပ်ဘက်ရေဒါမှ ပျောက်ပြီးနောက် မကြာမီ အမြင့်ပေ ၄၅၀၀၀ ထိ ပျံသန်းတက်ခဲ့ကြောင်း ထို့နောက် နောက်တစ်ကြိမ်မပျံတက်မီ အမြင့်ပေ ၂၃၀၀၀ သို့ နိမ့်ကျ ပျံသန်းခဲ့ကြောင်း အဆိုပါတာဝန်ရှိသူ က ပြောကြားခဲ့သည်။



ွRef:AFP



(မလေးရှားလေယာဉ်မှ ခရီးသည်များ ဘေးကင်းစေကြောင်း ဆုတောင်းသည့်စာကို ကိုင်ဆောင်ထားသော အင်ဒိုနီးရှားကျောင်းသူတစ်ဦး)





from Eleven Media Group's Facebook Wall http://ift.tt/1oaCThd

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...