Skip to main content

ကုန်ပစ္စည်းများကို ကြော်ငြာရာတွင် အနုပညာရှင်များ တာဝန်ယူရန် အတွက် အလုပ်ရုံ ဆွေးနေ...



ကုန်ပစ္စည်းများကို ကြော်ငြာရာတွင် အနုပညာရှင်များ တာဝန်ယူရန် အတွက် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်မည်



ရန်ကုန်၊ မတ် ၁၅



နိုင်ငံတကာတွင် စားသောက်ကုန်နှင့် ပစ္စည်းများကို ကြော်ငြာရာတွင် လုပ်ငန်းရှင်များသာမက ကြော်ငြာသော အနုပညာရှင်များ၊ မော်ဒယ်လ်များပါ တာဝန်ယူရသည့် အတွက် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများကို ဖိတ်ကြား၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခု ပြုလုပ်သွားမည် ဖြစ်ကြောင်း စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်း (မြန်မာနိုင်ငံ) ၏ ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။



“ကြော်ငြာတဲ့ မော်ဒယ်လ်ကပါ ကိုယ်ကြော်ငြာတဲ့ ကုန်ပစ္စည်းကို တာဝန်ယူရမယ်။ နိုင်ငံခြားမှာ တာဝန်ယူကြတယ်။ ဒီမှာ တာဝန်မယူဘူး ဆိုရင် တာဝန်မဲ့ရာ ကျပါတယ်” ဟု ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဆိုသည်။



အစားအစာများသာမက ဖျော်ဖြေရေး၊ ဖက်ရှင်၊ အလှကုန်၊ ဝန်ဆောင်မှု၊ သဘာဝ ပတ်ဝန်းကျင်များ ကိုပါ စားသုံးခြင်းကြောင့် စားသုံးသူ အခွင့်အရေး အတွက် စားသုံးသူ ကာကွယ်ရေး ဥပဒေ ထွက်ရှိလာပါက ကြော်ငြာသူ မော်ဒယ်လ်များကို အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။



အဆိုပါ အနုပညာရှင်များ မိမိ ကြော်ငြာသည့် ကုန်ပစ္စည်းကို တာဝန်ယူရမည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဥက္ကဋ္ဌ ဦးလူမင်းကို The Voice က ဆက်သွယ်ရာ ခေါ်ဆို၍ မရခဲ့ပေ။



စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်း (မြန်မာနိုင်ငံ) သည် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က မှတ်ပုံတင် ရရှိထားပြီး စားသုံးသူ ကာကွယ်ရေး အတွက် ကျောင်းနှင့် ဈေးများတွင် အန္တရာယ်ရှိ အစားအစာများကို လိုက်လံ စစ်ဆေးခြင်းနှင့် စားသုံးသူ ကာကွယ်ရေးနှင့် သက်ဆိုင်သည့် ပညာပေး ဟောပြောပွဲများ လုပ်ဆောင်လျက် ရှိသည့် အဖွဲ့ဖြစ်သည်။



“ကုန်ပစ္စည်းတွေကို ထုတ်လုပ် ဖြန့်ချိတဲ့ နေရာမှာ အရည်အသွေး ပြည့်မီအောင် စစ်ရမယ်။ ခွင့်ပြုချက်ရရင် သုံးသင့်တယ် ကောင်းတယ် ထင်ပြီး အနုပညာရှင်တွေက ကြော်ငြာ ပေးမှာပဲလေ။ ဖြန့်ချိခွင့် တင်သွင်းခွင့် ပေးတဲ့ နေရာတွေကို သတ်သတ်မှတ်မှတ် လုပ်သင့်တယ်” ဟု ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောကြားသည်။



မြန်မာနိုင်ငံတွင် ကုန်ပစ္စည်း အရည်အသွေး ကောင်း မကောင်းကို ဓာတ်ခွဲခန်းတွင် စစ်ဆေး၍ မရနိုင်သည့် အတွက် ယင်းကဲ့သို့ ဖြစ်နေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1m8NpqX

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...