Skip to main content

မိတ္ထီလာမြို့မ ဈေးပတ်လည် သုံးတန် အထက်ယာဉ် ဝင်ခွင့် ပိတ်မည် မိတ္ထီလာ၊ မတ် ၁၅ မိတ...



မိတ္ထီလာမြို့မ ဈေးပတ်လည် သုံးတန် အထက်ယာဉ် ဝင်ခွင့် ပိတ်မည်



မိတ္ထီလာ၊ မတ် ၁၅



မိတ္ထီလာမြို့မ ဈေးကြီး၏ ဈေးပတ်လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးနှင့် မီးဘေးအန္တာရယ် ကင်းရှင်းရေးတို့ အတွက် မတ်လ ၂၀ ရက်နေ့မှစ၍ သုံးတန်နှင့် သုံးတန်အထက် ကုန်တင်ယာဉ်များ ယာဉ်ဝင်ခွင့် ပိတ်မည် ဖြစ်ကြောင်း မိတ္ထီလာခရိုင် ယာဉ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ပြောကြားသည်။



ယင်းကိစ္စနှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူး ရုံး၌ ဖေဖော်ဝါရီလ ၂၁ ရက်က မြို့တွင်း ပြေးဆွဲလျက် ရှိသည့် ဂိတ်များမှ ဂိတ်မှူးများ၊ ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့မိ မြို့ဖများ တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး ဈေးပတ်လမ်းရှိ ကုန်တင်ကုန်ချ ဂိတ်များကိုလည်း နေရာ ရွှေ့ပြောင်းပေးရန် အသိပေးထားပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။



ယာဉ်ရပ်နားရန် အခက်အခဲ ရှိသည့် ဂိတ်များအတွက် ဈေးအရှေ့ပြင်ရပ်ရှိ ရတနာ သင်းကျစ် ဘုရားဝင်းအတွင်း ကုန်တင်ကုန်ချခွင့် ပေးထားကြောင်း ဦးခင်မောင်မြင့်က ရှင်းပြသည်။



ယင်းသို့ ယာဉ်ရပ်နားရန် နေရာ ပြောင်းလဲခဲ့ခြင်းကြောင့် လေးလံသည့် ကုန်စည်များ သယ်ယူရန် အခက်တွေ့မည် ထင်ကြောင်း၊ လက်ရှိ ဂိတ်များမှာ ဈေးနှင့် နီးသောကြောင့် ဝန်လေးသည့် ကုန်စည်များကို ဂိတ်ပိုင် လက်တွန်းလှည်းဖြင့် ပို့ဆောင်ခဲ့ရာမှ နောင်တွင် သုံးဘီး မော်တော် ဆိုင်ကယ်များကို ငှားရမ်း အသုံးပြုရမည် ဖြစ်သောကြောင့် လုပ်အားခ ဆုံးရှုံးနိုင်ကြောင်း ယင်းဈေးကြီး၏ ကုန်တင်ကုန်ချ လုပ်သားခေါင်းဆောင် ဦးမင်းက သုံးသပ်သည်။



မိတ္ထီလာမြို့မ ဈေးပတ်လည်၏ တောင်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းကို တစ်လမ်းမောင်း သတ်မှတ် ထားသော်လည်း လမ်းကျဉ်းခြင်း၊ လမ်းဧရိယာထိ ဈေးဆိုင်ခင်းထားခြင်း၊ သုံးဘီး ဆိုင်ကယ်များနှင့် ဆိုင်ကယ် ကယ်ရီများ စည်းကမ်းမဲ့ ရပ်နားခြင်း တို့ကြောင့် အစဉ်ယာဉ်ကြော ပိတ်ဆို့ရာ နေရာဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1m8NquO

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...