Skip to main content

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ပြည်ခိုင်ဖြိုးပ...



၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ပြည်ခိုင်ဖြိုးပါတီနှင့် အတိုက်အခံ NLD ပါတီ အပါအ၀င်နိုင်ငံရေး ပါတီအများစု ၀င်ရောက် ယှဉ်ပြိုင်သွားမည်



၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ပြုလုပ်မည်ဆိုပါက အာဏာရပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ အပါအ၀င် နိုင်ငံရေးပါတီအများစု ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။



လက်ရှိ၌ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လစ်လပ်မဲဆန္ဒနယ် ၂၀ မှ ၃၀ ကြား ရှိနေကြောင်းသိရပြီး အဆိုပါလစ်လပ် မဲဆန္ဒနယ်များတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပရန် နိုင်ငံရေးပါတီများက လိုလားလျက် ရှိနေသည်။



အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက“ပါတီဆိုတာကတော့ ပြည်သူအတွက် အချိန်ပြည့် လုပ်ရတာပဲ။ အချိန်ပြည့် လုပ်ရတယ်ဆိုတာက ရွေးကောက်ပွဲတွေ အများကြီးဖြစ်မှာပဲ။ ရွေးကောက်ပွဲက အနည်းဆုံး ငါးနှစ် တစ်ကြိမ် ရှိမယ်။ ကြားဖြတ်တွေလည်း ရှိနိုင်တယ်။ အဲဒီဟာကို မှန်းပြီး ပြင်ဖို့ဆိုတာထက်စာလို့ရှိရင် ပြည်သူအကျိုးရှိအောင် အမြဲတမ်းလုပ်နေလို့ရှိရင် ပြင်ဆင်ပြီးသား ဖြစ်မှာပေါ့။ ကျွန်တော်ကတော့ ဒီလိုပဲယုံတယ်။ ဒါကတော့(ကိုယ်စားလှယ်လောင်းတွေ) ရွေးရမှာပါ့။ ကျွန်တော်တို့လည်း အခုတော့ မသိသေးဘူးလေ။ ရွေးရမှာပေါ့”ဟု ပြောကြားသည်။



အလားတူ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါက ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းနှင့် တရားဝင်ကြေညာခြင်း မရှိသည့်အတွက် ပြင်ဆင်ထားခြင်း မရှိသေးကြောင်း ပြောကြားသည်။

“ကြားဖြတ်ရွေးကောက်ပွဲ လုပ်မယ်လို့ တရားဝင်ဘာမှ ကြေညာထားတာ မရှိသေးဘူး။ ဥပဒေသဘောအရကတော့ ရွေးကောက်ပွဲကတော့ လစ်လပ်ရင် ကျင်းပရမှာပဲ။ ကျင်းပသင့်တယ် မကျင်းပသင့်ဘူးဆိုတာကတော့ နိုင်ငံရေးအရ စဉ်းစားကြတာပါ”ဟု ပြောကြားသည်။



ကြားဖြတ်ရွေးကောက်ပွဲများတွင် အာဏာရပါတီနှင့် အတိုက်အခံပါတီတို့သာမက အခြားနိုင်ငံရေးပါတီများလည်း ၀င်ရောက်ယှဉ်ပြိုင်သွားရန် ရှိကြောင်း စုံစမ်းသိရသည်။



“ကျွန်တော်တို့အနေနဲ့ကတော့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ၀င်ပြိုင်ဖို့ အဆင်သင့်ရှိပါတယ်။ ၀င်မယ် မ၀င်ဘူးဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။ ၀င်ဖို့နဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ကတော့ အလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်သွားမှာပါ”ဟု အမျိုးသားဒီမိုကရေစီအင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။



ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီက “ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာန ၀န်ကြီးတစ်နေရာက ကျားဖြူက လစ်လပ်တယ်လေ။ နောက်ပြီးတော့ တန့်ယန်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် ဆုံးတယ်။ မိုင်းယောင်းက ကျားဖြူပါတီက လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဆုံးတယ်။ ၀င်ပြိုင်ရမှာပေါ့။ အရင် ကြားဖြတ်ရွေးကောက်ပွဲတုန်းကတောင် အမျိုးသားလွှတ်တော် တစ်နေရာတည်း ၀င်ပြိုင်တယ်။ ဒီတစ်ခေါက်က ပိုတောင် များသေးတယ်လေ။ ပြိုင်မှာပါ”ဟု ပြောကြားသည်။



ထို့အတူ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာအေးမောင်က “ကျွန်တော်တို့ဒေသမှာ ရှိတဲ့မဲဆန္ဒနယ်တွေကိုတော့ ယှဉ်ပြိုင်သွားမှာပါ။ ရခိုင်မှာ ပြည်ထောင်စုလွှတ်တော် နှစ်နေရာနဲ့ ပြည်နယ်လွှတ်တော် တစ်နေရာ လစ်လပ်နေပါတယ်။ ပါတီနှစ်ခု ပေါင်းလိုက်ပြီဆိုတော့ သူ့လူကိုယ်လူ မဟုတ်ဘဲ ပြည်သူချစ်တဲ့သူ၊ ရွေးသင့်ရွေးထိုက်တဲ့သူကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်သွားမှာပါ။ညီလာခံကနေ အမြန်ဆုံး ဆုံးဖြတ်သွားမှာပါ”ဟု ပြောကြားသည်။



၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က လစ်လပ်မဲ ဆန္ဒနယ်များအနက် ၄၅ နေရာတွင် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၄၄ နေရာ ၀င်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ကျန်နေရာနှစ်ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ အနိုင်ရရှိခဲ့သည်။



၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲများ ယခုနှစ်အတွင်း ကျင်းပဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေပြီး ယင်းသို့ သတင်းများ ထွက်ပေါ်နေမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးတင်အေးက လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲကိစ္စနှင့် ပတ်သက်၍ လွှတ်တော်တွင် ဖြေကြားသွားမည်ဖြစ်ကြောင်း သတင်းထောက်များအား ရန်ကုန်မြို့၌ မတ် ၁၃ ရက်က ဖြေကြားခဲ့သည်။



ကျင်းပဖွယ်ရှိသည့် ကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြို စမ်းသပ်သည့် ရွေးကောက်ပွဲဖြစ်ကြောင်း အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ် အနိုင်ရနိုင် မရနိုင်ကို စမ်းသပ်သည့် ပွဲဖြစ်သလို ထိုသို့ အနိုင်ရနိုင် မရနိုင်ကိုလည်း အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သိချင်နေကြောင်း သုံးသပ်မှုများ ရှိသည်။



(၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် NLD ရုံးချုပ်၌ အနိုင်ရမဲစာရင်းကြေညာမှုများကို စောင့်ကြည့်အောင်ပွဲခံနေကြ သူများအား တွေ့ရစဉ် (ဓာတ်ပုံ- မင်းသိန်းနိုင်))





from Eleven Media Group's Facebook Wall http://ift.tt/1fLDHal

Comments

Popular posts from this blog

(ဂရင်ဂျီနာ) ဖြစ်ပွားပါက ကုသနည်းနှင့် ကာကွယ်နည်းများ

ဂရင်ဂျီနာဟာ လိပ်ခေါင်းတစ်မျိုးဖြစ်ပြီး ကာလရှည်ကြာစွာ ဖြစ်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဂရင်ဂျီအနာ ပေါက်ဟာ နီရဲတဲ့ သွေးလိုအရည်ကျတတ်တယ်။ ဆီးသွားတဲ့ အကြောနဲ့ယှဉ်တွဲနေလို့ ဆီးကျန်၊ ဆီးကျဉ်၊ဆီးပူခြင်းတို့ဖြစ်တတ်ပါတယ်။ စအိုပတ်လည်မှာ အဖုအပိမ့်များထွက်လာခြင်း၊ ယားယံခြင်း၊ ရောင်ခြင်း၊ နာကျင်ခြင်း၊ ကိုက်ခဲခြင်း၊ အနာနဲ့ အနာပေါက်လေးများ ထွက်ပေါ်လာရင် ဂရင်ဂျီနာ ဖြစ်လာ ပါတယ်။ ဂရင်ဂျီနာဖြစ်ခဲ့ရင် စအိုနှုတ်ခမ်း ဘေးပတ်လည်၊ ပေါင်၊ တင်ပါး၊ ဆီးခုံဝန်းကျင်မှာ ယားယံခြင်း၊ ရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ခြင်း၊ ဆီးနည်းခြင်းတွေ ဖြစ်တတ်တယ်။ လိင်အင်္ဂါဝန်းကျင် တစ်ဝိုက်မှ တင်ပါးအထိ ဖြစ်တတ်တယ်။ ဝမ်းချုပ်ခြင်း၊ အညောင်းထိုင်လွန်းခြင်း၊ အညှော်နံ့ခံရခြင်း၊ ရေချိုးမမှန်ခြင်း၊ တစ်ကိုယ်ရေ ကျန်းမာရေး မလိုက်စားသူတွေဟာ ဆီးခုံအစပ်မှာ အဖုငယ်များ ထွက်ပေါ်ကာ သွေးရည်ကြည်လို ကျနေတတ်သလို တချို့ကာလရှည်စွာ ပြည်ပုပ်များ ကျနေတတ်ပါတယ်။ ဂရင်ဂျီနာ၊ မြစ်ခြောက်နာက မြစ်စိုနာနဲ့ တွဲပြီး သားနံရေအနည်းငယ် သာကျကာ ချွေးပေါက်ပိတ်ဆို့ပြီး ကျစ်လျစ်မာကျောတဲ့ အမျှင်များနဲ့ ဖွဲ့စည်း ထားတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ တစ်ဆင့်ပြီးတစ်ဆင့် အသားထဲ ထိုးဖေ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

TOP TEN of Miss Universe Myanmar 2014 Finalist

# TOP TEN of Miss Universe Myanmar 2014 Finalist # The 20 finalists of Miss Universe Myanmar 2014 are vying for the crown of Beauty Pageant, which will be held at the National Theater in Yangon on July 26. Here are MC's TOP TEN Selection ,,,, from Myanmar Celebrity: Gossip, News, Video, Photo, Fashion, Entertainment http://ift.tt/1q8GOM3