Skip to main content

ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်အတွက် တန်ဖိုးနည်...



ပြည်ပ ဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်အတွက် တန်ဖိုးနည်းဆင်းမ်ကတ် ပြင်ပပေါက်ဈေး ကျပ်သုံးသောင်းဝန်ကျင်အောက် ကျဆင်းလာ



ပြည်ပဆက်သွယ်ရေးကုမ္ပဏီများမှ မိုဘိုင်းဆင်းမ်ကတ်များကို ရောင်းချမည့်အတွက် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများမှ ရောင်းချပေးသည့် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များမှာ လက်ရှိတွင် ပြင်ပပေါက်ဈေး ကျပ်သုံးသောင်း ၀န်းကျင်ခန့်သာ ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။



၁၅၀၀ တန် မိုဘိုင်းဆင်းကတ်များမှာ ယခင်ပြင်ပပေါက်ဈေး တစ်သိန်းနီးပါးအထိရှိခဲ့ပြီး လက်ရှိတွင် ပြင်ပပေါက်ဈေး သုံးသောင်းဝန်းကျင်သာ ရှိပြီး အ၀ယ်ဈေးကွက် မရှိတော့ဘဲ အရောင်းဈေးကွက်သာ ရှိကြောင်း မိုဘိုင်းအရောင်းဆိုင်များနှင့် ဖုန်းပွဲစားများက ပြောကြားသည်။



“အခုဆိုရင် ပြည်ပကုမ္ပဏီတွေက ဆင်းကတ်တွေ ရောင်းတော့မှာဆိုပြီး ၁၅၀၀ ဆင်းကတ်ဈေးနှုန်းတွေ တော်တော်လေး ကျလာတယ်။ ၀ယ်တဲ့သူတွေလည်း မရှိသလောက်ကို နည်းလာတယ်။ အခုဈေးကွက်က အရောင်းဈေးကွက်ပဲ ရှိတော့တယ်။ အ၀ယ်ဈေးကွက် ကတော့ မရှိတော့ဘူး။ ကတ်တွေက လိုချင်ရင် လိုသလောက်ရတယ်။ ဆိုင်တိုင်းမှာ ကတ်တွေ ပုံနေတာပဲ”ဟု လသာမြို့နယ်ရှိ မိုဘိုင်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ်ရောင်းချသည့် ၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ် ၃၅၀၀၀၀ ခွဲတွင် ဂျီအက်စ်အမ်မိုဘိုင်းဆင်းမ်ကတ်များ ပါဝင်ခြင်းမရှိဘဲ CDMA 800MHz ဆင်းမ်ကတ်များကိုသာ အများဆုံးရောင်းချပြီး ယင်းဆင်းမ်ကတ်များကို လိုင်းဆွဲအား မကောင်းသည့်အတွက် သုံးစွဲသူများအနေဖြင့် အဆင်မပြေမှုများရှိကြောင်း သိရသည်။



“ဆင်းမ်ကတ်တွေက အ၀ယ်မရှိတော့ဘူး။ အရောင်းပဲ ရှိတော့တယ်။ ရောင်းရင်လည်း အရင်လိုဈေးကောင်းမှ မရတာ။ ဈေးကောင်းလည်း မပေးကြတော့ဘူး။ အခုဆိုရင် ဟန်းဆက်ဈေးကွက်တောင် အ၀ယ်အေးတယ်။ ပြည်ပကုမ္ပဏီတွေက ဟန်းဆက်တွေပါ ရောင်းမယ်ဆိုတော့ ဟန်းဆက်တွေတောင် မ၀ယ်ကြတော့ဘူး။ သူတို့ကိုပဲ စောင့်နေကြတယ်။ အခုဆိုရင် မိုဘိုင်းဖုန်းအရောင်းဆိုင်တိုင်းမှာလည်း ကြော်ငြာထားတယ်။ သူတို့ဘယ်အချိန်မှာ စရောင်းမှာ ဘယ်လိုပုံစံနဲ ဘယ်လိုအရည်အသွေးကောင်းတယ် ဆိုတာတွေကိုပါ ကြော်ငြာထားတဲ့အတွက် လူတိုင်းက သူတို့ကို စောင့်နေကြတယ်။ ဒါကြောင့် မိုဘိုင်းဈေးကွက် အေးနေတာပါ”ဟု တာမွေမြို့နယ် မိုဘိုင်းအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



Ooredoo ကုမ္ပဏီအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကို လိုင်စင်ရရှိသည့်နေ့မှ စတင်ကာ ခြောက်လအတွင်း ရောင်းချပေးသွားမည်ဖြစ်ပြီး တယ်လီနော်ကုမ္ပဏီအနေဖြင့် လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် ဆင်းမ်ကတ်များကို ရောင်းချပေးသွားမည် ဖြစ်သည်။ ထို့ ပြင် ဟန်းဆက်များကိုပါ ရောင်းချပေးသွားမည်ဖြစ်ပြီး ဟန်းဆက်များ ၀ယ်ယူလျှင် မိုဘိုင်းဆင်းမ်ကတ်များကို အခမဲ့လက်ဆောင် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

from Eleven Media Group's Facebook Wall http://ift.tt/1fLDEeF

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...